Thursday, January 12, 2012

Download မရသူများ ခဏသည်းခံပေးပါ။

C Box မှာပထမဆုံး ညီလေး A ရာမင်း ကရေးသွားတယ်။ သူရေးတုံးက ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော်နားမလည်ဘူးဖြစ်နေလို့ ပြန်မေးထားတယ်။ ခုနောက်ပိုင်းကျမှ ကျွန်တော်သဘောပေါက်ပါတယ်။ ကျွန်တော်တို့ ifile.it ကသူ့ဆိုဒ်မှာအကောင့်မရှိရင် တစ်ခုခု ဒေါင်းဖို့ဆိုရင် သူပေးထားတဲ့စာကိုရိုက်ပေးရပါတယ်။ သူ့ဆိုဒ်မှာအကောင့်ရှိထားရင်တော့ စာရိုက်ပေးစရာမလိုပါဘူး။ ခုတလောမှာ ifile.it ကြီးချောင်းဆိုးနေပါတယ်။ ပြောတော့လည်း မပြောသာပါဘူး။ သူ့ခမျာ ကိုယ့်ပိုက်ဆံကိုယ်ထုတ်ပြီး Free Hosting ပေးနေရတာ ကျွန်တော်တို့တင်ရတဲ့သူတွေကလည်း အားတော့အနာသားဗျ။ ဒါပေမယ့်လည်း မြန်မာပြည်မှာ အဆင်အပြေဆုံးက ifile.it ဖြစ်နေတော့ ဒီကနေပဲ တင်ပေးနေတာ။ နောက်တော့ ကျွန်တော်တခြား Hosting တွေကနေ Download Link တွေထပ်ဖြည့်ပေးပါဦးမယ်။ Zshare, Mediafire, Filesonic တွေကနေထပ်တင်ပေးပြီး Download Link ထပ်ဖြည့်ပေးပါမယ်။ လောလောဆယ်တော့ သည်းခံပြီးသာ ဒေါင်းလိုက်ကြပါဦး။ ကျွန်တော်လဲ သိပ်အချိန်မရသေးလို့ပါ။ တစ်ခါမရရင် နှစ်ခါ ပြန်လုပ်ကြည့်ပါ။ ရလာပါလိမ့်မယ်။ ကျွန်တော်လည်း တစ်ခုခုဒေါင်းချင်ရင် နှစ်ခါလောက်ပြန်ဒေါင်းရပါတယ်။ အဆင်ပြေကြပါစေဗျာ။

0 ဦးမှတ်ချက်ရေးသွားတယ်။:

Post a Comment

သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။