မြန်မာ EBOOK များ

ဒီနေရာလေးမှာတော့ Photo Shop အကြောင်းမြန်မာလိုစာအုပ်များ၊ ကွန်ပြူတာနည်းပညာနှင့်ပတ်သတ်သောမြန်မာ EBOOK များနှင့် အခြားမြန်မာ EBOOK များတင်ပေးထားပါတယ်။

Software, Application များ

ဒီနေရာလေးမှာတော့ တောင်းဆိုထားသမျှနှင့် တွေ့ရှိထားသမျှ Software လေးများကို Serial Number, Key Gen:, Crack File များနှင့်တကွ Full Version ရအောင်တင်ပေးထားပါတယ်။

ကွန်ပြူတာမေးခွန်းများနှင့်အဖြေများ

ဒီနေရာလေးမှာတော့မေးမြန်းထားတဲ့ကွန်ပြူတာမေးခွန်းများကိုမေးခွန်းများနှင့်အဖြေများတွဲလျှက်ဖော်ပြပေးထားပါတယ်။ မေးမြန်းလိုသည်များရှိပါက thantthuraoo@mmcfamily.org သို့မေးလ်ပို့မေးမြန်းနိုင်ပါသည်။အဖြေများကို Website တွင်ဖော်ပြပေးပါမည်။

ရင်ထဲက ကဗျာလေးများ

ဒီကဗျာလေးတွေကတော့ ကျွန်တော့ချစ်သူအတွက်ကိုယ်တိုင်ရေးထားတဲ့ကဗျာလေးတွေဖြစ်ပါတယ်။ ကျွန်တော်တစ်ဦးတည်းမူပိုင်ဖြစ်တာကြောင့် ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါတယ်။

ဟာသလေးများ

ရယ်သောသူအသက်ရှည်၏လို့ စာကတော့ဆိုထားတယ်ဗျ။ ဘ၀အမောတွေပြေပျောက်စေဖို့ ပေါ့ပေါ့ပါးပါးရယ်မောလိုက်ကြရအောင်နော်။

Showing posts with label ရှင်းပြချက်များ. Show all posts
Showing posts with label ရှင်းပြချက်များ. Show all posts

Tuesday, February 14, 2012

Blogging အပိုင်း (၃)

Blog တည်ဆောက်ပြီးပြီဆိုတော့ ပို့စ်တစ်ခုလောက်စတင်ကြည့်ရအောင်။ ပို့စ်တင်တဲ့နေရာမှာ နှစ်နေရာရှိတယ်။ တစ်ခုက Compose၊ နောက်တစ်ခုက Edit HTML။ ကျွန်တော်တို့တင်တဲ့နေရာမှာ Edit HTML ကနေပဲတင်ရမယ်။ ဘာလို့လဲဆိုတော့ Compose ကစာတွေကိုအစီအစဉ်ချပေးဖို့သာဖြစ်တယ်။ စာရေးဖို့မဟုတ်ဘူး။ အစီအစဉ်ချတယ်ဆိုတာက စာတွေကို ဘေး၊ ဘယ်ညာ၊ အလယ် ဘယ်မှာထားမလဲဆိုတာ၊ ပုံတွေကို ဘေး၊ဘယ်ညာ ညှိတာ၊ စာသားအရောင်ထည့်တာ၊စာလုံးပုံစံပြောင်းတာ၊ နံပါတ်စဉ်တပ်တာ၊ Movie တွေတင်တာ စတဲ့အလုပ်တွေကိုလုပ်ပေးဖို့ပဲဖြစ်တယ်။ အဲ့တော့စာရေးရင် Edit HTML မှာရေးမယ်။ ပြင်ရင် Compose မှာပြင်မယ်။ စလိုက်ရအောင်။ အောက်ကပုံကိုကြည့်ပါ။

ဒီပုံလေးကိုရှင်းပြမယ်။
အနီရောင်လေးနဲ့ဘောင်ခတ်ထားတဲ့နေရာက ကိုယ်တင်မယ့်ပို့စ်နဲ့ သက်ဆိုင်တဲ့ခေါင်းစဉ်ရေးဖို့နေရာပါ။
အစိမ်းရောက်လေးက ကိုယ်ဖော်ပြချင်တဲ့အကြောင်းအရာရေးဖို့နေရာလေးပါ။ တစ်ခုပြောစရာရှိတာက တော်တော်များများဟာ Compose မှာပဲ ရိုက်ကြတာပါ။ ပို့စ်မပေါ်ဘူးလားလို့မေးစရာရှိပါတယ်။ ပေါ်ပါတယ် ဒါပေမယ့် ကုတ်တွေထည့်ချင်တယ်ဆိုတာမျိုး တစ်ခုခု HTML Code တစ်ခုခု တင်မယ်ဆိုရင် အဲ့ဒီ့မှာ ကုတ်တွေများတော့ ရှုပ်ကုန်ရောပေါ့။ Compose ဆိုတာ ကျွန်တော်အထက်မှာပြောခဲ့သလို ကာလာထည့်မှာတို့ကို စာလုံးညှိတာ၊ ပို့စ်တွေကို ဘယ်ညှိလား၊ ညာညှိလား၊ အလယ်ညှိလား၊ နှစ်ဖက်ညီလား၊ ဒါမျိုးတွေကို ညှိပေးတာကို အဓိကထားလုပ်ပါတယ်။ အဲ့ဒီ့တော့ ကျွန်တော်တို့ ပို့စ်တွေကို Edit HTML နဲ့ပဲရေးကြရအောင်ဗျာ။ ကုတ်တွေရောမရောသိချင်ရင် ကျွန်တော်တို့ Compose နဲ့ရိုက်ပြီးရင် HTML နဲ့ပြန်ကြည့်ပါ ကုတ်တွေထွက်ကျလာပါလိမ့်မယ်။ html နဲ့ရိုက်ရင်တော့ ဘာကုတ်မှ ပေါ်မှာမဟုတ်ပါဘူး။
အနက်ရောက်လေးနဲ့ကတော့ ကိုယ်တင်လိုက်တဲ့ပို့စ်၊ ကိုယ်ရေးလိုက်တဲ့အကြောင်းအရာနဲ့ပတ်သတ်တာလေး ရေးဖို့ပါ။ Labels ဆိုသည်မှာ ကိုယ်ရေးထားသော စာနှင့် ကိုက်ညီသော နာမည်တစ်ခု ပေးတာပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်က ဆော့ဖ်ဝဲတစ်ခုအကြောင်း ရေးသားသည်ဆိုလျှင် Software လိုနာမည်မျိုး ပေးခြင်း ဖြစ်သည်။ Label ပေးတာကနောက်ပိုင်းမှာ မိမိရဲ့ ပိုစ့်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ခွဲခြားရာမှာ အထူးအရေးပါပါတယ်။ ဒါကြောင့် စာတစ်ပုဒ် ရေးပြီးတိုင်းတွင် ယင်းစာနှင့် ပတ်သတ်တဲ့ Label များကို သတိမမေ့စေဘဲ မှတ်မှတ်သားသား ပေးသင့်ပါတယ်။ အဲ့နေရာမှာရေးလိုက်တာလေးက ကိုယ့်ဘလော့ဂ်ရဲ့ ဘေးဘား(ဆိုက်ဘား) မှာရှိတဲ့ Label ၊ အကြောင်းအရာအလိုက် ဆိုတဲ့နေရာမှာပေါ်ပါမယ်။ အဲ့ဆိုက်ဘားအကြောင်းကိုတော့ နောက်တစ်ခန်းဖြစ်တဲ့ Template ခန်းရောက်ရင်ပြောပြပါမယ်။
စာအားလုံးရိုက်ပြီးပြီဆိုရင်တော့ publish post ဆိုတာလေးကို နှိပ်ဖို့မမေ့ပါနဲ့ဗျာ။ ဘာဖြစ်လို့လဲဆိုရင် Publish ကိုမနှိပ်ရင် စာဖတ်သူ တင်တဲ့ပို့စ်ကို သူက ပေါ်ပေးမှာမဟုတ်ပါဘူး။
Preview ကတော့ကိုယ်ရေးထားတဲ့စာကို ဘလော့ဂ်ပေါ်မတင်ခင် အရင်စစ်ဆေးကြည့်တာပေါ့နော်။
1 ဆိုတဲ့နေရာလေးကတော့ ကိုယ်ရေးတဲ့စာကို ဖတ်သူများက ကော်မန့် Comment ပေးတာလက်ခံ၊မခံ ရွေးပေးရတာပါ။ လက်မခံချင်ရင်တော့ Don’t allow ကိုနှိပ်ခဲ့ပေါ့။
2 နေရာလေးကတော့ စာကြောင်းတွေကို တစ်ကြောင်းပြီးတာနဲ့ နောက်ထပ်ဆက်ရေးလို့ ရရ၊ မရရ အောက်ဆင်းပြီးမှဆက်ရေးမယ်ဆိုရင်သုံးတဲ့ကောင်လေးပါ။ ဒီနေရာမှာမေးထားတာက ရိုးရိုးသာမန်ပဲ Enter ခေါက်ပြီးဆင်းမလား၊ ဒါမှမဟုတ် HTML Code တစ်ခုဖြစ်တဲ့
ကိုသုံးမလားဆိုပြီးမေးတာပါ။ ဒီနေရာမှာတော့ လျှာရှည်မနေပါနဲ့တော့ ဒီတိုင်းပဲထားခဲ့လိုက်ပါ။ ပြောမရလို့ရှည်ချင်သပ ဆိုလည်းရှည်ကြပေါ့ဗျာ။
3 နေရာကတော့ Compose နေရာကရေးရင် ကုဒ်တွေချပေးရမလား၊ မပေးရဘူးလားမေးတာပါ။ ပြင်မနေပါနဲ့။ ဒီတိုင်းထားလိုက်။
4 နေရာကိုသွားမယ်။ ဒီကောင်က Post Date And Time။ Automatic မှာထားရင်ချက်ချင်းပေါ်လာမယ်။ မဟုတ်ဘဲနဲ့ Scheduled At ဆိုတာကိုနှိပ်လိုက်ရင်တော့အောက်မှာဘောက်စ်လေးနှစ်ခုကျလာပြီးတော့ ပို့စ်ကို ရက်ကြိုပြီးတော့တင်တာပဲဖြစ်ပါတယ်။ ရက်ကြိုတင်တယ်ဆိုတာက ဥပမာ ဒီပို့စ်ရေးတဲ့ရက်ဆိုရင် 15.2.2012။ ဒီပို့ကို ခုမတင်ချင်သေးဘူး 17.2.2012 မှတင်မယ်ဆိုရင် အောက်က ဘောက်စ်မှာ 17.2.2012 လို့ရေးလိုက် အချိန်ကိုတော့ ကြိုက်တဲ့အချိန်ရွေးပေးပြီး Publish ကိုနှိပ်လိုက်။ ဒါဆိုရင် ပို့စ်က ခုချက်ချင်းဘလော့ဂ်မှာတက်မလာတော့ဘူး။ စောစောကရွေးပေးထားတဲ့အချိန်ကျမှ ဘလော့ဂ်ပေါ်ကို အလိုလိုရောက်လာလိမ့်မယ်။ ဒါပါပဲ။ အထက်ကပုံလေးကိုရှင်းပြတာပါ။
ပြီးသွားပြီဆိုတော့ Publish Post ကိုနှိပ်လိုက်။ အောက်မှာပြထားတဲ့အတိုင်းပေါ်လာမယ်။
ကိုယ်တင်လိုက်တဲ့ပို့စ် ပေါ်မပေါ်သိချင်ရင် View Post ကိုနှိပ်ပါ။ ပို့စ်ကိုပြန်ပြင်ချင်ရင် Edit Post ကိုနှိပ်ပါ။ ပို့စ်ပြင်တာကတော့ နောက်မှပြန်ပြင်လည်းရပါတယ်။ အဲဒါတွေကို နောင်တစ်ခုမှာရှင်းပြပါ့မယ်။ ပို့စ်အသစ်ထပ်တင်ရန်အတွက် Create New Post ကိုနှိပ်ပါ။
ပို့စ်တင်ပြီးပြီဖြစ်တဲ့ ဘလော့ဂ်လေးပေါ့။

ကဲကျွန်တော်မပြောလား။ အရှည်ကြီးပြောရမှာပါဆို။ ဖတ်ရတဲ့သူတော့ရှင်း၊ မရှင်းမသိဘူး။ ရေးရတဲ့ကျွန်တော်တော့ လက်တွေမလှုပ်ချင်အောင်ညောင်းနေပြီ။ ဒါတောင်မပြီးသေးဘူးနော်။ ကျန်သေးတယ်။ အများကြီးကျန်သေးတယ်။ ပို့စ်တင်တဲ့အပိုင်းနဲ့ပတ်သတ်ပြီးတော့ပေါ့နော်။ ခုတော့ ဒီမှာပဲ ခဏနားရအောင်ဗျာ။

Tuesday, February 7, 2012

Blogging အပိုင်း (၂)

အခု Blog စရေးရအောင်။Blog တစ်ခုစတင်တည်ဆောက်ဖို့အတွက် www.blogger.com ကိုသွားပါမယ်။ အောက်မှာမြင်ရတဲ့အတိုင်း Gmail Login ၀င်သလိုစာမျက်နှာမျိုးလေးကျလာတာကိုတွေ့ရပါမယ်။ အဲဒီမှာ မနေ့ကဖွင့်ခဲ့တဲ့အကောင့်အသစ်ရဲ့ Username နဲ့ Password ရိုက်ထည့်လိုက်ပါ။အောက်မှာကြည့်ပါ။


Username, Password ရိုက်ထည့်လိုက်တာနဲ့ အောက်မှာပြထားသလို Blog တစ်ခုစလုပ်ရပါတော့မယ်။ အောက်မှာကြည့်လိုက်ပါ။

သင်ဖော်ပြချင်တဲ့အမည်ဆိုတာကတော့ ဘလော့ဂ်မှာ ပို့စ်ကိုဘယ်သူရေးတယ်ဆိုပြီးပြပါမယ်။ ဘာလို့တောင်းရသလဲဆိုတာကို နောက်သက်ဆိုင်တဲ့အပိုင်းရောက်ရင် ရှင်းပြပေးပါမယ်။ ဒီမှာရှင်းပြလိုက်လို့ ရပေမယ့်စာကရှည်သွားမှာဖြစ်သလို ခုလည်းအသုံးမ၀င်သေးလို့ပါ။
Blogger မှမေးလ်များလိုချင်ရင်ဆိုတာကတော့ သင့် Blog နဲ့ပက်သတ်ပြီးအကြံပေးစာတွေ၊ Google ( Blogger ) ကနေ Feature အသစ်တွေထည့်ပေးရင်သင့်အကောင့်ထဲကို မေးလ်ပို့ပေးရမလား ဆိုတာပါ။ လိုချင်ရင်တော့ အမှန်ခြစ်ပေါ့။ မလိုချင်ရင်တော့ အမှန်မခြစ်နဲ့ပေါ့။
သင့်လိင်အမျိုးအစားကတော့ ကျား၊ မ ပေါ့။ ကိုယ့်ဟာကိုယ်ကြည့်ရွေးပေါ့။
ဒီနေရာမှာ အမှန်ခြစ်ခဲ့ပါဆိုတာကတော့ Gmail Account အသစ်ဖွင့်တုံးကလို Google ရဲ့စည်းကမ်းတွေကို လိုက်နာနိုင်ပါ့မလားပေါ့နော်။ လိုက်နာနာ၊ မနာနာ နာချင်ယောင်ဆောင်လိုက်ပေါ့။ ပြီးမှလုပ်ချင်တာလုပ်ကြတာ သဘာဝပဲနော့။အဲ့တော့ အမှန်ခြစ်ထားခဲ့လိုက်။ ပြီးရင်တော့ နောက်တစ်ဆင့်သွားရအောင် CONTINUE ကိုနှိပ်ခဲ့လိုက်။ အောက်မှာပြထားတဲ့စာမျက်နှာကိုရောက်သွားလိမ့်မယ်။ ဒုတိယအဆင့်ပေါ့။

ဒီကောင်လေးကိုကြည့်ထားပါဆိုတာ အရမ်းကြည့်ခိုင်းတာမဟုတ်ပါဘူး။ စောစောက ကျွန်တော်က Blogger ကမေးလ်များလိုချင်ရင်ဆိုတဲ့နေရာမှာ အမှန်မခြစ်ခဲ့လိုခုလိုမေးလာတာပါ။ အမှန်ခြစ်ခဲ့ရင်တော့မပေါ်တော့ပါဘူး။ ပြီးရင်တော့ CREATE YOUR BLOG NOW ကိုနှိပ်လိုက်ပါ။ တတိယအဆင့်ကိုအောက်မှာပြထားသလိုရောက်သွားပါမယ်။

ဒီအဆင့်မှာတော့ ပထမဆုံး ကိုယ့် Blog ခေါင်းစဉ်ကိုရွေးရပါမယ်။ ကိုယ့် Blog မှာပါဝင်မယ့်ပို့စ်လေးတွေနဲ့ သက်ဆိုင်တာလေးရွေးပေါ့နော်။ မြန်မာလိုရေးလည်းရပါတယ်။ ခေါင်းစဉ်ကိုဖြစ်နိုင်ရင် တိုတိုပဲပေးပါ။ အရှည်ကြီးဆိုရင်မကောင်းဘူး။ နောက်ပိုင်း Template အကြောင်းပါတဲ့အခန်းတွေကျရင်ပြန်ပြောပြမယ်။
ပြီးရင်တော့ ကိုယ့် Blog ရဲ့လင့်ခ်ကိုရွေးရမယ်။ ဒီနေရာမှာကလည်း Gmail Username လိုပဲ။ Blog လင့်ခ်ချင်း တစ်ခုနဲ့တစ်ခု မတူပါဘူး။ မြန်မာပြည်က သန့်သူရဦး Blog, www.thantthuraoo.blogspot.com နဲ့ အင်္ဂလန်က သန့်သူရဦး Blog, www.thantthuraoo.blogspot.com နဲ့တူနေတာမျိုးမရှိပါဘူး။ ကိုယ်ရတဲ့လင့်ခ်ကိုစိတ်ချလက်ချသုံးနိုင်ပါတယ်။ ပြီးတော့ ကိုယ့် Blog ကိုဖျက်ပစ်ခဲ့ရင်တောင်မှ တခြားသူတစ်ယောက်အတွက် ကိုယ့်လင့်ခ်မရနိုင်ပါဘူး။ Blogger ရဲ့ကောင်းချက်လေးတွေနော့။ ပြီးရင် ကိုယ်ရွေးထားတဲ့လင့်ခ်က ကိုယ့်အတွက်ရနိုင်၊ မရနိုင်ကို အောက်က Check Availability ကိုနှိပ်ပြီးစစ်ကြည့်။ ရရင် အောက်မှာပြထားသလို အစိမ်းရောင်လေးနဲ့ This Blog Address Is Available ဆိုပြီးပေါ်မယ်။ အဲဒါဆိုရင်အောက်က CONTINUE ကိုဆက်နှိပ်ခဲ့။ မရရင်ဘူးဆိုရင်တော့ အောက်မှာပြထားတဲ့ပုံအတိုင်းပေါ်လာမယ်။
ဒီကောင်လေးကတော့ ကိုယ်ရွေးထားတဲ့ကိုယ့် Blog လင့်ခ်ကမရနိုင်လို့ပြတာလေးပါ။ စာလုံးအနီရောင်လေးနဲ့ Sorry, this blog address is unavailable ဆိုပြီးပေါ်လာလိမ့်မယ်။ဒါဆိုရင် လင့်ခ်နောက်တစ်မျိုးထပ်ရေးပြီးတော့ ပြန်စစ်။ ရရင် CONTINUE ကိုနှိပ်ခဲ့။ပြီးရင် နောက်တစ်ဆင့်ဆက်သွားမယ်။
ဒီအဆင့်က ကိုယ့် Blog Template ရွေးရမယ့်အဆင့်။ ကိုယ်က ဒီ Template ပဲသုံးမယ်၊ Template မပြောင်းတော့ဘူးဆိုရင်တော့ သေချာရွေးပေါ့။ မဟုတ်ဘူး။ ဒါကခဏပဲ။ ပြီးတာနဲ့ပြောင်းမှာဆိုရင်တော့ ကြိုက်ရာသာရွေးပေးထားခဲ့။ ပြီးရင်တော့ထုံးစံအတိုင်း CONTINUE ကိုနှိပ်။နောက်တစ်ဆင့်ဆက်သွားမယ်။
ဒီအဆင့်ကတော့ ကိုယ့် Blog တစ်ခုကိုတည်ဆောက်ပြီးကြောင်းပြတာပါ။ ကိုယ်က ခုချက်ချင်းပဲ ပို့စ်တင်တော့မယ်ဆိုရင်တော့ start posting now ကိုနှိပ်။ ဒါမှမဟုတ် Blog Template ကိုပြင်ဦးမယ်ဆိုရင်တော့ customize how your blog looks ဆိုတာကိုနှိပ်။ ကိုယ်ပိုင်ဒိုမိန်းရှိပြီးသားသူများကတော့ Set Up a custom Domain ကိုနှိပ်။ ဒါမှမဟုတ် ကိုယ်က အရင်က ဘလော့ဂ်တစ်ခုရှိပြီးသား။ အဲ့ကပို့စ်တွေအကုန်ကူးထည့်ချင်တယ်ဆိုရင် Import Blog Tool ကိုနှိပ်။ အဲဒီ Blog Import, Export ကိုသူနဲ့ဆိုင်တဲ့အခန်းရောက်တော့သိလာလိမ့်မယ်။ ထပ်ရှင်းပြမယ်။ လောလောဆယ်တော့ Start Blogging ကိုနှိပ်ခဲ့ပါ။ ဒီပို့စ်မှာတော့ ဒီလောက်ပါပဲ။ သူ့နောက်လာမယ့်အပိုင်းကတော့ Blog မှာ Post တင်တာပါ။ အဲဒါက တော်တော်ရှင်းပြရမယ်။ ရှင်းမလိုလို၊ လွယ်မလိုလိုနဲ့ တော်တော်ပြဿနာတက်တဲ့အပိုင်း။ ဒီပို့စ်ထဲမှာထည့်လိုက်ရင် စာကအရမ်းရှည်သွားမှာဖြစ်သလို ဖတ်ရင်းနဲ့ ခေါင်းတွေစားပြီး ရွာလည်နေလိမ့်မယ်။ အဲ့တော့ ဒီပို့စ်ကို ဒီမှာပဲ ခဏနားလိုက်ရအောင်ဗျာ။
ဒုတိယအဆင့် သတိပြုရန်-- Blogger စသုံးသည့်ရက်မှတ်ထားပါ။

Monday, February 6, 2012

Blogging အပိုင်း (၁) (OR) Gmail Account အသစ်ဖွင့်နည်း

အခု Blog တစ်ခုကို ကိုယ်တိုင်လုပ်ကိုင်ဖန်တီးကြရအောင်။ ပထမဆုံးအနေနဲ့ Blog တစ်ခုလုပ်ဖို့အတွက် Google Mail ( G-Mail ) တစ်ခုရှိဖို့လိုပါတယ်။ ဒီ G-Mail ကိုအကောင့်အသစ်ဖွင့်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ မိမိ Blog လုံခြုံရေးအတွက်ပါ။ Username မသိတဲ့အကောင့်တစ်ခုကိုဘယ်လိုမှ Hack ဖို့မဖြစ်နိုင်ပါဘူး။ မိမိ Blog ရေးသားတဲ့အကောင့်ကိုဘယ်သူ့ကိုမှပေးမသိပါနဲ့၊ Blog ရေးတဲ့အကောင့်နဲ့ Chatting, Mail လုံးဝမသုံးပါနဲ့၊ ပြီးတော့ အကောင့်စဖွင့်ရက်၊ Blogger စသုံးရက်၊ တကယ်လို့ကိုယ်က Feed Burner ကိုလည်းဒီအကောင့်နဲ့ပဲသုံးမယ်ဆိုရင်လည်း Feed Burner စသုံးရက်စတဲ့ Google ကပေးထားတဲ့ Product တွေသုံးတဲ့ရက်စွဲတွေကိုမှတ်ထားပါ။ ဒါမှကိုယ့်အကောင့်တစ်ခုခုဖြစ်သွားခဲ့ရင် (ဆိုလိုတာက Hack ခံလိုက်ရရင်) ပြန်ယူရအောင်ပါ။ အရင်ကတော့ကျွန်တော်တို့ Feed Burner ကမေးလ်နဲ့ဖတ်သူတွေဆီမေးလ်ဝင်ရင် သူ့ကိုပေးထားတဲ့အကောင့်နဲ့ပို့ပါတယ်။ ဥပမာ-ကျွန်တော်က Feed Burner ကို thantthuraoo@gmail.com နဲ့လုပ်ထားရင် မေးလ်ပို့တဲ့အခါ thantthuraoo@gmail.com နဲ့ပို့ပါတယ်။ ခုနောက်ပိုင်းတော့ပို့ရင် no-reply@blogger.com နဲ့ပဲပို့တော့တဲ့အတွက် Feed Burner အတွက်အကောင့်သီးသန့်ထားစရာမလိုတော့ပါဘူး။ အဆင်ပြေသွားတာပေါ့နော်။ ကိုယ်က ဆော့ဖ်ဝဲတွေဝေမျှဦးမယ်၊ တခြား Hosting တွေကနေရှယ်ယာပေးဦးမယ်ဆိုရင်တော့ဖြစ်နိုင်ရင်အဲဒီ Hosting တွေမှာအကောင့်ဖွင့်ဖို့အတွက် မေးလ်တစ်ခုသီးသန့်သုံးပေးတာ ပိုကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ Hosting ဆိုဒ်တွေကိုစိတ်မချလို့ပါ။ အဲဒီတော့အခုအကောင့်တစ်ခုစဖွင့်လိုက်ရအောင်။ အကောင့်ဖွင့်ဖို့အတွက် www.mail.google.com ကိုသွားပါ။ ပြီးရင်အပေါ်ထောင့်နားက Create An Account ကိုနှိပ်လိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်အောက်မှာပြထားတဲ့အတိုင်းတစ်ဆင့်ချင်းလုပ်သွားပါ။

ဖော်ပြမယ့်အမည်ကတော့ ကိုယ်ပေးချင်သလိုပေးပါ။ရပါတယ်။ မြန်မာလိုလည်းရပါတယ်။
Username ကတော့ English လိုပဲရပါတယ်။ ပြီးတော့ သူများသုံးပြီးသားနာမည်မဟုတ်ရပါဘူး။ ဘာလို့လည်းဆိုတော့ မေးလ်တွေထပ်ပြီး မှားဝင်မှာစိုးလို့ပါ။ ကိုယ်ရတဲ့ Username ကိုလည်းစိတ်ချလက်ချသုံးနိုင်ပါတယ်။ ကိုယ့် Username လိုမျိုးနောက်ထပ်မရှိပါဘူး။ ဥပမာ- မြန်မာပြည်က thantthuraoo@gmail.com နဲ့ အင်္ဂလန်က thantthuraoo@gmail.com တူနေတယ်ဆိုတာမျိုးမရှိပါဘူး။ နောက်တစ်ခုက တူချင်တယ်ဆိုရင်တောင်မှ Mail တစ်ခုတည်းမှာမရပါဘူး။ ဥပမာ- thantthuraoo@gmil.com နဲ့ thantthuraoo@yahoo.com ဆိုပြီးရပါတယ်။
Password နေရာမှာတော့ပေးချင်သလိုပေးပါ။ ရပါတယ်။ ဒါပေမယ့် သူများခန့်မှန်းလို့ရတာမျိုးတော့မပေးနဲ့ပေါ့။
Password ပြန်ရေးတဲ့နေရာမှာတော့ အပေါ်မှာကိုယ်ပေးထားတဲ့အတိုင်းပြန်ရေးပေးပါ။
မွေးနေ့မှာတော့ ကိုယ့်မွေးနေ့မဟုတ်လည်းရပါတယ်။ ကောင်းတာကတော့မွေးနေ့ကို 18 နှစ်ကျော်အောင်ပေးပေါ့။ ဒါမှအဆင်ပြေလိမ့်မယ်။ဘာကြောင့်လည်းဆိုတော့ တချို့ Google Product တွေက 18 နှစ်မကျော်ရင်အကောင့်မဖွင့်ရဆိုပြီးရှိလို့ပါ။ ဥပမာ- Google+ လိုပေါ့။
လိင်အမျိုးအစားနေရာမှာတော့ Male (or) Female တစ်ခုခုရွေးပေးပေါ့နော်။ ကိုယ့်ဟာကိုယ်ရွေးပေါ့။
ပြီးရင် ဖုန်းနံပါတ်။ ဖုန်းနံပါတ်ကတော့မြန်မာပြည်ကဖုန်းဆိုရင် ဘယ်ဖုန်းမှမရပါဘူး။ အဲ့တော့ ကိုယ်ကနိုင်ငံခြားကအသိရှိတယ်၊ နိုင်ငံခြားမှာနေတယ်ဆိုရင်တော့ကိုယ့်ဖုန်းနံပါတ်နဲ့ကိုယ်လုပ်ပေါ့။ တစ်ခုရှိတာက နိုင်ငံခြားကသူများဖုန်းနံပါတ်ရေးမယ်ဆိုရင် သတိထားပါ။ အဲဒီကိုယ်ရေးပေးထားတဲ့ဖုန်းနံပါတ်ကနေတစ်ဆင့်အကောင့်ကို အချိန်မရွေးယူသွားနိုင်ပါတယ်။ ကိုယ့်လူကစိတ်ချရတယ်ဆိုရင်တော့လုပ်ပေါ့။ မြန်မာပြည်ကလူတွေအတွက်တော့အကြံအဖန်လုပ်ရပါတယ်။ ဘယ်လိုလည်းဆိုတော့ ကျွန်တော့်ဖုန်းဆိုရင် 092038491၊ အဲ့တော့ ရှေ့က 0 ကိုဖြုတ်ပြီး 92038491 လို့ရေးရတယ်။ အဲဒါဆိုအဆင်ပြေပါတယ်။ ဒါပေမယ့် ပြန်ယူလို့တော့မရပါဘူး။ တကယ်တော့ အဲဒီဖုန်းနံပါတ်က မြန်မာပြည်မှာ ရှိမှမရှိဘဲ။ သူလက်ခံအောင်သာ အကြံအဖန်လုပ်ရတာလေ။
နောက်ပြီးတော့ ရှိပြီးသားမေးလ်တစ်ခု။ အဲဒါကလည်းဖုန်းနံပါတ်လိုပဲအရေးကြီးပါတယ်။ ဒါပေမယ့် ဖုန်းနံပါတ်လိုတော့ အကြံအဖန်မရပါဘူး။ တကယ်ရှိတဲ့မေးလ်ပဲရပါတယ်။ ကိုယ့်မှာမေးလ်တစ်ခုတောင်မရှိဘူးဆိုရင်တော့ စိတ်ချရတဲ့သူငယ်ချင်းမေးလ်ကိုသာရေးပေးလိုက်ပေါ့။ အဲဒီမေးလ်ကနေတစ်ဆင့်အကောင့်ကိုပြန်ယူလို့ရတယ်ဆိုတာတော့ သတိထားနော်။ ကျွန်တော့မေးလ် thantthuraoo@gmail.com ရေးပေးလိုက်လည်းပြဿနာမရှိပါဘူး။ ရေးပေးလိုက်ပါ။ ဘယ်သူ့အကောင့်မှမယူပါဘူး။ ယူဖို့လည်းအချိန်မပေးနိုင်ပါဘူး။ တကယ်လိုအပ်နေတဲ့သူတွေအတွက်ပြောတာနော်။ပြီးသွားရင် အောက်မှာဆက်ကြည့်။




ဆက်ရေးရမှာကတော့ အပေါ်က Box လေးထဲမှာ သူပေးထားတဲ့အတိုင်းစာလုံးလေးတွေရေးပေး၈ုံပါပဲ။ လွယ်ပါတယ်။
ပြီးတော့ Location။ အဲဒါကတော့ ကိုယ်နေတဲ့နိုင်ငံရွေးပေးပေါ့။ မြန်မာဖြင့်မြန်မာပေါ့။
ပြီးရင် အောက်မှာပြထားတဲ့အတိုင်း Agree to the google ဘာသာသာရကာပေါ့နော်။ အဲ့ဘေးမှာ အမှန်ခြစ်လေးပေးခဲ့ပါ။ ပြောရရင်တော့ Google ရဲ့စည်းကမ်းတွေကိုလိုက်နာနိုင်ပါ့မလားပေါ့နော်။ ဘယ်သူမှကိုယ့်လိုက်ကြည့်နေတာမှမဟုတ်တာ။ မတူချင်လည်း တူပေးလိုက်ပေါ့။ ပြီးမှ ကိုယ်လုပ်ချင်တာလုပ်။
ပြီးသွားရင်တော့ Next Step ကိုနှိပ်ပေးလိုက်ပါ။အဲဒါဆိုရင် နောက်တစ်ဆင့်လုပ်ရပါမယ်။အောက်မှာကြည့်ပါ။



ဒီပုံလေးကတော့ ကိုယ့် Profile မှာပုံမထည့်ချင်တော့တဲ့သူတွေအတွက်ပါ။ ပုံထည့်ချင်သေးတယ်ဆိုရင်တော့ Add Profile Photo ကိုနှိပ်လိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်း ပေါ်လာပါမယ်။

အဲဒီမှာပြထားတဲ့အတိုင်းတစ်ဆင့်ချင်းလုပ်သွားလိုက်။
ပုံရွေးဖို့နှိပ်၊ ပြီးရင် ပေါ်လာတဲ့ Box မှာကြိုက်တဲ့ပုံရွေး။
ပြီးတော့ Open ကိုနှိပ်ပေးလိုက်။အောက်မှာပြထားတဲ့အတိုင်း ပုံကို Upload စတင်လိမ့်မယ်။
ပြီးရင်တော့အောက်မှာပြထားတဲ့အတိုင်းထွက်လာမယ်။


ပုံအရွယ်အစားချိန်ရမယ့်နေရာမှာ ကိုယ်တင်လိုက်တဲ့ပုံထွက်လာပါမယ်။ ဘေးကလေးထောင့်အကွက်လေးတွေကိုနှပ်ပြီး ပုံအရွယ်အစားချိန်ပေးပါ။
ပြီးရင်တော့ Set as Profile Photo ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်း ပေါ်လာပါမယ်။


အဲဒီမှာ ကိုယ်တင်လိုက်တဲ့ပုံလေးကိုတွေ့ရပါလိမ့်မယ်။ မကြိုက်သေးရင် Edit Profile Photo ကိုနှိပ်ပြီးပြန်ပြင်နိုင်ပါတယ်။ ပြီးရင်တော့ Next Step ပေါ့။ နောက်တစ်ဆင့်သွားရအောင်။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ မိမိအကောင့်ကိုကြည့်ဖို့အတွက် Continue To Gmail ကိုနှိပ်ခဲ့ပါ။ဒါဆိုရင် Gmail ကိုရောက်သွားပါမယ်။ အောက်မှာကြည့်ပါ။

ကဲ။ အဲဒါဆိုရင်တော့ Gmail Account အသစ်ဖွင့်နည်းသိသွားပြီဖြစ်သလို အကောင့်အသစ်တစ်ခုလည်းရပြီပေါ့ဗျာ။
ဒီပို့စ်မှာတော့ ဒီလောက်ပါပဲ။ ပို့စ်တစ်ခုကို နည်းနည်းချင်းသင်ပေးသွားပါမယ်။ ပို့စ်တစ်ခုတည်းမှာအကုန်လုံး စုပြုံထည့်လိုက်ရင် ဖတ်ရတာလည်းပျင်းသွားမှာဖြစ်သလို စာကလည်းအရမ်းရှည်သွားမယ်။ စာရှည်တာကတော့ ပြဿနာမရှိပါဘူး။ ဘယ်လောက်ရှည်ရှည် ရှည်ပါစေ။ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားမယ်ဆိုရင် ကျွန်တော်ရေးရကျိုးနပ်ပါတယ်။ တကယ်တော့ ဒီပို့စ်လေးက Gmail အကောင့်အသစ်ဖွင့်နည်းလို့တောင်ခေါင်းစဉ်ပေးသင့်တာ။ ဒါပေမယ့် အဲဒီ Gmail ဖွင့်ရတဲ့ရည်ရွယ်ချက်က Blogging အတွက်ဆိုတော့ Blogging အပိုင်းတစ်နှင့် Gmail Account အသစ်ဖွင့်နည်းလို့ပဲ ရေးလိုက်ပါတယ်။ ဒီမှာပဲ ခဏနားလိုက်ရအောင်နော်။
မှတ်ချက်။ အပေါ်ရှိပုံများတွင်ပေးထားသော Username များမှာ အမှန်တကယ်မရှိပါ။ သဘောမျှသာရေးပေးထားခြင်းဖြစ်ပါသည်။ အမှန်တကယ်အကောင့်များပါသည့်ပုံများတွင် Username များကိုဖျက်ထားပါသည်။ဆက်လက်ပြီး ဖော်ပြမယ့် Blogging အပိုင်းများတွင်လည်း အကောင့်များကိုဖျက်ထားမည်ဖြစ်ပါသည်။
ပထမအဆင့်သတိပြုရန်-- အကောင့်စဖွင့်သည့်ရက်စွဲကိုမှတ်ထားပါ။

Tuesday, January 31, 2012

Format Factory 2.90 ( Latest Version )


အားလုံးစောင့်မျှော်နေတဲ့ Format Factory 2.90 ပရိသတ်ကြီးရှေ့မှောက်ရောက်ရှိလို့လာပါပြီ။ တမ်းပလိတ်ပျက်တာ သိပ်မပြင်လိုက်ရလို့ကံကောင်းသွားတယ်မှတ်။ ယုတ်မာပတ်စက် စကောလောက်မှစောက်မနက်တဲ့ BTemplate လုပ်ပုံက ပုံတွေကို သူတို့ တင်ထားတဲ့ Hosting ကနေဖျက်ချပစ်တယ်လေ။ အဲ့တော့ ဒီမှာသေရော။ အကုန်လုံး Error Messages တွေတက်လာတယ်။ ကျွန်တော့်အရင် တမ်းပလိတ် Android လေးတုံးကလည်း Slider ပြေးတဲ့၊ Menu Bar အောက်ကကျတဲ့ကောင်လေးတွေလုပ်တဲ့ Java Stript File ကို ဖျက်ချပစ်တယ်လေ။ ဒီမှာ အကုန်လုံးကသေကုန်ရော။ ကဲပါ။ သူများကိုမေတ္တာတွေပို့နေတယ်။ စောစောစီးစီး မကောင်းတော့လည်းမကောင်းပါဘူး။ ကဲကဲ ဒီကောင်လေးကတော့ Format Factory 2.90 ပါ။ အောက်မှာဒေါင်းထားပါ။ Zip File ပါ။ ဒေါင်းဖို့ Hosting သုံးခုကနေတင်ပေးထားပါတယ်။ ဒေါင်းပြီးတော့ Zip File ကိုဖြေချလိုက်။ အောက်မှပေးထားတဲ့အတိုင်း Install လုပ်ဖို့မေးလာလိမ့်မယ်။ အဲဒီမှာ ကိုယ် Install လုပ်မယ့်နေရာလေးရွေးပေးလိုက်။ပြီးရင်တော့ Install ကိုနှိပ်လိုက်ပါ။
ပြီးရင် အောက်မှာပေးထားတဲ့အတိုင်း Install လုပ်လိမ့်မယ်။ ခဏစောင့်ပေးလိုက်။
ပြီးတာနဲ့ အောက်မှာပြထားတဲ့အတိုင်း Tool Bar တွေကိုပါ Install လုပ်ဖို့ပေးလာလိမ့်မယ်။ ဘာမှလုပ်မနေနဲ့။ အကုန်လုံး အမှန်ခြစ်တွေဖြူတ်ခဲ့လိုက်ပါ။ ပြီးရင်တော့ Next ပေါ့။

ပြီးရင်တော့ အောက်မှာပြထားတဲ့အတိုင်း Install လုပ်ပြီးကြောင်းအသိပေးပါလိမ့်မယ်။ ဘာအမှန်ခြစ်မှ မဖြုတ်ဘဲနဲ့ Finish နဲ့သာထွက်ခဲ့ပါ။

Download -- I File, Ziddu, Media Fire

Thursday, November 17, 2011

ကိုဖိုးအေး မေးထားတဲ့ Media Fire Upload တင်နည်း။

phoaye.121@gmail.com :: အစ်ကိုရေ mediafire ကနေupload တင်နည်းလေးပြောပြပါလားအစ်ကို။

ကိုဖိုးအေး မေးထားတဲ့ Media Fire Upload တင်နည်းပါ။ပထမဆုံး http://www.mediafire.com ကိုသွားပါ။ပြီးတော့ အကောင့်တစ်ခုကို Sign Up မှာနှိပ်ပြီးအကောင့်ဖွင့်ပါ။ အကောင့်မဖွင့်ပဲလဲ တင်လို့ရပါတယ်။ ဒါပေမယ့် အကောင့်ဖွင့်ထားတော့ ကိုတင်ထားတဲ့ဟာလေးတွေကို လိုချင်တဲ့အချိန်မှာ တိတိကျကျရှာနိုင်တာပေါ့။ပြီးတော့လည်း ဘယ်ကောင်တွေလင့်ခ်သေနေပြီလဲ ဆိုတာတို့ကို ပြန်ကြည့်နိုင်တာပေါ့။ပြီးတော့ ကိုယ်တင်ထားခဲ့တဲ့ ကောင်လေးတွေကို ရှယ်ယာလုပ်ဖို့လင့်ခ်ကိုလည်း ခဏခဏ အလွယ်တကူပြန်ရှာနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင်အကောင့်လေးရှိထားတော့ ပိုကောင်းတာပေါ့ဗျာ။ အောက်မှာကြည့်ပါ။
အကောင့်ဖွင့်နည်းလေးပြောပြပါ့မယ်။ Sign up ကိုနှိပ်လိုက်ရင် ကိုယ်လိုချင်တဲ့အကောင့်အမျိုးအစားကို ရွေးပေးရပါမယ်။ အကောင့်အမျိုးအစားဆိုတာကတော့ Free Account လား၊ Premium Account(ပိုက်ဆံပေးမယ့်) အကောင့်လားဆိုတာကို ရွေးရပါမယ်။ ကျွန်တော်တို့ကတော့ ထုံးစံအတိုင်း Free ကိုပဲရွေးပေးလိုက်ပါ။ ဘာလို့လဲဆိုတော့ ကိုယ်ပိုက်ဆံသွင်းချင်ရင်တောင်မှ ခေတ်မှီတိုးတက်နေတဲ့နိုင်ငံတော်ကြီးမှာ နေနေရတာဆိုတော့ တော်ရုံတန်ရုံ သွင်းလို့မလွယ်ပါဘူး။အဲ့တော့ အောက်မှာပြထားတဲ့ပုံအတိုင်း ထိပ်ဆုံးက Free ဆိုတာလေးအောက်က Try It ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။
အဲဒါဆိုရင်တော့ နောက်ထပ် ကို့အကောင့်အင်ဖော်မေးရှင်းဖြည့်ရပါမယ်။ အောက်မှာပုံနဲ့ပြထားပါတယ်။ အဲ့အတိုင်းဖြည့်ပေးလိုက်ပါ။ အဲ့အတိုင်းဆိုတာက ကျွန်တော်ရေးပေးထားတဲ့အတိုင်း မဟုတ်ပါဘူး။ ကိုယ့်နာမည်၊ ကိုယ့်အကောင့်နဲ့ကိုယ် ဖြည့်ရမှာပါ။ ကြိုပြောရတာ တော်ကြာဥာဏ်ကြီးရှင် ကိုကို မမများက ကျွန်တော်ဖြည့်ထားတဲ့အတိုင်းလိုက်ဖြည့်နေမှာစိုးလို့။ပြီးရင်တော့ Create And Continue ကိုနှိပ်ပေးလိုက်ပါ။
ပြီးရင်တော့သူက ကိုယ့်ကို တင်နည်းလေး ပြောပြပါလိမ့်မယ်။ ခုချက်ချင်းတင်တော့မယ်ဆိုရင်လည်း Upload ကိုနှိပ်ပေါ့။ နောက်မှတင်မယ်ဆိုရင်လည်း Cancel ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။
ဒါဆိုရင်တော့ အကောင့်လုပ်တာ ပြီးပါပြီ။ အဲ့တော့ စတင်ကြည့်လိုက်ကြရအောင်ဗျာ။ အောက်မှာပြထားတဲ့အတိုင်း စာမျက်နှာဘေးက ထိပ်နားမှာ Upload ဆိုတာလေးပါပါတယ်။ အဲဒါလေးကိုနှိပ်လိုက်ပါ။ အောက်မှာကြည့်ပါ။
ဒါဆိုရင်တော့ စတင်ပြီး တင်လို့ရပါပြီ။ အောက်မှာပြထားတဲ့အတိုင်းပုံလေးတက်လာပါမယ်။ ကိုယ်တင်ချင်တဲ့ဖိုင်ကို Drag ဆွဲပြီးချလိုက်နိုင်သလို အလယ်ခေါင်က + ကိုနှိပ်ပြီးတော့လည်းရွေးနိုင်ပါတယ်။ အောက်မှာကြည့်ပါ။
တစ်ကြိမ်တည်းမှာ တစ်ခုထက်ပိုတင်ချင်လည်းဖြစ်ပါတယ်။ တစ်ခုပြီးတစ်ခုဖွင့်သွားပေါ့။ အောက်မှာကြည့်ပါ။
မှားသွားတယ်ဆိုရင်တော့ ကိုယ်တင်ဖို့စုစည်းလိုက်တဲ့ကောင်လေးတွေဘေးမှာ Delete အိုက်ကွန်လေးဖြစ်တဲ့ အမှိုက်ပုံးပုံလေးပါပါတယ်။ နှိပ်ပြီးတော့ ပြန်ဖျက်နိုင်ပါတယ်။အောက်မှာကြည့်ပါ။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ အောက်မှာပါတဲ့ Begin Upload ကိုနှိပ်ပြီးတင်နိုင်ပါပြီ။
ဒါဆိုရင်တော့ Media Fire ကနေစတင်ပြီးတော့ တင်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။ ကျွန်တော်ကတော့ ပုံတစ်ပုံကိုပဲံ မြန်အောင်တင်ပြလိုက်ပါတယ်။ တခြားကောင်တွေလည်း ကိုယ့်စိတ်ကြိုက်တင်နိုင်ပါတယ်။
တင်ပြီးရင်တော့ Return To My Files ကိုနှိပ်လိုက်ပါ။အောက်မှာကြည့်ပါ။
အဲ့နေရာမှာ ကိုယ့်ဖိုင်ရဲ့ လင့်ခ်ကိုယူဖို့အတွက် ကိုယ်ပေးချင်တဲ့ကောင်လေးဘေးမှာ Share ဆိုပြီးတော့ လူပုံလေးနဲ့ ပါပါတယ်။ အဲဒါလေးကိုနှိပ်လိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်း လင့်ခ်လေးကျလာပါမယ်။ အဲ့လင့်ခ်လေးကို ကူးပြီးတော့ ရှယ်ယာ လုပ်နိုင်ပါတယ်။
ဒါဆိုရင်တော့ Media Fire ကနေ Upload တင်နည်းကို သိလောက်ပြီလို့ထင်ပါတယ်။ အဆင်ပြေပါစေ ညီလေးရေ။

Galary Utilities

ဒီကောင်လေးကတော့ Glary Utilities ဖြစ်ပါတယ်။ သုံးရတာ တော်တော်လွယ်ပါတယ်။ လွယ်သလောက်လည်း ကောင်းပါတယ်။ စပြီးတော့ Install လုပ်လိုက်ကြရအောင်ဗျာ။ ပထမဆုံး Glary Utilities Setup ကို ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ Glary Utilities Setup ကိုဖွင့်ပြီး Run လိုက်ပါ။ စစချင်း အသုံးပြုမယ့် ဘာသာစကား ကိုရွေးချယ်ပေးရပါမယ်။ English ကိုပဲရွေးပေးပြီးတော့ Ok ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ Welcome Box ကျလာပါမယ်။ Next ကိုပဲနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ လိုင်စင် သဘောတူညီမှု တောင်းပါလိမ့်မယ်။ ကိုယ်ဟာကိုယ် သဘောတူချင်ချင်၊ မတူချင်ချင် တူချင်ယောင်ဆောင်ပေးလိုက်ပြီးတော့ I Accept The Agreement ဘေးမှာနှိပ်ပေးလိုက်ပါ။ အဲ့လိုနှိပ်မှလည်း Next ကိုနှိပ်ပြီး နောက်တစ်ဆင့်သွားလို့ရမှာကိုးဗျ။ ပြီးရင်တော့ Next ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ နောက်ထပ် ဒီကောင်လေး Install လုပ်မယ့်နေရာရွေးပေးရပါမယ်။ ကျွန်တော်ကတော့ C/Program Files မှာပဲလုပ်ပါတော့မယ်။သူက ရွေးပေးပြီးသားပါ။ မကြိုက်ရင်လည်း ကိုယ့်စိတ်ကြိုက်နေရာကို ဘေးက Browse ကိုနှိပ်ပြီးတော့ ရွေးနိုင်ပါတယ်။ ပြီးရင်တော့ Next ပေါ့။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ နောက်ထပ် Start Menu Folder မှာပေးမယ့် နာမည်ကိုရွေးပေးရပါမယ်။ ကျွန်တော်ကတော့ သူပေးထားတဲ့အတိုင်း Glary Utilities လို့ပဲပေးလိုက်ပါမယ်။ မကြိုက်ရင်တော့ ကိုယ်ဟာကိုယ် ပြန်ပြောင်းလိုက်ပေါ့ဗျာ။ ပြီးရင်တော့ ထုံးစံအတိုင်း Next ပေါ့။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ Desktop Icon လုပ်ဦးမလား၊ Quick Launch Icon လုပ်ဦးမလား ဆိုပြီး မေးပါမယ်။ လုပ်ချင်တဲ့စာကြောင်းဘေးမှာ အမှန်ခြစ်ခဲ့ပြီးတော့ မလုပ်ချင်တဲ့စာကြောင်းဘေးက အမှန်ခြစ်လေးကို ဖြုတ်ခဲ့လိုက်ပါ။ ပြီးရင်တော့ Next ပေါ့။ အောက်မှာကြည့်ပါ။


ဒါဆိုရင်တော့ Ready To Install ဆိုပြီးတော့ စောစောက လုပ်ခဲ့တဲ့ အချက်အလက်တွေကို ဖော်ပြပေးပါလိမ့်မယ်။ စိတ်ကြိုက်မဖြစ်တာတွေ့ရင်တော့ Back ကနေသွားပြီးပြင်လိုက်ပါ။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Install ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ဒါဆိုရင်တော့ Glary Utilities Setup ကိုစတင် Install လုပ်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။

Install လုပ်ပြီးသွားရင်တော့ Install လုပ်ပြီးကြောင်း အသိပေးတဲ့ Box လေးကျလာပါမယ်။ Finish ကိုနှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ Glary Utilities Setup ကိုအောင်မြင်စွာ Install လုပ်ပြီး အသုံးပြုနိုင်ပါပြီ။ အဆင်ပြေကြပါစေဗျာ။

Wednesday, November 16, 2011

မေးထားတဲ့ Kaspersky Key ထည့်နည်း

thurazawkoko@gmail.com :: တခုလောက်မေးပါရစေ kespersky ကို activation လုပ်တာမှာ code no ကိုရိုက်သော်လည်း မရတာ ဘာတွေလိုအပ်နေသေးလို.ပါလဲ ဆိုတာဖြေကြားပေးစေချင်ပါတယ်။

ဒီကောင်လေးကို ကိုညီနေမင်းလည်းရေးပေးဖူးပါတယ်။ ကိုညီနေမင်းရေးပေးတာက ကီးရှိပြီးသားကို Update လုပ်တာပါ။ ကျွန်တော်ကတော့ ကီးမရှိတာကို ကီးထည့်ပါမယ်။ ပထမဆုံး Kaspersky 2012 နဲ့ ကီးတွေကို ဒီမှာ ယူပါ။ ပြီးရင် ရလာတဲ့ ဇစ်ဖိုင်ကိုဖြည်လိုက်ပါ။ အထဲမှာတွေ့ရတဲ့ Kaspersky 2012 ကိုကလစ်နှစ်ချက်နှိပ်ပြီး Run လိုက်ပါ။ အောက်မှတွေ့ရတဲ့အတိုင်း ဖိုင်ကိုဖြန့်ပါလိမ့်မယ်။ အောက်မှာပုံတွေကိုကြည့်ပါ။

ဖိုင်တွေကိုဖြည်ပြီးရင်တော့ Welcome Box ကျလာပါမယ်။ Next ကိုနှိပါပါ။ အောက်မှာကြည့်ပါ။
ပြီးရင်တော့ လိုင်စင်သဘောတူညီမှုတောင်းပါလိမ့်မယ်။ I Agree ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။
ပြီးရင်တော့ Install လုပ်ဖို့ အတည်ပြုချက်တောင်းပါမယ်။ Install ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။
ဒါဆိုရင်တော့ Kaspersky 2012 ကိုစတင် Install လုပ်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။
Install လုပ်ပြီးရင်တော့ အသိပေးချက် Box လေးကျလာပါမယ်။ Finish ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ Kaspersky 2012 ကိုတစ်အလုပ်လုပ်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။
Loading ပြီးရင်တော့ အောက်မှာပြထားတဲ့အတိုင်း ကုဒ်တွေရိုက်ထည့်ဖို့ ကျလာပါမယ်။ ဒီနေရာမှာ အရေးကြီးတာက အင်တာနက်ပိတ်ထားဖို့ပါ။ အင်တာနက်ပိတ်ထားမှသာ ကုဒ်ထည့်လို့ရမှာဖြစ်ပါတယ်။


အဲဒါဆိုရင်တော့အောက်မှာပေးထားတဲ့ကုဒ်တွေထဲက တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။ ပြီးရင် Next ကိုနှိပ်ပါ။ ကျွန်တော်ကတော့ ဒုတိယကောင်ရိုက်ထည့်တာ အိုကေသွားပါတယ်။

44UEA-CYRAJ-NMAV3-YXX4V
K5PXQ-X1SW6-2RAMR-ZBM2X
25N2Z-QH4Y4-YHNTN-N2U4T
YS8UP-KD46D-JX4YD-ENHF6
33NA4-J34SG-MUV13-JRU6P
7N1UZ-DSXDN-R9XFC-PDQEF
3PRNP-TQXWT-GNR33-PMPTR
E4J6N-1644V-B7KAW-6J6M3
44UE9-UZKTA-AHUF2-VB8ZH
7PEJP-Q2KCG-NPT56-SNZAX
YG5CD-SXU41-JESDZ-6AWA6
3SU15-S4AES-P5XRQ-87AKV
3T6XS-GY8U1-W1JTR-9XAE1
3TK3J-6T1TN-X3XGP-HUZRN

အဲဒါဆိုရင်တော့ Activation Failed ဆိုပြီးတော့ Box ကျလာပါလိမ့်မယ်။အောက်မှာကြည့်ပါ။ အလယ်မှာ ကီးထည့်ဖို့ Browse လုပ်ရမယ့်နေရာပါပါတယ်။ အဲ့နေရာမှာ စောစောက ဒီကောင်လေးကို ဒေါင်းလုပ်ဆွဲခဲ့စဉ်က ကျွန်တော် ကီးဖိုင်တွေထည့်ပေးထားတာရှိပါတယ်။ အဲ့နေရာလေးရောက်အောင် Browse လုပ်လိုက်ပါ။ အောက်မှာကြည့်ပါ။
ပြီးရင်တော့ Next ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ kaspersky Antivirus 2012 Key ထည့်တာ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ လိုအပ်နေသေးတယ်ဆိုရင်ပြောပါ။ ကျွန်တော် ဒီထက်ပိုပြီးတော့ အသေးစိတ်ရှင်းပြပါဦးမယ်။ လောလောဆယ်တော့ တင်ပေးရမယ့်ပို့စ်တွေ အကြွေးတော်တော်များနေလို့ ဒီလောက်ပါပဲဗျာ။
အဆင်ပြေကြပါစေ။