Wednesday, January 4, 2012

C Box ပြောင်းရခြင်းအကြောင်း။

ကျွန်တော် အင်တာနက်ဆိုင်မရောက်တာ အတော်ကြာသွားပြီ။ ဆိုဒ်ကိုလဲ လှည့်မကြည့်နိုင်ဘူးဗျာ။ အဘိုးက ဆေး၈ုံမှာ မဆင်းရသေးပါဘူး။ နောက်ထပ် နှစ်ပတ်လောက်နေရဦးမယ်ပြောတယ်။ ကျွန်တော့်မှာ မနက်ဆို ၆း၃၀ ဆိုကျောင်းသွားရပြီ။ ၁း၃၀ လောက် ကျောင်းကပြန်လာတော့လည်း ဆေး၈ုံတန်းသွားပြီး ညစောင့်ရတယ်။ နောက်တစ်နေ့ မနက် ၅း၀၀ နာရီလောက်ထပြီး အိမ်ပြန်ရတယ်။ လူကတော့ လူ၈ုပ်ကိုမပေါ်တော့ဘူး။ အတော်ပင်ပန်းပါတယ်။ ဖြစ်တာက အအေးမိပြီးလေဖြတ်ချင်သလိုဖြစ်သွားတာ။ ဂရုစိုက်နေရက်နဲ့ကိုပဲ ဖြစ်သွားတာပါ။ သူငယ်ချင်းတို့လဲ ကျန်းမာရေးဂရုစိုက်ကြဦးနော်။ တစ်ခုခုဖြစ်သွားရင်မလွယ်ဘူး။ ဆေး၈ုံမှာလေ ဆယ်ကျော်သက် လူငယ်တွေ လေဖြတ်ပြီးရောက်လာတာ အများကြီးပဲဗျ။ ငယ်ပါသေးတယ်ဆိုပြီးတော့ ပေါ့လျှော့မနေကြနဲ့နော်။ သတိပေးတာပါ။ ခုပြောချင်တာက C Box ပြောင်းလိုက်ရတဲ့အကြောင်းလေး။ ဘယ်လိုဖြစ်လို့ပြောင်းလိုက်ရလဲဆိုတော့ အရင်က ကျွန်တော် shout Mix သုံးတယ်။ ဒီကောင်က အစကတော့ Free Free နဲ့အော်နေတာ မျက်နှာကို တံတွေးစင်လောက်တယ်။ နောက်ပိုင်း Feature လေးတွေကြိုက်လို့ လူသုံးလဲများလာရော Premium Account (ပိုက်ဆံပေးရမယ့် အကောင့်) လုပ်ခိုင်းရော။ ဒါနဲ့ ကျွန်တော်လဲ မပြောင်းမဖြစ်လို့ပြောင်းလိုက်ရတော့တယ်။ အစက Chat Roll သုံးထားပေမယ့်ဒီကောင်က ရေးမယ့်သူဆီမှာ ကိုယ်ပိုင် Chat Roll အကောင့်တစ်ခုရှိမှ ရေးလို့ရမယ်ဆိုတော့ အဆင်ကသိပ်မပြေချင်ဘူး။ ဒါနဲ့ခုတော့ C Box ကိုထပ်ပြောင်းပေးလိုက်ပါတယ်။ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ ခုတော့ ခဏသည်းခံပေးကြပါဦးနော်။ နောက်ပိုင်းကျရင် Software တွေအစုလိုက်အပြုံလိုက်တင်ပေးမယ်နော်။ စိတ်ချ။ စုထားတာအများကြီးရှိနေပြီ။ လောလောဆယ်တော့ အလုပ်များနေတာရယ်၊ အသည်းကွဲနေတာရယ်ကြောင့်ဘာမှမတင်ပေးနိုင်သေးဘူးနော့်။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ။
ဆန္ဒများစွာဖြင့်
သန့်သူရဦး

0 ဦးမှတ်ချက်ရေးသွားတယ်။:

Post a Comment

သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။