မြန်မာ EBOOK များ

ဒီနေရာလေးမှာတော့ Photo Shop အကြောင်းမြန်မာလိုစာအုပ်များ၊ ကွန်ပြူတာနည်းပညာနှင့်ပတ်သတ်သောမြန်မာ EBOOK များနှင့် အခြားမြန်မာ EBOOK များတင်ပေးထားပါတယ်။

Software, Application များ

ဒီနေရာလေးမှာတော့ တောင်းဆိုထားသမျှနှင့် တွေ့ရှိထားသမျှ Software လေးများကို Serial Number, Key Gen:, Crack File များနှင့်တကွ Full Version ရအောင်တင်ပေးထားပါတယ်။

ကွန်ပြူတာမေးခွန်းများနှင့်အဖြေများ

ဒီနေရာလေးမှာတော့မေးမြန်းထားတဲ့ကွန်ပြူတာမေးခွန်းများကိုမေးခွန်းများနှင့်အဖြေများတွဲလျှက်ဖော်ပြပေးထားပါတယ်။ မေးမြန်းလိုသည်များရှိပါက thantthuraoo@mmcfamily.org သို့မေးလ်ပို့မေးမြန်းနိုင်ပါသည်။အဖြေများကို Website တွင်ဖော်ပြပေးပါမည်။

ရင်ထဲက ကဗျာလေးများ

ဒီကဗျာလေးတွေကတော့ ကျွန်တော့ချစ်သူအတွက်ကိုယ်တိုင်ရေးထားတဲ့ကဗျာလေးတွေဖြစ်ပါတယ်။ ကျွန်တော်တစ်ဦးတည်းမူပိုင်ဖြစ်တာကြောင့် ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါတယ်။

ဟာသလေးများ

ရယ်သောသူအသက်ရှည်၏လို့ စာကတော့ဆိုထားတယ်ဗျ။ ဘ၀အမောတွေပြေပျောက်စေဖို့ ပေါ့ပေါ့ပါးပါးရယ်မောလိုက်ကြရအောင်နော်။

Thursday, November 24, 2011

Virtual DJ လိုချင်သူများအတွက်။

ဒီကောင်လေးကတော့ Virtual DJ ပါ။ ဘယ်လိုသုံးရလဲတော့ ကျွန်တော်လည်း မသိပါဘူး။ တောင်းလို့တင်ပေးလိုက်တာပါ။ လိုချင်ရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ။ Install မလုပ်တတ်ရင်ပြောပါ။ နောက်တော့မှ ကျွန်တော် ပြန်တင်ပေးပါမယ်။ လောလောဆယ်တော့ တင်ရမယ့် ပို့စ်တွေနဲ့ ဖြေပေးရမယ့် မေးခွန်း အကြွေးတွေ တော်တော်များနေလို့ ခဏတော့ သည်းခံပေးပါ။

C++ Programming မြန်မာလို

ဒီကောင်လေးကတော့ C++ Programming စာအုပ်လေးပါ။ အထဲမှာ စာအုပ် သုံးအုပ် ပါပါတယ်။ ကျွန်တော်ကတော့ ဖတ်ပြီး ခေါင်းတွေမူးသွားလို့ ဆက်မဖတ်နိုင်တော့ဘူး။ အခြေခံကစ လေ့လာရင် ပိုကောင်းမယ်ထင်ပါတယ်။ နောက်တော့မှ C ရှာပြီး ထပ်တင်ပေးပါဦးမယ်။ လိုချင်င်တော့ ဒီမှာ ဒေါင်းလိုက်ပါ။

Thursday, November 17, 2011

ကိုဖိုးအေး မေးထားတဲ့ Media Fire Upload တင်နည်း။

phoaye.121@gmail.com :: အစ်ကိုရေ mediafire ကနေupload တင်နည်းလေးပြောပြပါလားအစ်ကို။

ကိုဖိုးအေး မေးထားတဲ့ Media Fire Upload တင်နည်းပါ။ပထမဆုံး http://www.mediafire.com ကိုသွားပါ။ပြီးတော့ အကောင့်တစ်ခုကို Sign Up မှာနှိပ်ပြီးအကောင့်ဖွင့်ပါ။ အကောင့်မဖွင့်ပဲလဲ တင်လို့ရပါတယ်။ ဒါပေမယ့် အကောင့်ဖွင့်ထားတော့ ကိုတင်ထားတဲ့ဟာလေးတွေကို လိုချင်တဲ့အချိန်မှာ တိတိကျကျရှာနိုင်တာပေါ့။ပြီးတော့လည်း ဘယ်ကောင်တွေလင့်ခ်သေနေပြီလဲ ဆိုတာတို့ကို ပြန်ကြည့်နိုင်တာပေါ့။ပြီးတော့ ကိုယ်တင်ထားခဲ့တဲ့ ကောင်လေးတွေကို ရှယ်ယာလုပ်ဖို့လင့်ခ်ကိုလည်း ခဏခဏ အလွယ်တကူပြန်ရှာနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင်အကောင့်လေးရှိထားတော့ ပိုကောင်းတာပေါ့ဗျာ။ အောက်မှာကြည့်ပါ။
အကောင့်ဖွင့်နည်းလေးပြောပြပါ့မယ်။ Sign up ကိုနှိပ်လိုက်ရင် ကိုယ်လိုချင်တဲ့အကောင့်အမျိုးအစားကို ရွေးပေးရပါမယ်။ အကောင့်အမျိုးအစားဆိုတာကတော့ Free Account လား၊ Premium Account(ပိုက်ဆံပေးမယ့်) အကောင့်လားဆိုတာကို ရွေးရပါမယ်။ ကျွန်တော်တို့ကတော့ ထုံးစံအတိုင်း Free ကိုပဲရွေးပေးလိုက်ပါ။ ဘာလို့လဲဆိုတော့ ကိုယ်ပိုက်ဆံသွင်းချင်ရင်တောင်မှ ခေတ်မှီတိုးတက်နေတဲ့နိုင်ငံတော်ကြီးမှာ နေနေရတာဆိုတော့ တော်ရုံတန်ရုံ သွင်းလို့မလွယ်ပါဘူး။အဲ့တော့ အောက်မှာပြထားတဲ့ပုံအတိုင်း ထိပ်ဆုံးက Free ဆိုတာလေးအောက်က Try It ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။
အဲဒါဆိုရင်တော့ နောက်ထပ် ကို့အကောင့်အင်ဖော်မေးရှင်းဖြည့်ရပါမယ်။ အောက်မှာပုံနဲ့ပြထားပါတယ်။ အဲ့အတိုင်းဖြည့်ပေးလိုက်ပါ။ အဲ့အတိုင်းဆိုတာက ကျွန်တော်ရေးပေးထားတဲ့အတိုင်း မဟုတ်ပါဘူး။ ကိုယ့်နာမည်၊ ကိုယ့်အကောင့်နဲ့ကိုယ် ဖြည့်ရမှာပါ။ ကြိုပြောရတာ တော်ကြာဥာဏ်ကြီးရှင် ကိုကို မမများက ကျွန်တော်ဖြည့်ထားတဲ့အတိုင်းလိုက်ဖြည့်နေမှာစိုးလို့။ပြီးရင်တော့ Create And Continue ကိုနှိပ်ပေးလိုက်ပါ။
ပြီးရင်တော့သူက ကိုယ့်ကို တင်နည်းလေး ပြောပြပါလိမ့်မယ်။ ခုချက်ချင်းတင်တော့မယ်ဆိုရင်လည်း Upload ကိုနှိပ်ပေါ့။ နောက်မှတင်မယ်ဆိုရင်လည်း Cancel ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။
ဒါဆိုရင်တော့ အကောင့်လုပ်တာ ပြီးပါပြီ။ အဲ့တော့ စတင်ကြည့်လိုက်ကြရအောင်ဗျာ။ အောက်မှာပြထားတဲ့အတိုင်း စာမျက်နှာဘေးက ထိပ်နားမှာ Upload ဆိုတာလေးပါပါတယ်။ အဲဒါလေးကိုနှိပ်လိုက်ပါ။ အောက်မှာကြည့်ပါ။
ဒါဆိုရင်တော့ စတင်ပြီး တင်လို့ရပါပြီ။ အောက်မှာပြထားတဲ့အတိုင်းပုံလေးတက်လာပါမယ်။ ကိုယ်တင်ချင်တဲ့ဖိုင်ကို Drag ဆွဲပြီးချလိုက်နိုင်သလို အလယ်ခေါင်က + ကိုနှိပ်ပြီးတော့လည်းရွေးနိုင်ပါတယ်။ အောက်မှာကြည့်ပါ။
တစ်ကြိမ်တည်းမှာ တစ်ခုထက်ပိုတင်ချင်လည်းဖြစ်ပါတယ်။ တစ်ခုပြီးတစ်ခုဖွင့်သွားပေါ့။ အောက်မှာကြည့်ပါ။
မှားသွားတယ်ဆိုရင်တော့ ကိုယ်တင်ဖို့စုစည်းလိုက်တဲ့ကောင်လေးတွေဘေးမှာ Delete အိုက်ကွန်လေးဖြစ်တဲ့ အမှိုက်ပုံးပုံလေးပါပါတယ်။ နှိပ်ပြီးတော့ ပြန်ဖျက်နိုင်ပါတယ်။အောက်မှာကြည့်ပါ။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ အောက်မှာပါတဲ့ Begin Upload ကိုနှိပ်ပြီးတင်နိုင်ပါပြီ။
ဒါဆိုရင်တော့ Media Fire ကနေစတင်ပြီးတော့ တင်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။ ကျွန်တော်ကတော့ ပုံတစ်ပုံကိုပဲံ မြန်အောင်တင်ပြလိုက်ပါတယ်။ တခြားကောင်တွေလည်း ကိုယ့်စိတ်ကြိုက်တင်နိုင်ပါတယ်။
တင်ပြီးရင်တော့ Return To My Files ကိုနှိပ်လိုက်ပါ။အောက်မှာကြည့်ပါ။
အဲ့နေရာမှာ ကိုယ့်ဖိုင်ရဲ့ လင့်ခ်ကိုယူဖို့အတွက် ကိုယ်ပေးချင်တဲ့ကောင်လေးဘေးမှာ Share ဆိုပြီးတော့ လူပုံလေးနဲ့ ပါပါတယ်။ အဲဒါလေးကိုနှိပ်လိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်း လင့်ခ်လေးကျလာပါမယ်။ အဲ့လင့်ခ်လေးကို ကူးပြီးတော့ ရှယ်ယာ လုပ်နိုင်ပါတယ်။
ဒါဆိုရင်တော့ Media Fire ကနေ Upload တင်နည်းကို သိလောက်ပြီလို့ထင်ပါတယ်။ အဆင်ပြေပါစေ ညီလေးရေ။

Galary Utilities

ဒီကောင်လေးကတော့ Glary Utilities ဖြစ်ပါတယ်။ သုံးရတာ တော်တော်လွယ်ပါတယ်။ လွယ်သလောက်လည်း ကောင်းပါတယ်။ စပြီးတော့ Install လုပ်လိုက်ကြရအောင်ဗျာ။ ပထမဆုံး Glary Utilities Setup ကို ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ Glary Utilities Setup ကိုဖွင့်ပြီး Run လိုက်ပါ။ စစချင်း အသုံးပြုမယ့် ဘာသာစကား ကိုရွေးချယ်ပေးရပါမယ်။ English ကိုပဲရွေးပေးပြီးတော့ Ok ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ Welcome Box ကျလာပါမယ်။ Next ကိုပဲနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ လိုင်စင် သဘောတူညီမှု တောင်းပါလိမ့်မယ်။ ကိုယ်ဟာကိုယ် သဘောတူချင်ချင်၊ မတူချင်ချင် တူချင်ယောင်ဆောင်ပေးလိုက်ပြီးတော့ I Accept The Agreement ဘေးမှာနှိပ်ပေးလိုက်ပါ။ အဲ့လိုနှိပ်မှလည်း Next ကိုနှိပ်ပြီး နောက်တစ်ဆင့်သွားလို့ရမှာကိုးဗျ။ ပြီးရင်တော့ Next ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ နောက်ထပ် ဒီကောင်လေး Install လုပ်မယ့်နေရာရွေးပေးရပါမယ်။ ကျွန်တော်ကတော့ C/Program Files မှာပဲလုပ်ပါတော့မယ်။သူက ရွေးပေးပြီးသားပါ။ မကြိုက်ရင်လည်း ကိုယ့်စိတ်ကြိုက်နေရာကို ဘေးက Browse ကိုနှိပ်ပြီးတော့ ရွေးနိုင်ပါတယ်။ ပြီးရင်တော့ Next ပေါ့။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ နောက်ထပ် Start Menu Folder မှာပေးမယ့် နာမည်ကိုရွေးပေးရပါမယ်။ ကျွန်တော်ကတော့ သူပေးထားတဲ့အတိုင်း Glary Utilities လို့ပဲပေးလိုက်ပါမယ်။ မကြိုက်ရင်တော့ ကိုယ်ဟာကိုယ် ပြန်ပြောင်းလိုက်ပေါ့ဗျာ။ ပြီးရင်တော့ ထုံးစံအတိုင်း Next ပေါ့။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ Desktop Icon လုပ်ဦးမလား၊ Quick Launch Icon လုပ်ဦးမလား ဆိုပြီး မေးပါမယ်။ လုပ်ချင်တဲ့စာကြောင်းဘေးမှာ အမှန်ခြစ်ခဲ့ပြီးတော့ မလုပ်ချင်တဲ့စာကြောင်းဘေးက အမှန်ခြစ်လေးကို ဖြုတ်ခဲ့လိုက်ပါ။ ပြီးရင်တော့ Next ပေါ့။ အောက်မှာကြည့်ပါ။


ဒါဆိုရင်တော့ Ready To Install ဆိုပြီးတော့ စောစောက လုပ်ခဲ့တဲ့ အချက်အလက်တွေကို ဖော်ပြပေးပါလိမ့်မယ်။ စိတ်ကြိုက်မဖြစ်တာတွေ့ရင်တော့ Back ကနေသွားပြီးပြင်လိုက်ပါ။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Install ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ဒါဆိုရင်တော့ Glary Utilities Setup ကိုစတင် Install လုပ်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။

Install လုပ်ပြီးသွားရင်တော့ Install လုပ်ပြီးကြောင်း အသိပေးတဲ့ Box လေးကျလာပါမယ်။ Finish ကိုနှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ Glary Utilities Setup ကိုအောင်မြင်စွာ Install လုပ်ပြီး အသုံးပြုနိုင်ပါပြီ။ အဆင်ပြေကြပါစေဗျာ။

နေ့စဉ်သုံး အင်တာနက်

ဒီကောင်လေးကလည်း ကိုမျိုးသူရရေးထားတဲ့ နေ့စဉ်သုံးအင်တာနက်ပါ။ ချက်တင်ထိုင်နည်းကအစပါတယ်ဗျာ။ အင်တာနက်ကို ခုမှစသုံးမယ့်သူတွေအတွက်တော့ တော်တော်ကောင်းတယ်။ လိုချင်ရင်တော့ ဒီမှာ ယူပါ။

Download Section အကြောင်း

ကျွန်တော်ဆိုဒ်က Side Bar မှာ Download Section ထည့်ပေးထားပါပြီ။ ဒီနေရာလေးမှာတော့ ကျွန်တော့်ဆိုဒ်ကိုကြည့်တဲ့အခါမှာ လိုအပ်နေတာလေးတွေကိုပဲ တင်ပေးထားမှာပါ။ ဥပမာ - ကျွန်တော့်ဆိုဒ်ကိုဖတ်ဖို့အတွက် Zawgyi-one လိုမယ်ဗျာ။ အဲ့တော့ Zawgyi-one 32Bits, Zawgyi-one 64Bits အဲ့လိုလေးတွေပေါ့နော်။ နောက်ပြီးတော့ ဒေါင်းလုပ်ဆွဲမယ်ဆိုရင် ကျွန်တော်က တော်တော်များများက win.rar နဲ့ချုပ်ပြီးတင်ပေးထားတာဖြစ်တဲ့အတွက် ကျွန်တော့်ဆီကနေဒေါင်းလိုက်ပြီးတော့ စက်မှာ Win.rar ရှိမှဖိုင်ကိုဖြည်လို့ရမှာဖြစ်တဲ့အတွက် Win.rar 32Bits, Win.rar 64Bits စတာတွေပေါ့နော်။ နောက်လည်း ဆိုဒ်ကိုအသုံးပြုတဲ့နေရာမှာ လိုအပ်နေတာလေးတွေကို Download Section မှာပဲ ထည့်ပေးမှာပါ။ Hacking Tools တွေကိုတော့ BHG - Blink Hacker Group မှပံ့ပိုးပေးထားပါတယ်။ အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ။ အမြဲတမ်း အဖြူရောင်မဖြစ်နိုင်ပေမယ့် တတ်နိုင်သလောက် အဖြူရောင်ဖြစ်အောင်တော့ ကြိုးစားစေချင်ပါတယ်။
ခင်မင်စွာဖြင့်
သန့်သူရဦး

Wednesday, November 16, 2011

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်တိုင်ရေး အထုတ်ပတ်တိ။

ခေါင်းစဉ်ကိုတော့ စာလုံးဆင့်တွေမရိုက်တတ်တော့လို့ဖြစ်သလိုရေးလိုက်ပြီဗျာ။ ဘာပဲဖြစ်ဖြစ် နားလည်ရင်ပြီးရောနော့။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးထားတဲ့ အထုတ်ပတ်တိပါ။ ခုချိန်ခါမှာ ဒီိလိုစာအုပ်မျိုးက တော်တော်ရှားသွားပါပြီ။ ဖတ်ကြည့်လိုက်ကြပါဦးဗျာ။ ကျွန်တော်တော့ဖတ်ပြီးတဲ့အချိန်မှာ ဗိုလ်ချုပ်ကို အရမ်းလည်းလေးစားသွားတယ်။ အရမ်းလည်း အားကျတယ်ဗျာ။ စာအုပ်ကိုတော့ ဒီမှာ ယူပါ။

A+ အကြောင်းမြန်မာလို

တောင်းတဲ့သူတွေများနေလို့တင်ပေးလိုက်တာပါ။ ကိုမျိုးသူရရေးထားတဲ့ A+ အကြောင်းမြန်မာလိုစာအုပ်ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုလောက်တော့ပြောချင်ပါတယ်။ကျွန်တော်ဆိုဒ်မှာ မြန်မာလိုရေးထားတဲ့၊ မြန်မာပြည်ကထုတ်တဲ့စာအုပ်တွေတင်ပေးတာဟာ နိုင်ငံခြားရောက်နေတဲ့ မြန်မာသူငယ်ချင်းတွေအတွက် အဓိကထားပြီးတင်ပေးပါတယ်။ ကိုယ့်မြန်မာပြည်မှာ ရှိနေတဲ့သူတွေကတော့ ဖြစ်နိုင်ရင် ကိုယ်ဟာကိုယ် ၀ယ်စေချင်ပါတယ်။ နိုင်ငံခြားဘာသာနဲ့ရေးထားတဲ့စာအုပ်တွေဆိုရင်တော့ လာထား အကုန်တင်ပေးလိုက်မှာပဲ။ ဒါပေမယ့် မြန်မာပြည်ကနေ မြန်မာဘာသာနဲ့ထုတ်တဲ့စာအုပ်တွေကျတော့ ကျွန်တော့်အနေနဲ့ ထုတ်ဝေသူကို လေးစားသောအားဖြင့်လည်း တင်ရတာ အနည်းငယ် အခက်တွေ့စေပါတယ်။ ဒါကြောင့်ပါ။ ကျွန်တော်က ဆိုဒ်မှာတင်ပေးလိုက်လို့ ထုတ်ဝေသူရောင်းအားကျပါတယ်ဆိုပြီးတော့လည်း ကျွန်တော့်ပြဿနာလာရှာနေမှာလည်း စိုးရသေးတယ်ဗျ။ လိုချင်ကြရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ။

မေးထားတဲ့ Kaspersky Key ထည့်နည်း

thurazawkoko@gmail.com :: တခုလောက်မေးပါရစေ kespersky ကို activation လုပ်တာမှာ code no ကိုရိုက်သော်လည်း မရတာ ဘာတွေလိုအပ်နေသေးလို.ပါလဲ ဆိုတာဖြေကြားပေးစေချင်ပါတယ်။

ဒီကောင်လေးကို ကိုညီနေမင်းလည်းရေးပေးဖူးပါတယ်။ ကိုညီနေမင်းရေးပေးတာက ကီးရှိပြီးသားကို Update လုပ်တာပါ။ ကျွန်တော်ကတော့ ကီးမရှိတာကို ကီးထည့်ပါမယ်။ ပထမဆုံး Kaspersky 2012 နဲ့ ကီးတွေကို ဒီမှာ ယူပါ။ ပြီးရင် ရလာတဲ့ ဇစ်ဖိုင်ကိုဖြည်လိုက်ပါ။ အထဲမှာတွေ့ရတဲ့ Kaspersky 2012 ကိုကလစ်နှစ်ချက်နှိပ်ပြီး Run လိုက်ပါ။ အောက်မှတွေ့ရတဲ့အတိုင်း ဖိုင်ကိုဖြန့်ပါလိမ့်မယ်။ အောက်မှာပုံတွေကိုကြည့်ပါ။

ဖိုင်တွေကိုဖြည်ပြီးရင်တော့ Welcome Box ကျလာပါမယ်။ Next ကိုနှိပါပါ။ အောက်မှာကြည့်ပါ။
ပြီးရင်တော့ လိုင်စင်သဘောတူညီမှုတောင်းပါလိမ့်မယ်။ I Agree ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။
ပြီးရင်တော့ Install လုပ်ဖို့ အတည်ပြုချက်တောင်းပါမယ်။ Install ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။
ဒါဆိုရင်တော့ Kaspersky 2012 ကိုစတင် Install လုပ်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။
Install လုပ်ပြီးရင်တော့ အသိပေးချက် Box လေးကျလာပါမယ်။ Finish ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ Kaspersky 2012 ကိုတစ်အလုပ်လုပ်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။
Loading ပြီးရင်တော့ အောက်မှာပြထားတဲ့အတိုင်း ကုဒ်တွေရိုက်ထည့်ဖို့ ကျလာပါမယ်။ ဒီနေရာမှာ အရေးကြီးတာက အင်တာနက်ပိတ်ထားဖို့ပါ။ အင်တာနက်ပိတ်ထားမှသာ ကုဒ်ထည့်လို့ရမှာဖြစ်ပါတယ်။


အဲဒါဆိုရင်တော့အောက်မှာပေးထားတဲ့ကုဒ်တွေထဲက တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။ ပြီးရင် Next ကိုနှိပ်ပါ။ ကျွန်တော်ကတော့ ဒုတိယကောင်ရိုက်ထည့်တာ အိုကေသွားပါတယ်။

44UEA-CYRAJ-NMAV3-YXX4V
K5PXQ-X1SW6-2RAMR-ZBM2X
25N2Z-QH4Y4-YHNTN-N2U4T
YS8UP-KD46D-JX4YD-ENHF6
33NA4-J34SG-MUV13-JRU6P
7N1UZ-DSXDN-R9XFC-PDQEF
3PRNP-TQXWT-GNR33-PMPTR
E4J6N-1644V-B7KAW-6J6M3
44UE9-UZKTA-AHUF2-VB8ZH
7PEJP-Q2KCG-NPT56-SNZAX
YG5CD-SXU41-JESDZ-6AWA6
3SU15-S4AES-P5XRQ-87AKV
3T6XS-GY8U1-W1JTR-9XAE1
3TK3J-6T1TN-X3XGP-HUZRN

အဲဒါဆိုရင်တော့ Activation Failed ဆိုပြီးတော့ Box ကျလာပါလိမ့်မယ်။အောက်မှာကြည့်ပါ။ အလယ်မှာ ကီးထည့်ဖို့ Browse လုပ်ရမယ့်နေရာပါပါတယ်။ အဲ့နေရာမှာ စောစောက ဒီကောင်လေးကို ဒေါင်းလုပ်ဆွဲခဲ့စဉ်က ကျွန်တော် ကီးဖိုင်တွေထည့်ပေးထားတာရှိပါတယ်။ အဲ့နေရာလေးရောက်အောင် Browse လုပ်လိုက်ပါ။ အောက်မှာကြည့်ပါ။
ပြီးရင်တော့ Next ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ kaspersky Antivirus 2012 Key ထည့်တာ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ လိုအပ်နေသေးတယ်ဆိုရင်ပြောပါ။ ကျွန်တော် ဒီထက်ပိုပြီးတော့ အသေးစိတ်ရှင်းပြပါဦးမယ်။ လောလောဆယ်တော့ တင်ပေးရမယ့်ပို့စ်တွေ အကြွေးတော်တော်များနေလို့ ဒီလောက်ပါပဲဗျာ။
အဆင်ပြေကြပါစေ။

Sunday, November 13, 2011

သန့်သူရဦး ဆိုရှယ်ဆိုဒ် မန္တလာမြေ ဖွင့်လှစ်ပါပြီ။

သူငယ်ချင်းများအားလုံး မင်္ဂလာပါ။
ကျွန်တော်တည်ထောင်ထားတဲ့ ဆိုရှယ်ဆိုဒ်၊ ကျွန်တော့်ရဲ့ ဒုတိယခြေလှမ်းဖြစ်တဲ့ မန္တလာမြေဆိုဒ်ရေးဆွဲခြင်းပြီးဆုံးပြီဖြစ်ပါတယ်။ ဒါကြောင့် 12.11.2011 ကစတင်ဖွင့်လှစ်လိုက်ပါပြီ။ သူငယ်ချင်းများလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။ လောလောဆယ်မှာ ကျွန်တော်ဆိုဒ်သုံးခု ရေးနေရပါတယ်။ ဒါကြောင့် ကျွန်တော်ဒီနည်းပညာ ဆိုဒ်ကိုလှည့်မကြည့်နိုင်သေးတာပါ။ နောက်တစ်ပတ်လောက်နေရင် ပြီးတော့မှာပါ။ ခဏလောက်ောတ့ သည်းခံပေးကြပါဦးနော်။ တင်ပေးစရာ၊ ဖြေပေးစရာ အကြွေးတွေလည်း တော်တော်များနေပါပြီ။ ဆိုဒ်တစ်ခုပြီးသွားတော့မှပဲ စိတ်အေးနိုင်တော့တယ်ဗျာ။ ဒါတောင်မှ သူငယ်ချင်းနှစ်ယောက်ဆိုဒ်က မပြီးသေးဘူး။ ကျွန်တော်ထပ်ကြေငြာပေးပါဦးမယ်။ ကျွန်တော့်သူငယ်ချင်းလေးကိုလည်း အားပေးပေးကြပါဦးနော်။ ကျွန်တော့်ဆိုရှယ်ဆိုဒ် မန္တလာမြေရဲ့ လင့်ခ်ကတော့ 
ဖြစ်ပါတယ်။ အားလုံးကို ခင်မင်လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်။

Wednesday, November 9, 2011

ထိုင်းကသူငယ်ချင်းများ ဖတ်ဖြစ်အောင်ဖတ်ပေးပါ။ (ထိုင်းရေဘေး အရေးပေါ် အထူးသတိပေးပြီ။)

Forward Mail ကနေရလို့ ပြန်ဖြန့်ပေးလိုက်တာပါ။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာလည်း ထိုင်းကသူငယ်ချင်းတွေပါနေလို့ပါ။
ကြုံခဲလှသော ရေဘေး ထိုင်းနိုင်ငံတွင်ယခုအခါ အလွန်ဆိုးဝါးစွာ ကြုံတွေ့ ခံစားနေကြရသည့်ဘန်ကောက်ရှိလူထုကိုယခင်က အရေးပေါ်ကြေငြာထားခြင်းရှိသော်လည်း ယခုအခါ ခန့်မှန်းတိုင်းတာတာထက် ဆိုးဝါးလာသည်ထက်ဆိုးဝါးလာပြီး အရေးပေါ် အထူးကြေငြာချက်ကို မနေ့က ထိုင်းအစိုးရမှ ထုတ်ပြန်ကြေငြာထားပြီးဖြစ်ပါသည်၊၊
ဘန်ကောက် ၊ မဟာချိုင်ဒေသတဝိုက်တွင်ထိုင်း၏အဓိကကျသောစက်မှု့ဇုန်တည်ရှိပြီး ၄င်း မဟာချိုင်ဒေသကို အတတ်နိုင်ဆုံးရေဘေးရှောင်ကွင်းနိုင်အောင်အစိုးရမှကြိုးပမ်းခဲ့သော်လည်းမအောင်မြင်ဖြစ်ပြီးနောက် ၄င်းဒေသတွင်နေထိုင်ကြသောလူထုကို ချက်ချင်း ပြောင်းရွှေ့ထားဖို့ကို အစိုးရမှ သတိပေး ကြေငြာထားပြီးဖြစ်ပါတယ်၊ ၄င်း မဟာချိုင်ဒေသတွင် မြန်မာအလုပ်သမား များ ၄ သိန်းကျော်အလုပ် လုပ်ကိုင်လျက်ရှိပြီး သူတို့ကိုလည်း သက်ဆိုင်ရာ မြန်မာ သံရုံးက အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်၊၊
မြန်မာအလုပ်သမားများ အဓိက ဂရုစိုက်ပြင်ဆင်ထားသင့်တာတွေက

၁ ၊၊ မိမိ၏ သက်ဆိုင်ရာ စာရွက်စာတန်း အထောက်အထားများ ၊ ဆေးရုံကာဒ် နှင့် ပစ်ပို့စာအုပ်များကို အသေအချာ ပလပ်စ်တိတ် အိပ်အလုံပိတ်ထားရန်၊၊

၂ ၊၊ အရေးပေါ် ငွေသုံးသေးရန် အသင့်အတင့် ဆောင်ထား ပြင်ဆင်ထားကြရန် ၊၊

၃ ၊၊ အရေးပေါ် အကူညီတောင်းဆိုရန်အတွက် သက်ဆိုင်ရာ လိပ်စာများ ၊ ဖုန်းနံပါတ်များ ကယ်ဆေးရေး အဖွဲ့ ဖုန်းနံပါတ်များနှုတ်တွင်ဆောင်ထား၊ကျက်မှတ်ထားကြရန် နှင့်

၎ ၊၊ ရေနစ်ရာ သွားလာနေကြစဉ် လက်ရှိအစိုးရမှ ကြေငြာထားသော မီးကျောင်း နှင့် အဆိပ်အပြင်းဆုံးမြွေ ၁၅ ကောင်လွတ်မြောက်နေသောကြောင့် ၄င်းတို့ အန္တရာယ်ကို အထူး ဂရုစိုက်ရှောင်ရှားကြရန်တို့ဖြစ်ကြပါသည်၊၊

အရေးပေါ် ဆက်သွယ်နိုင် ဖုန်းနံပါတ်များ

၁ ၊၊ ဦးမြင့်အောင် ၆၆ ၈ ၆၈၂၀၉၂၉၄
International Care

၂ ၊၊ နိုင်ကောင်းမွန်--- ၀၈၉ ၀၅၉၄၈၆၉

၃ ၊၊ မြန်မာသံရုံးမှ သံအဖွဲ့ ဝင် ဗိုလ်မှူး နိုင်ထွန်း ---- ၀၈၂၇၇၉၀ ၇၇၂

အားလုံးကို မေတ္တာထားလျက်။
သန့်သူရဦး

Sunday, November 6, 2011

Product Key Finder လာပြီ။

ဒီကောင်လေးကတော့ Product Key Finder ပါပဲ။ ကျွန်တော်တို့ Software တွေကိုစက်ထဲ ထည့်တဲ့အခါမှာ တစ်ခါတစ်လေ၊ တစ်ချို့တစ်လေက Product Key တောင်းတတ်ပါတယ်။ ပိုက်ဆံပေးပြီးဝယ်ရင်တော့ တစ်ပါတည်းပါလာပေမယ့် ကျွန်တော်တို့နိုင်ငံမှာက ခွေတွေကို ကော်ပီရိုက်ပြီးရောင်းတာကြောင့်တစ်ချို့မှာ Product Key မပါပါဘူး။ တစ်ချို့ကောင်တွေက ရှာရတာလွယ်ပေမယ့် တစ်ချို့ကျတော့ အတော်ခက်ပါတယ်။ ဒီကောင်လေးတော့ အဲဒါတွေအတွက် အသုံးဝင်ပါလိမ့်မယ်။ နေမကောင်းလို့ ဒီတိုင်းပဲတင်လိုက်တော့မယ်လို့လုပ်နေတာ သေချာရှင်းပြပေးလိုက်ပါတော့မယ်။ ပထမဆုံး productkeyfinder.exe ဖိုင်ကို ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးတာနဲ့ ရလာတဲ့ productkeyfinder.exe ဖိုင်ကို Run လိုက်ပါ။ အောက်ကပုံလေးအတိုင်းပွင့်လာပါလိမ့်မယ်။ Next ကိုနှိပ်ပါ။ အောက်မှာပြထားပါတယ်။

ပြီးရင်တော့ နောက်ထပ်ကျလာမယ့် Box ကိုအောက်မှာပြထားပါတယ်။ Install CNET ...... ဘာညာသာရကာ ဆိုတဲ့စာကြောင်းလေးရှေ့မှာ အမှန်ခြစ်လေးပေးခဲ့ပါ။ ပြီးရင်တောာ့ Next ကိုနှိပ်ပါ။ အောက်မှာကြည့်ပါ။
ဒါဆိုရင်တော့ Product Key Finder ကိုစတင် Download လုပ်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။

ပြီးသွားရင်တော့ Install လုပ်ဖို့ Box ကျလာပါမယ်။ Install မလုပ်ချင်သေးဘူးဆိုရင်တော့ Later ကိုကလစ်ပြီး Install လုပ်မယ်ဆိုရင်တော့ Install Now ကိုကလစ်လိုက်ပါ။ အောက်မှာကြည့်ပါ။
ဒါဆိုရင်တော့ Product Key Finder ကိုအောင်မြင်စွာ Install လုပ်ပြီးပါပြီ။ ပထမဆုံး အနေနဲ့ သူကရှာပေးပါလိမ့်မယ်။ ဥပမာအနေနဲ့ အောက်မှာကြည့်ပါ။
အသုံးပြုပြီး ပျော်ရွှင်နိုင်ကြပါစေ။
အားလုံးကိုချစ်တဲ့
သန့်သူရဦး

English-Myanmar Dictionary

ညီမလေးတစ်ယောက်တောင်းထားတာပါ။ အင်္ဂလိပ် ~ မြန်မာ အဘိဓာန် လိုချင်လို့ပါတဲ့။ တင်ပေးလိုက်ပါပြီဗျာ။ အဆင်ပြေပါစေ။ Install မလုပ်တတ်ရင် နောက်တော့ ကျွန်တော် ပြန်ရှင်းပြပေးပါ့မယ်။ လောလောဆယ်တော့ အလုပ်များနေလို့ပါ။ နေမကောင်းတာလည်း ပါပါတယ်။ ဆေးသွင်းနေရတာ သုံးရက်လောက်ရှိပါပြီ။ နေပြန်ကောင်းရင်တော့ ပို့စ်တွေတင်ပေးပါ့မယ်။ သေချာရှင်းပြပေးပါဦးမယ်။ အခုတော့ ခဏစောင့်ပေးပါဦးနော်။ ဒေါင်းဖို့က ဒီမှာ ပါ။

Friday, November 4, 2011

Photo Shop အကြောင်း မြန်မာလို

Photo Shop ကိုခုမှစလေ့လာမယ့်သူများအတွက် အသုံးဝင်ပါလိမ့်မယ်။ Tools အသုံးပြုပုံတွေကို စနစ်တကျ သေသေချာချာ အသေးစိတ်ရှင်းပြထားပုံက အားရစရာပါ။ နောက်ပိုင်းမှာ ဓာတ်ပုံကို Pro: ကျကျဖန်တီးနိုင်လောက်တဲ့အထိကို အထောက်အပံ့ဖြစ်စေပါတယ်။ ဒီမှာ ယူပါ။

Window XP တင်နည်း မြန်မာလို

တလောက ညီလေးတစ်ယောက်မေးတာပါ။ တလောကဆိုတာ တော်တော်ကိုကြာခဲ့ပါပြီ။ ကိုညီနေမင်းဖခင်ဆုံးတုံးကပါ။ အဲ့တုံးက ကျွန်တော်လည်း ကိုညီနေမင်းဖခင်ဆုံးတဲ့ကိစ္စနဲ့ အလုပ်များနေလို့ ပြန်မဖြေပေးခဲ့လိုက်ပါဘူး။ ခုတော့တင်ပေးလိုက်ပါပြီညီလေးရေ။ စာအုပ် (၂) အုပ် ပါပါတယ်။ သေသေချာချာ ရှင်းပြပေးထားပါတယ်။ ဒီမှာ ဒေါင်းလိုက်ပါ။ အဆင်ပြေပါစေဗျာ။

Website ရေးနည်း မြန်မာလို

ဒီကောင်လေးကတော့ HTML Code နဲ့ Website Design ရေးနည်းလေးပါ။ အသေးစိတ်ရှင်းပြထားပုံလေးက ကျေနပ်စရာကောင်းလှပါတယ်။ ဖိုင်သုံးဖိုင်ပါပါတယ်။ လိုချင်ရင်တော့ ဒီမှာ ယူပါ။ ကျွန်တော်လည်း တမ်းပလိတ်ပြင်နေတာ မပြီးသေးပေမယ့် ပို့စ်တင်စရာတွေက တော်တော်များနေလို့ တမ်းပလိတ်ပြင်တာ ခဏရပ်ထားလိုက်ပါတယ်။ တစ်ဖြည်းဖြည်းချင်းပဲပြင်ပါတော့မယ်။ အရေးထဲ ချစ်သူက ဆိုင်ကယ်မှောက်လို့ ကျွန်တော်လည်း ဘာလုပ်ရမယ်မှန်းမသိဖြစ်နေတာပါ။ ဒါကြောင့်ဆိုဒ်ကိုလှည့်မကြည့်ဖြစ်တာလည်းပါပါတယ်။ ခုတလောမှာ လူကတော်တော်ကိုပဲ စိတ်ဆင်းရဲနေရပါတယ်။အားလုံးပဲအဆင်ပြေနိုင်ကြပါစေဗျာ။

Tuesday, November 1, 2011

HTML အကြောင်းမြန်မာလိုရေးထားတဲ့စာအုပ်။

HTML အကြောင်းမြန်မာလိုရေးထားတဲ့စာအုပ်လေးပါ။ စတင်လေ့လာသူများအတွက်အသုံးဝင်မယ်ထင်ပါတယ်။ ရှာတွေ့လို့တင်ပေးလိုက်တာပါ။ လိုချင်ရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ။နောက်ပိုင်း Website ရေးနည်းတွေရေးထားတဲ့စာအုပ်တွေရော တင်ပေးပါဦးမယ်။ ခဏတော့စောင့်ပေးကြပါ။
အားလုံးကိုချစ်တဲ့
သန့်သူရဦး