မြန်မာ EBOOK များ

ဒီနေရာလေးမှာတော့ Photo Shop အကြောင်းမြန်မာလိုစာအုပ်များ၊ ကွန်ပြူတာနည်းပညာနှင့်ပတ်သတ်သောမြန်မာ EBOOK များနှင့် အခြားမြန်မာ EBOOK များတင်ပေးထားပါတယ်။

Software, Application များ

ဒီနေရာလေးမှာတော့ တောင်းဆိုထားသမျှနှင့် တွေ့ရှိထားသမျှ Software လေးများကို Serial Number, Key Gen:, Crack File များနှင့်တကွ Full Version ရအောင်တင်ပေးထားပါတယ်။

ကွန်ပြူတာမေးခွန်းများနှင့်အဖြေများ

ဒီနေရာလေးမှာတော့မေးမြန်းထားတဲ့ကွန်ပြူတာမေးခွန်းများကိုမေးခွန်းများနှင့်အဖြေများတွဲလျှက်ဖော်ပြပေးထားပါတယ်။ မေးမြန်းလိုသည်များရှိပါက thantthuraoo@mmcfamily.org သို့မေးလ်ပို့မေးမြန်းနိုင်ပါသည်။အဖြေများကို Website တွင်ဖော်ပြပေးပါမည်။

ရင်ထဲက ကဗျာလေးများ

ဒီကဗျာလေးတွေကတော့ ကျွန်တော့ချစ်သူအတွက်ကိုယ်တိုင်ရေးထားတဲ့ကဗျာလေးတွေဖြစ်ပါတယ်။ ကျွန်တော်တစ်ဦးတည်းမူပိုင်ဖြစ်တာကြောင့် ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါတယ်။

ဟာသလေးများ

ရယ်သောသူအသက်ရှည်၏လို့ စာကတော့ဆိုထားတယ်ဗျ။ ဘ၀အမောတွေပြေပျောက်စေဖို့ ပေါ့ပေါ့ပါးပါးရယ်မောလိုက်ကြရအောင်နော်။

Tuesday, January 31, 2012

Format Factory 2.90 ( Latest Version )


အားလုံးစောင့်မျှော်နေတဲ့ Format Factory 2.90 ပရိသတ်ကြီးရှေ့မှောက်ရောက်ရှိလို့လာပါပြီ။ တမ်းပလိတ်ပျက်တာ သိပ်မပြင်လိုက်ရလို့ကံကောင်းသွားတယ်မှတ်။ ယုတ်မာပတ်စက် စကောလောက်မှစောက်မနက်တဲ့ BTemplate လုပ်ပုံက ပုံတွေကို သူတို့ တင်ထားတဲ့ Hosting ကနေဖျက်ချပစ်တယ်လေ။ အဲ့တော့ ဒီမှာသေရော။ အကုန်လုံး Error Messages တွေတက်လာတယ်။ ကျွန်တော့်အရင် တမ်းပလိတ် Android လေးတုံးကလည်း Slider ပြေးတဲ့၊ Menu Bar အောက်ကကျတဲ့ကောင်လေးတွေလုပ်တဲ့ Java Stript File ကို ဖျက်ချပစ်တယ်လေ။ ဒီမှာ အကုန်လုံးကသေကုန်ရော။ ကဲပါ။ သူများကိုမေတ္တာတွေပို့နေတယ်။ စောစောစီးစီး မကောင်းတော့လည်းမကောင်းပါဘူး။ ကဲကဲ ဒီကောင်လေးကတော့ Format Factory 2.90 ပါ။ အောက်မှာဒေါင်းထားပါ။ Zip File ပါ။ ဒေါင်းဖို့ Hosting သုံးခုကနေတင်ပေးထားပါတယ်။ ဒေါင်းပြီးတော့ Zip File ကိုဖြေချလိုက်။ အောက်မှပေးထားတဲ့အတိုင်း Install လုပ်ဖို့မေးလာလိမ့်မယ်။ အဲဒီမှာ ကိုယ် Install လုပ်မယ့်နေရာလေးရွေးပေးလိုက်။ပြီးရင်တော့ Install ကိုနှိပ်လိုက်ပါ။
ပြီးရင် အောက်မှာပေးထားတဲ့အတိုင်း Install လုပ်လိမ့်မယ်။ ခဏစောင့်ပေးလိုက်။
ပြီးတာနဲ့ အောက်မှာပြထားတဲ့အတိုင်း Tool Bar တွေကိုပါ Install လုပ်ဖို့ပေးလာလိမ့်မယ်။ ဘာမှလုပ်မနေနဲ့။ အကုန်လုံး အမှန်ခြစ်တွေဖြူတ်ခဲ့လိုက်ပါ။ ပြီးရင်တော့ Next ပေါ့။

ပြီးရင်တော့ အောက်မှာပြထားတဲ့အတိုင်း Install လုပ်ပြီးကြောင်းအသိပေးပါလိမ့်မယ်။ ဘာအမှန်ခြစ်မှ မဖြုတ်ဘဲနဲ့ Finish နဲ့သာထွက်ခဲ့ပါ။

Download -- I File, Ziddu, Media Fire

ခဏစောင့်ပေးကြပါနော်။

အားလုံးပဲ ခဏလေးဗျာ။ နော်။ လူမှမအားပါဘူးဆို နေရင်းထိုင်ရင်းရွှေကိုယ်တော် မစ္စတာ တမ်းပလိတ်က ပုံတွေမှာ Error Messages တွေတက်လာလို့ တမ်းပလိတ်ပြောင်းထားရတယ်။ ကုဒ်တွေပါ အစအဆုံးပြန်ပြင်ရမှာ စိတ်တော့အကုန်သားဗျာ။ အဲဒါကြောင့် ခဏလောက်သည်းခံပေးကြပါလို့ အားလုံးကိုတောင်းပန်ပါတယ်။ သိပ်မကြာပါဘူး။ တစ်ရက်နှစ်ရက်ပါပဲ။
အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ။
အားလုံးကိုချစ်တဲ့
သန့်သူရဦး

Monday, January 30, 2012

GOM Player


ဒီကောင်လေးကတော့ GOM Player လေးပါ။ ကွန်ပြူတာတိုင်းဆောင်ထားသင့်ပါတယ်။ အောက်မှာယူလိုက်ပါ။ ခုတလောမှာ ပို့စ်တင်တာတွေနှေးနေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းသိပါတယ်။ ဘာလို့လည်းဆိုတော့ တစ်နေ့က မန္တလေးက ထိုက်ကြော်ငြာလုပ်ငန်းက ကွန်ပြူတာ ၀င်းဒိုးတင်ပေးရပါတယ်။ အဲ့မှာ ၀င်းဒိုးတင်ရင်းက DATA Backup လုပ်တာများပြီး ဟက်ဒစ် လစ်ရော။ အဲဒါနဲ့ကျွန်တော်လည်း DATA တွေပြန်ယူဖို့လုပ်နေရတာနဲ့ ဆိုဒ်ဘက်ကိုမလှည့်နိုင်သေးတာပါ။ ခုလည်းမရသေးပါဘူး။ ဟက်ဒစ်က လစ်တာတော့လစ်သွားပြီ။ မတတ်နိုင်ဘူးလေ။ မန္တလေးတစ်မြို့လုံးက မဂ္ဂဇင်းတိုက်တွေက ပို့သမျှ ပုံတွေ။ DATA တွေဆိုတော့ တော်တော်များတာ။ အဲ့တော့ လောလောဆယ်တော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ Memory Stick တစ်ချောင်းဝယ်လုပ်နေရတယ်။ လေကြောရှည်သလိုဖြစ်နေပြီထင်တယ်။ ကဲကဲ အောက်မှာ ဒေါင်းလိုက်ကြပါနော်။ နောက် ကောင်းကင်ဆိုတဲ့ညီလေး ဘယ်စာအုပ်တွေဒေါင်းမရတာလဲပြောပါ။ ကို ပြန်တင်ပေးမယ်ညီ။
အဆင်ပြေကြပါစေဗျာ။
အားလုံးကိုချစ်တဲ့
သန့်သူရဦး
DOWNLOAD -- Ifile, Ziddu, Media Fire

Monday, January 23, 2012

Format Factory 2.70


ဒီကောင်လေးကတော့ Format Factory 2.70 ပါ။ တင်ပေးချင်နေတာကြာပါပြီ။ ကွန်နက်ရှင်ကအခြေအနေမပေးလို့ပါ။ ခုတော့ Media Fire ကနေတင်တာရသွားပါပြီ။ အောက်မှာဒေါင်းပါ။ နောက်ထပ် ဒေါင်းလော့လင့်ခ်တွေကို ဒီပို့စ်မှာပဲထပ်ဖြည့်ပေးသွားပါမယ်။ လတ်တလော Media Fire ကနေဒေါင်းကြည့်ပါ။ အဆင်မပြေရင်ခဏစောင့်ပါ။ နောက်ထပ် တခြား Hosting တွေကနေထပ်တင်ပေးပါမယ်။
Download :: Media Fire

Mandalay General Hospital ( MGH ) သို့ကျေးဇူးတင်လွှာ။

သူငယ်ချင်းများအားလုံး မင်္ဂလာပါ။ ကျွန်တော့်အဘိုး 21.1.1012 ကဆေး၈ုံဆင်းရပါပြီ။ နေ့လည်ပိုင်းဆင်းရပါတယ်။ ဆေး၈ုံတက်ရတာ တစ်လ ကြာပါတယ်။ ကျွန်တော့်အဘိုးဆေး၈ုံတက်နေစဉ် တစ်လအတွင်း ကိုယ်ဖိ၊ ရင်ဖိ ပြုစုပေးခဲ့ကြတဲ့ Mandalay General Hospital   ( MGH ) ဖျားနာကုသဆောင် (၁) မှဆေး၈ုံအုပ်ကြီး၊ ဆရာဝန်ကြီး၊ ဆရာဝန်မကြီးများ၊ House ဆင်းနေကြရင်းနဲ့ ကုသပေးသွားကြတဲ့ မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်လေး၊ ဆရာဝန်မလေးများ၊ သူနာပြုများ အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။
ဖြစ်စကတော့ ပထမဆုံးဆေးခန်းတစ်ခုမှာတင်ဖို့ ဆုံးဖြတ်ပြီး အဲဒီဆေးခန်းကိုဆက်သွယ်ပါတယ်။ အဲဒီဆေးခန်းကပြချင်တဲ့ဆရာဝန်မကြီးက ညနေ ( ၈ ) နာရီလောက်မှရောက်မယ်လို့ပြောပါတယ်။ ဒါနဲ့ ကျွန်တော်တို့လည်းဆေး၈ုံကြီး ကိုပြေးကြတာပေါ့။ နောက်တော့မှ (၂၄) နာရီအတက်ပြပြီး ဆေးခန်းကိုပြောင်းမယ်ပေါ့လေ။ ဒါပေမယ့် ဟိုလည်းရောက်ရော ကျွန်တော်တို့ထင်ထားသလို မန္တလေးပြည်သူ့ဆေး၈ုံကြီးဟာ တကယ့် နာမည်နဲ့လိုက်အောင်ကိုပဲ ပြည်သူတွေအတွက် အထူးဂရုစိုက်ကြတာကိုတွေ့ရပါတယ်။ ကျွန်တော်အရမ်းကိုပဲ လေးစားပြီး ကျေးဇူးတင်မိပါတယ်။ အားလုံးကိုလည်း ဒီပို့စ်လေးနဲ့အတူ ဂုဏ်ပြုအပ်ပါတယ်။
မြန်မာ့ဆေးလောက တိုးတက်ပါစေ။

Sunday, January 22, 2012

Kasper Sky Keys များရယူနိုင်ပါပြီ။

ကိုကင်းကောင် အဲလေ ကိုကောင်းကင်တောင်းထားလို့တင်ပေးလိုက်ပါပြီ။ အရင်ကလည်းတင်ပေးဖို့အစီအစဉ်ရှိပေမယ့် kasper Sky Key တွေရနိုင်မယ့် မူရင်းဆိုဒ်ရှာမတွေ့သေးလို့ မတင်ပေးသေးတာပါ။ ခုတော့ရှာတွေ့လို့တင်ပေးလိုက်ပါပြီ။ နောက်ပိုင်းကျရင် ကီးတွေကိုအမြဲတမ်း Update ဖြစ်အောင်တင်ပေးပါတော့မယ်။ အဲ့တော့အဆင်ပြေရာ Hosting ကနေဒေါင်းကြပါ။ Kasper Sky Key ထည့်နည်းမသိလျှင် ဒီမှာ ဖတ်ပါ။

Wednesday, January 18, 2012

Windows XP, 7 Installation Guide မြန်မာလို

မြန်မာချစ်သူမိသားစုက ကိုရောင်နီလင်းတောင်းထားတဲ့ Windows XP, 7 Installation Guide မြန်မာလိုပါ။ အရင်က Windows XP သီးသန့်တင်ပေးဖူးပါတယ်။ ဒီကောင်လေးမှာတော့ Windows XP ရော 7 ရောပါပါတယ်။ တစ်အုပ်တည်းပါ။ မြန်မာ တက်ကနစ်ရှင်ဖိုရမ် ကနေ မ လာတာပါ။ ဒီပို့စ်ကနေစပြီး ဒေါင်းလုပ်လင့် နှစ်ခုထည့်ပေးထားပါတယ်။ အဆင်ပြေတဲ့ Hosting ကနေသာ ဒေါင်းလိုက်ကြပါ။ နောက်ထပ် နောက်ထပ်လည်း ထပ်ထပ်တိုးပေးသွားပါမယ်။အောက်မှာ ယူလိုက်ပါ။
Download - Ifile, Ziddu

Thursday, January 12, 2012

Download မရသူများ ခဏသည်းခံပေးပါ။

C Box မှာပထမဆုံး ညီလေး A ရာမင်း ကရေးသွားတယ်။ သူရေးတုံးက ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော်နားမလည်ဘူးဖြစ်နေလို့ ပြန်မေးထားတယ်။ ခုနောက်ပိုင်းကျမှ ကျွန်တော်သဘောပေါက်ပါတယ်။ ကျွန်တော်တို့ ifile.it ကသူ့ဆိုဒ်မှာအကောင့်မရှိရင် တစ်ခုခု ဒေါင်းဖို့ဆိုရင် သူပေးထားတဲ့စာကိုရိုက်ပေးရပါတယ်။ သူ့ဆိုဒ်မှာအကောင့်ရှိထားရင်တော့ စာရိုက်ပေးစရာမလိုပါဘူး။ ခုတလောမှာ ifile.it ကြီးချောင်းဆိုးနေပါတယ်။ ပြောတော့လည်း မပြောသာပါဘူး။ သူ့ခမျာ ကိုယ့်ပိုက်ဆံကိုယ်ထုတ်ပြီး Free Hosting ပေးနေရတာ ကျွန်တော်တို့တင်ရတဲ့သူတွေကလည်း အားတော့အနာသားဗျ။ ဒါပေမယ့်လည်း မြန်မာပြည်မှာ အဆင်အပြေဆုံးက ifile.it ဖြစ်နေတော့ ဒီကနေပဲ တင်ပေးနေတာ။ နောက်တော့ ကျွန်တော်တခြား Hosting တွေကနေ Download Link တွေထပ်ဖြည့်ပေးပါဦးမယ်။ Zshare, Mediafire, Filesonic တွေကနေထပ်တင်ပေးပြီး Download Link ထပ်ဖြည့်ပေးပါမယ်။ လောလောဆယ်တော့ သည်းခံပြီးသာ ဒေါင်းလိုက်ကြပါဦး။ ကျွန်တော်လဲ သိပ်အချိန်မရသေးလို့ပါ။ တစ်ခါမရရင် နှစ်ခါ ပြန်လုပ်ကြည့်ပါ။ ရလာပါလိမ့်မယ်။ ကျွန်တော်လည်း တစ်ခုခုဒေါင်းချင်ရင် နှစ်ခါလောက်ပြန်ဒေါင်းရပါတယ်။ အဆင်ပြေကြပါစေဗျာ။

Crumped Paper


ဒီကောင်လေးကတော့ စာရွက်ဟောင်းလေး လုပ်တာပါ။ မိုက်တယ်နော့်။ နမူနာပုံနဲ့စာအုပ် ဒီမှာ ယူပါ။ ကဲ။ စုစည်းထားသမျှ Photo Shop စာအုပ်လေးတွေတော့ ကုန်ပြီ။ နောက်မှထပ်ရှာပေးမယ်နော်။ ခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ကြပါဦး။ ဒါပြီးရင် Software တွေဘက်တစ်လှည့်ပေးရဦးမယ်။ စောင့်မျှော်၈ှုစားလိုက်ကြပါဦးနော့်။

Line In Photo


ဒီကောင်လေးကတော့ ပုံမှာပြထားတဲ့အတိုင်းပဲ။ ဓာတ်ပုံကို ပြောင်းတာပဲ။ ဘာကနေ ဘာကိုပြောင်းလဲတော့မပြောတတ်ဘူး။ မိုက်တာတော့မိုက်တယ်။ နမူနာပုံနဲ့စာအုပ်တင်ပေးထားပါတယ်။ ဒီမှာ ယူပါ။

Sign Boat


ဒီကောင်လေးကတော့ Sign Boat ပုံလေးလုပ်တာပါ။ နမူနာပုံနဲ့ စာအုပ် ဒီမှာ ယူပါ။

Wednesday, January 11, 2012

Warped Mist


ဒီကောင်လေးကတော့ စပရေးဖြန်းတဲ့ဘူးလေးထဲကနေ ရေမှုန်လေးတွေထွက်လာအောင်လုပ်တာပါ။ အတော်မိုက်တယ်။ နမူနာပုံ၊ စပရေးဘူးပုံနဲ့ စာအုပ် ဒီမှာ ယူပါ။

Small Nose Style


Small Nose Style ဆိုတော့ နှာခေါင်းကြီးတဲ့ပုံကို သေးအောင်လုပ်တာပေါ့။ ရုပ်ရှင်မင်းသား ဦးကျော်ထူးအတွက် အဆင်ပြေမယ်ထင်တယ်။ သူလည်း လိုချင်ရင် လိုချင်နေမှာ သိရင်လက်တို့လိုက်ကြဦးနော့။ နမူနာပုံနဲ့ စာအုပ် ဒီမှာ ယူပါ။

Text Wrap


ပုံကတော့ အဲ့ပြထားတဲ့ပုံပဲ။ Project တွေပါထည့်ပေးထားတယ်။ ဒီမှာ ဒေါင်းပါ။

Caramel Text


ဘာပုံလဲတော့မသိဘူး။ ကြည့်ရတာတော့မိုက်တယ်။ နောက်ခံ Background Image ရယ်၊ နမူနာပုံရယ်၊ စာအုပ်ရယ်တင်ပေးထားပါတယ်။ ဒီမှာ ယူပါ။

Break Glass Text


တင်လိုက်ရတာဗျာ။ ပြန်ပြုတ်ကျနေလို့ ပြန်တင်နေရတာ 10 ခါလောက်ရှိတယ်။ တင်ရတာတော့တန်ပါတယ်။ စာလုံးလေးတွေက
အတော်လှတယ်။ အရောင်တောက်တောက်နဲ့ ချစ်စရာလေး။ နမူနာပုံနဲ့ စာအုပ်တင်ပေးထားပါတယ်။ ဒီမှာ ယူပါ။

Old Map


ကွန်နက်ရှင်အခြေအနေကတော့ တော်တော်ဆိုးဗျာ။ 1 MB မရှိတဲ့ကောင်လေးတင်နေတာကို 10 မီးနစ်လောက်တောင် ကြာတယ်။ ဒီကောင်လေးကတော့ မြေပုံဟောင်းလေးလုပ်တာပါ။ နမူနာပုံနဲ့၊ မြေပုံနဲ့၊ စာအုပ်ကို ဒီမှာ ဒေါင်းပါ။

Letters In Universe


Photo Shop ဖက်မလှည့်ဖြစ်တာ အတော်ကြာသွားပြီနော်။ ဒီနေ့တော့ Photo Shop Ebook လေးတွေတင်ပေးမယ်။ ကွန်ကတော့သိပ်မကောင်းချင်ဘူး။ ဒါပေမယ့်ဖြစ်အောင်တင်ပေးလိုက်ပါတယ်။ Software တွေတင်ပေးဖို့ရှိပေမယ့် ကွန်နက်ရှင်အခြေအနေရယ်၊ မအားတာရယ်ကြောင့်ခဏတော့စောင့်ပေးပါဦးနော်။ ပို့စ်တစ်ခုကို ပစ်စလတ်ခတ်တင်တတ်တဲ့အကျင့် မရှိတာကြောင့် ခဏလောက်သည်းခံပေးပါနော်။ ဒီကောင်လေးကတော့ စကြာင်္ဝဠာထဲက စာလုံးလေးတွေပြုလုပ်တာပါ။ စမ်းကြည့်လိုက်ကြပါဦးနော်။ ဒေါင်းဖို့က ဒီမှာ ပါ။ နောက်ပိုင်းကျရင် ကျွန်တော် ဒေါင်းလော့ခ် လင့်ခ်တွေထပ်ဖြည့်ပေးပါမယ်။ ခုကတော့ မအားသေးလို့ပါ။

Wednesday, January 4, 2012

Sonic Bat Virus Creator

ဒီကောင်လေးကတော့ Batch File Virus Creator လေးပါ။ ဒီကောင်လုပ်တာ ကျွန်တော့် Lap Top တစ်စစီကိုဖြစ်ရောပဲ။ ဘယ်လိုဖြစ်သွားလဲဆိုတော့ ပထမဒီကောင်လေးကိုရေးလိုက်တယ်။ပြီးတော့ Kasper Sky နဲ့စစ်တာ ထွက်မလာတာနဲ့ ဟုတ်ပါ့မလားဆိုပြီး ကောက် Run လိုက်တာ Windows ပြုတ်ကျသွားရော။ ဒါနဲ့ Windows ပြန်တင်တာ တင်မရလို့ HDD ဖြုတ်တာ Monitor ကြိုးပြတ်သွားရော။ ဆိုင်သွားမေးတော့ အသစ်လဲရင်ရတယ်တဲ့။ ၄၀၀၀၀ လောက်ကျမယ်လို့ပြောတယ်။ အေးရော။ အဲ့တော့ တစ်ခုကြိုပြောချင်တာက သူများကိုဒုက္ခပေးဖို့တော့မကြံစည်ကြပါနဲ့။ သူများကို တစ်ခုခုလုပ်တော့မယ်ဆိုရင် ခံရမယ့်သူနေရာမှာ ကိုယ့်ညီ၊ ညီမလေးတွေကို မြင်ယောင်ကြည့်ပြီး ကိုယ်ချင်းစာတတ်ပါစေနော်။ ဒေါင်းဖို့က ဒီမှာ ပါ။

C Box ပြောင်းရခြင်းအကြောင်း။

ကျွန်တော် အင်တာနက်ဆိုင်မရောက်တာ အတော်ကြာသွားပြီ။ ဆိုဒ်ကိုလဲ လှည့်မကြည့်နိုင်ဘူးဗျာ။ အဘိုးက ဆေး၈ုံမှာ မဆင်းရသေးပါဘူး။ နောက်ထပ် နှစ်ပတ်လောက်နေရဦးမယ်ပြောတယ်။ ကျွန်တော့်မှာ မနက်ဆို ၆း၃၀ ဆိုကျောင်းသွားရပြီ။ ၁း၃၀ လောက် ကျောင်းကပြန်လာတော့လည်း ဆေး၈ုံတန်းသွားပြီး ညစောင့်ရတယ်။ နောက်တစ်နေ့ မနက် ၅း၀၀ နာရီလောက်ထပြီး အိမ်ပြန်ရတယ်။ လူကတော့ လူ၈ုပ်ကိုမပေါ်တော့ဘူး။ အတော်ပင်ပန်းပါတယ်။ ဖြစ်တာက အအေးမိပြီးလေဖြတ်ချင်သလိုဖြစ်သွားတာ။ ဂရုစိုက်နေရက်နဲ့ကိုပဲ ဖြစ်သွားတာပါ။ သူငယ်ချင်းတို့လဲ ကျန်းမာရေးဂရုစိုက်ကြဦးနော်။ တစ်ခုခုဖြစ်သွားရင်မလွယ်ဘူး။ ဆေး၈ုံမှာလေ ဆယ်ကျော်သက် လူငယ်တွေ လေဖြတ်ပြီးရောက်လာတာ အများကြီးပဲဗျ။ ငယ်ပါသေးတယ်ဆိုပြီးတော့ ပေါ့လျှော့မနေကြနဲ့နော်။ သတိပေးတာပါ။ ခုပြောချင်တာက C Box ပြောင်းလိုက်ရတဲ့အကြောင်းလေး။ ဘယ်လိုဖြစ်လို့ပြောင်းလိုက်ရလဲဆိုတော့ အရင်က ကျွန်တော် shout Mix သုံးတယ်။ ဒီကောင်က အစကတော့ Free Free နဲ့အော်နေတာ မျက်နှာကို တံတွေးစင်လောက်တယ်။ နောက်ပိုင်း Feature လေးတွေကြိုက်လို့ လူသုံးလဲများလာရော Premium Account (ပိုက်ဆံပေးရမယ့် အကောင့်) လုပ်ခိုင်းရော။ ဒါနဲ့ ကျွန်တော်လဲ မပြောင်းမဖြစ်လို့ပြောင်းလိုက်ရတော့တယ်။ အစက Chat Roll သုံးထားပေမယ့်ဒီကောင်က ရေးမယ့်သူဆီမှာ ကိုယ်ပိုင် Chat Roll အကောင့်တစ်ခုရှိမှ ရေးလို့ရမယ်ဆိုတော့ အဆင်ကသိပ်မပြေချင်ဘူး။ ဒါနဲ့ခုတော့ C Box ကိုထပ်ပြောင်းပေးလိုက်ပါတယ်။ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ ခုတော့ ခဏသည်းခံပေးကြပါဦးနော်။ နောက်ပိုင်းကျရင် Software တွေအစုလိုက်အပြုံလိုက်တင်ပေးမယ်နော်။ စိတ်ချ။ စုထားတာအများကြီးရှိနေပြီ။ လောလောဆယ်တော့ အလုပ်များနေတာရယ်၊ အသည်းကွဲနေတာရယ်ကြောင့်ဘာမှမတင်ပေးနိုင်သေးဘူးနော့်။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ။
ဆန္ဒများစွာဖြင့်
သန့်သူရဦး

Sunday, January 1, 2012

HTML အကြောင်းတွေသင်ပေးနေပြီနော်။


ဒီနေ့တော့ HTML. CSS, Java, SQL အပြင်တခြားသော ကုဒ်တွေအကြောင်းကို အခြေခံကစလို့ စနစ်တကျသင်ပေးတဲ့ဆိုဒ်လေးတစ်ခုကို လမ်းညွှန်ချင်ပါတယ်။ အခြေခံကို နားလည်ပြီးသားသူများကတော့ ကျော်ဖတ်သွားလိုက်ကြဗျာ။ ဆိုဒ်တစ်ခုကို ထိန်းချုပ်နည်းကအစ ပါတယ်။ ဒီဆိုဒ်လေးကို သွားကြည့်လိုက်ပါဦးနော်။ ဆိုဒ်ကိုဝင်လိုက်တာနဲ့ Register လုပ်ရပါမယ်။ အဲဒီအတွက်ကတော့ Google Account သို့မဟုတ် Facebook Account တစ်ခုခုရှိဖို့တော့ လိုပါတယ်။ သွားကြည့်လိုက်ကြပါဦးနော်။