မြန်မာ EBOOK များ

ဒီနေရာလေးမှာတော့ Photo Shop အကြောင်းမြန်မာလိုစာအုပ်များ၊ ကွန်ပြူတာနည်းပညာနှင့်ပတ်သတ်သောမြန်မာ EBOOK များနှင့် အခြားမြန်မာ EBOOK များတင်ပေးထားပါတယ်။

Wednesday, December 28, 2011

မေးလ်လိပ်စာပြောင်းလဲလိုက်ပါသည်။

သူငယ်ချင်းများခင်ဗျာ။ ကျွန်တော်အရင်သုံးတဲ့ thantthuraoo@blumail.org ကိုမသုံးတော့ပါဘူး။ ဒါကြောင့်အဲ့အကောင့်ထဲက သူငယ်ချင်းများ thantthuraoo@gmail.com ကိုအက်ပေးပါနော်။ ကွန်ပြူတာမေးခွန်းများအတွက်တော့ thantthuraoo@mmcfamily.org အကောင့်ကိုပဲဆက်သုံးပါမယ်။ မေးထားတဲ့မေးခွန်းတွေကိုလဲ ဇန်န၀ါရီ (၁) ရက်နေ့ကစပြန်ဖြေပေးပါတော့မယ်။ ဆိုဒ်ကိုလဲ မဖျက်တော့ပါဘူး။ ဆက်ရေးပါမယ်။ လေးစားစွာဖြင့် သန့်သူရ...

Saturday, December 17, 2011

DDOS တိုက်တဲ့ Softeare ဆိုပဲ။

မနေ့က အင်တာနက်ပေါ်လျှောက်မွှေလိုက်တာ DDOS တိုက်တဲ့ Software တစ်ခုကောက်ရလာတယ်ဗျာ။ ဘယ်လိုသုံးရလဲတော့ ကျွန်တော်လဲ မသိပါဘူး။ ကိုယ်ဟာကိုယ်သာ စမ်းကြည့်လိုက်ကြပါ။ သုံးတတ်ရင်လည်း သုံးပါ။ မသုံးတတ်ရင်လဲ မသုံးပါနဲ့။ ဘယ်လိုသုံးရသလဲဆိုတာ ကျွန်တော့်ကိုပြန်မမေးကြဖို့တော့ ကြိုပြောထားချင်ပါတယ်။ ဒီကောင်တွေကို ကျွန်တော် မသုံးတတ်သလို သုံးလဲ မသုံးပါဘူး။ ကျွန်တော်ဟာ နည်းပညာလိုက်စားသူတစ်ဦးသာဖြစ်ပါတယ်။ ကျွန်တော် Hacker တစ်ယောက်မဟုတ်ပါဘူး။ ကြိုးစားလေ့လာရတဲ့ အကျိုးရလဒ်က အမြဲတမ်းအဖြူရောင်မဖြစ်နိုင်ပေမယ့်...

Monday, December 12, 2011

Adobe After Effect CS3 Key Gen::

အောင်ကျော်ထွန်း "အစ်ကို ကျနော့်ကို adobe after effect cs3 ကီး သို့ crach လေးတင်ပေးလို့ရမလားခင်ဗျာ" တင်ပေးလိုက်ပါပြီ ကိုအောင်ကျော်ထွန်းရေ။ အဆင်ပြေပါစေဗျာ။ Key Gen: ကိုအပြင်မှာ ထုတ်ပေးထားသလို .exe နဲ့လဲ လုပ်ပေးထားပါတယ်။ ဒေါင်းဖို့က ဒီမှာ ပါ။ လုပ်ကြည့်လိုက်ပါ။ အဆင်မပြေရင်ပြန်ပြောပါ။ ကျွန်တော်ထပ်တင်ပေးပါ့မ...

Saturday, December 10, 2011

ကျွန်တော်နှင့် မြတ်စွယ်တော်ဖူး တစ်နေ့တာ အတွေ့အကြုံ။

ဒီနေ့မှပဲ ဆိုဒ်ပြင်တာပြီးတော့တယ်။ လူကို ခေါင်းတွေကို မူးနောက်နေတာပဲ။ 8.12.2011 က တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပင့်လာတဲ့ ဗုဒ္ဒမြတ်စွယ်တော်က ကျွန်တော်တို့ မန်းလေးကို ရောက်လာပါတယ်။ အဲဒါနဲ့ ကျွန်တော်လဲ 9.12.2011 မှသွားဖူးဖြစ်တယ်။ လူက သိပ်မရှိပါဘူး။ စောသေးလို့လဲဖြစ်နိုင်ပါတယ်။ ဒါနဲ့ ကျွန်တော်လဲ စွယ်တော်ကို နီးနီး ကပ်ကပ်ဖူးချင်တာနဲ့ အနီးဆုံးလိုင်းကို ၀င်တန်းစီလိုက်တယ်။ ပထမက တစ်တန်းကို တစ်ယောက် စီရတာပါ။ နောက်တော့ ဘယ်လိုဖြစ်သွားလဲ မသိဘူး။ တစ်တန်းကို နှစ်ယောက်ဖြစ်သွားရော။ အဲ့အချိန်ထိ ဘာမှမဖြစ်သေးပါဘူး။ ချောင်ပါသေးတယ်။ နောက်တော့ ဘယ်တောကတက်လာတဲ့ ဟာတွေမှန်းမသိဘူးကြာကနေ...

Thursday, November 24, 2011

Virtual DJ လိုချင်သူများအတွက်။

ဒီကောင်လေးကတော့ Virtual DJ ပါ။ ဘယ်လိုသုံးရလဲတော့ ကျွန်တော်လည်း မသိပါဘူး။ တောင်းလို့တင်ပေးလိုက်တာပါ။ လိုချင်ရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ။ Install မလုပ်တတ်ရင်ပြောပါ။ နောက်တော့မှ ကျွန်တော် ပြန်တင်ပေးပါမယ်။ လောလောဆယ်တော့ တင်ရမယ့် ပို့စ်တွေနဲ့ ဖြေပေးရမယ့် မေးခွန်း အကြွေးတွေ တော်တော်များနေလို့ ခဏတော့ သည်းခံပေး...

C++ Programming မြန်မာလို

ဒီကောင်လေးကတော့ C++ Programming စာအုပ်လေးပါ။ အထဲမှာ စာအုပ် သုံးအုပ် ပါပါတယ်။ ကျွန်တော်ကတော့ ဖတ်ပြီး ခေါင်းတွေမူးသွားလို့ ဆက်မဖတ်နိုင်တော့ဘူး။ အခြေခံကစ လေ့လာရင် ပိုကောင်းမယ်ထင်ပါတယ်။ နောက်တော့မှ C ရှာပြီး ထပ်တင်ပေးပါဦးမယ်။ လိုချင်င်တော့ ဒီမှာ ဒေါင်းလိုက်...

Thursday, November 17, 2011

ကိုဖိုးအေး မေးထားတဲ့ Media Fire Upload တင်နည်း။

phoaye.121@gmail.com :: အစ်ကိုရေ mediafire ကနေupload တင်နည်းလေးပြောပြပါလားအစ်ကို။ ကိုဖိုးအေး မေးထားတဲ့ Media Fire Upload တင်နည်းပါ။ပထမဆုံး http://www.mediafire.com ကိုသွားပါ။ပြီးတော့ အကောင့်တစ်ခုကို Sign Up မှာနှိပ်ပြီးအကောင့်ဖွင့်ပါ။ အကောင့်မဖွင့်ပဲလဲ တင်လို့ရပါတယ်။ ဒါပေမယ့် အကောင့်ဖွင့်ထားတော့ ကိုတင်ထားတဲ့ဟာလေးတွေကို လိုချင်တဲ့အချိန်မှာ တိတိကျကျရှာနိုင်တာပေါ့။ပြီးတော့လည်း ဘယ်ကောင်တွေလင့်ခ်သေနေပြီလဲ ဆိုတာတို့ကို ပြန်ကြည့်နိုင်တာပေါ့။ပြီးတော့ ကိုယ်တင်ထားခဲ့တဲ့...

Galary Utilities

ဒီကောင်လေးကတော့ Glary Utilities ဖြစ်ပါတယ်။ သုံးရတာ တော်တော်လွယ်ပါတယ်။ လွယ်သလောက်လည်း ကောင်းပါတယ်။ စပြီးတော့ Install လုပ်လိုက်ကြရအောင်ဗျာ။ ပထမဆုံး Glary Utilities Setup ကို ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ Glary Utilities Setup ကိုဖွင့်ပြီး Run လိုက်ပါ။ စစချင်း အသုံးပြုမယ့် ဘာသာစကား ကိုရွေးချယ်ပေးရပါမယ်။ English ကိုပဲရွေးပေးပြီးတော့ Ok ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။ ပြီးရင်တော့ Welcome Box ကျလာပါမယ်။ Next ကိုပဲနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။ ပြီးရင်တော့...

နေ့စဉ်သုံး အင်တာနက်

ဒီကောင်လေးကလည်း ကိုမျိုးသူရရေးထားတဲ့ နေ့စဉ်သုံးအင်တာနက်ပါ။ ချက်တင်ထိုင်နည်းကအစပါတယ်ဗျာ။ အင်တာနက်ကို ခုမှစသုံးမယ့်သူတွေအတွက်တော့ တော်တော်ကောင်းတယ်။ လိုချင်ရင်တော့ ဒီမှာ ယူ...

Download Section အကြောင်း

ကျွန်တော်ဆိုဒ်က Side Bar မှာ Download Section ထည့်ပေးထားပါပြီ။ ဒီနေရာလေးမှာတော့ ကျွန်တော့်ဆိုဒ်ကိုကြည့်တဲ့အခါမှာ လိုအပ်နေတာလေးတွေကိုပဲ တင်ပေးထားမှာပါ။ ဥပမာ - ကျွန်တော့်ဆိုဒ်ကိုဖတ်ဖို့အတွက် Zawgyi-one လိုမယ်ဗျာ။ အဲ့တော့ Zawgyi-one 32Bits, Zawgyi-one 64Bits အဲ့လိုလေးတွေပေါ့နော်။ နောက်ပြီးတော့ ဒေါင်းလုပ်ဆွဲမယ်ဆိုရင် ကျွန်တော်က တော်တော်များများက win.rar နဲ့ချုပ်ပြီးတင်ပေးထားတာဖြစ်တဲ့အတွက် ကျွန်တော့်ဆီကနေဒေါင်းလိုက်ပြီးတော့ စက်မှာ Win.rar ရှိမှဖိုင်ကိုဖြည်လို့ရမှာဖြစ်တဲ့အတွက် Win.rar 32Bits, Win.rar 64Bits စတာတွေပေါ့နော်။ နောက်လည်း ဆိုဒ်ကိုအသုံးပြုတဲ့နေရာမှာ...

Wednesday, November 16, 2011

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်တိုင်ရေး အထုတ်ပတ်တိ။

ခေါင်းစဉ်ကိုတော့ စာလုံးဆင့်တွေမရိုက်တတ်တော့လို့ဖြစ်သလိုရေးလိုက်ပြီဗျာ။ ဘာပဲဖြစ်ဖြစ် နားလည်ရင်ပြီးရောနော့။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးထားတဲ့ အထုတ်ပတ်တိပါ။ ခုချိန်ခါမှာ ဒီိလိုစာအုပ်မျိုးက တော်တော်ရှားသွားပါပြီ။ ဖတ်ကြည့်လိုက်ကြပါဦးဗျာ။ ကျွန်တော်တော့ဖတ်ပြီးတဲ့အချိန်မှာ ဗိုလ်ချုပ်ကို အရမ်းလည်းလေးစားသွားတယ်။ အရမ်းလည်း အားကျတယ်ဗျာ။ စာအုပ်ကိုတော့ ဒီမှာ ယူ...

A+ အကြောင်းမြန်မာလို

တောင်းတဲ့သူတွေများနေလို့တင်ပေးလိုက်တာပါ။ ကိုမျိုးသူရရေးထားတဲ့ A+ အကြောင်းမြန်မာလိုစာအုပ်ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုလောက်တော့ပြောချင်ပါတယ်။ကျွန်တော်ဆိုဒ်မှာ မြန်မာလိုရေးထားတဲ့၊ မြန်မာပြည်ကထုတ်တဲ့စာအုပ်တွေတင်ပေးတာဟာ နိုင်ငံခြားရောက်နေတဲ့ မြန်မာသူငယ်ချင်းတွေအတွက် အဓိကထားပြီးတင်ပေးပါတယ်။ ကိုယ့်မြန်မာပြည်မှာ ရှိနေတဲ့သူတွေကတော့ ဖြစ်နိုင်ရင် ကိုယ်ဟာကိုယ် ၀ယ်စေချင်ပါတယ်။ နိုင်ငံခြားဘာသာနဲ့ရေးထားတဲ့စာအုပ်တွေဆိုရင်တော့ လာထား အကုန်တင်ပေးလိုက်မှာပဲ။ ဒါပေမယ့် မြန်မာပြည်ကနေ မြန်မာဘာသာနဲ့ထုတ်တဲ့စာအုပ်တွေကျတော့ ကျွန်တော့်အနေနဲ့ ထုတ်ဝေသူကို လေးစားသောအားဖြင့်လည်း...

မေးထားတဲ့ Kaspersky Key ထည့်နည်း

thurazawkoko@gmail.com :: တခုလောက်မေးပါရစေ kespersky ကို activation လုပ်တာမှာ code no ကိုရိုက်သော်လည်း မရတာ ဘာတွေလိုအပ်နေသေးလို.ပါလဲ ဆိုတာဖြေကြားပေးစေချင်ပါတယ်။ ဒီကောင်လေးကို ကိုညီနေမင်းလည်းရေးပေးဖူးပါတယ်။ ကိုညီနေမင်းရေးပေးတာက ကီးရှိပြီးသားကို Update လုပ်တာပါ။ ကျွန်တော်ကတော့ ကီးမရှိတာကို ကီးထည့်ပါမယ်။ ပထမဆုံး Kaspersky 2012 နဲ့ ကီးတွေကို ဒီမှာ ယူပါ။ ပြီးရင် ရလာတဲ့ ဇစ်ဖိုင်ကိုဖြည်လိုက်ပါ။ အထဲမှာတွေ့ရတဲ့ Kaspersky 2012 ကိုကလစ်နှစ်ချက်နှိပ်ပြီး Run...

Sunday, November 13, 2011

သန့်သူရဦး ဆိုရှယ်ဆိုဒ် မန္တလာမြေ ဖွင့်လှစ်ပါပြီ။

သူငယ်ချင်းများအားလုံး မင်္ဂလာပါ။ကျွန်တော်တည်ထောင်ထားတဲ့ ဆိုရှယ်ဆိုဒ်၊ ကျွန်တော့်ရဲ့ ဒုတိယခြေလှမ်းဖြစ်တဲ့ မန္တလာမြေဆိုဒ်ရေးဆွဲခြင်းပြီးဆုံးပြီဖြစ်ပါတယ်။ ဒါကြောင့် 12.11.2011 ကစတင်ဖွင့်လှစ်လိုက်ပါပြီ။ သူငယ်ချင်းများလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။ လောလောဆယ်မှာ ကျွန်တော်ဆိုဒ်သုံးခု ရေးနေရပါတယ်။ ဒါကြောင့် ကျွန်တော်ဒီနည်းပညာ ဆိုဒ်ကိုလှည့်မကြည့်နိုင်သေးတာပါ။ နောက်တစ်ပတ်လောက်နေရင် ပြီးတော့မှာပါ။ ခဏလောက်ောတ့ သည်းခံပေးကြပါဦးနော်။ တင်ပေးစရာ၊ ဖြေပေးစရာ အကြွေးတွေလည်း တော်တော်များနေပါပြီ။ ဆိုဒ်တစ်ခုပြီးသွားတော့မှပဲ စိတ်အေးနိုင်တော့တယ်ဗျာ။ ဒါတောင်မှ သူငယ်ချင်းနှစ်ယောက်ဆိုဒ်က...

Wednesday, November 9, 2011

ထိုင်းကသူငယ်ချင်းများ ဖတ်ဖြစ်အောင်ဖတ်ပေးပါ။ (ထိုင်းရေဘေး အရေးပေါ် အထူးသတိပေးပြီ။)

Forward Mail ကနေရလို့ ပြန်ဖြန့်ပေးလိုက်တာပါ။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာလည်း ထိုင်းကသူငယ်ချင်းတွေပါနေလို့ပါ။ ကြုံခဲလှသော ရေဘေး ထိုင်းနိုင်ငံတွင်ယခုအခါ အလွန်ဆိုးဝါးစွာ ကြုံတွေ့ ခံစားနေကြရသည့်ဘန်ကောက်ရှိလူထုကိုယခင်က အရေးပေါ်ကြေငြာထားခြင်းရှိသော်လည်း ယခုအခါ ခန့်မှန်းတိုင်းတာတာထက် ဆိုးဝါးလာသည်ထက်ဆိုးဝါးလာပြီး အရေးပေါ် အထူးကြေငြာချက်ကို မနေ့က ထိုင်းအစိုးရမှ ထုတ်ပြန်ကြေငြာထားပြီးဖြစ်ပါသည်၊၊ ဘန်ကောက် ၊ မဟာချိုင်ဒေသတဝိုက်တွင်ထိုင်း၏အဓိကကျသောစက်မှု့ဇုန်တည်ရှိပြီး ၄င်း မဟာချိုင်ဒေသကို အတတ်နိုင်ဆုံးရေဘေးရှောင်ကွင်းနိုင်အောင်အစိုးရမှကြိုးပမ်းခဲ့သော်လည်းမအောင်မြင်ဖြစ်ပြီးနောက်...

Sunday, November 6, 2011

Product Key Finder လာပြီ။

ဒီကောင်လေးကတော့ Product Key Finder ပါပဲ။ ကျွန်တော်တို့ Software တွေကိုစက်ထဲ ထည့်တဲ့အခါမှာ တစ်ခါတစ်လေ၊ တစ်ချို့တစ်လေက Product Key တောင်းတတ်ပါတယ်။ ပိုက်ဆံပေးပြီးဝယ်ရင်တော့ တစ်ပါတည်းပါလာပေမယ့် ကျွန်တော်တို့နိုင်ငံမှာက ခွေတွေကို ကော်ပီရိုက်ပြီးရောင်းတာကြောင့်တစ်ချို့မှာ Product Key မပါပါဘူး။ တစ်ချို့ကောင်တွေက ရှာရတာလွယ်ပေမယ့် တစ်ချို့ကျတော့ အတော်ခက်ပါတယ်။ ဒီကောင်လေးတော့ အဲဒါတွေအတွက် အသုံးဝင်ပါလိမ့်မယ်။ နေမကောင်းလို့ ဒီတိုင်းပဲတင်လိုက်တော့မယ်လို့လုပ်နေတာ...

English-Myanmar Dictionary

ညီမလေးတစ်ယောက်တောင်းထားတာပါ။ အင်္ဂလိပ် ~ မြန်မာ အဘိဓာန် လိုချင်လို့ပါတဲ့။ တင်ပေးလိုက်ပါပြီဗျာ။ အဆင်ပြေပါစေ။ Install မလုပ်တတ်ရင် နောက်တော့ ကျွန်တော် ပြန်ရှင်းပြပေးပါ့မယ်။ လောလောဆယ်တော့ အလုပ်များနေလို့ပါ။ နေမကောင်းတာလည်း ပါပါတယ်။ ဆေးသွင်းနေရတာ သုံးရက်လောက်ရှိပါပြီ။ နေပြန်ကောင်းရင်တော့ ပို့စ်တွေတင်ပေးပါ့မယ်။ သေချာရှင်းပြပေးပါဦးမယ်။ အခုတော့ ခဏစောင့်ပေးပါဦးနော်။ ဒေါင်းဖို့က ဒီမှာ ...

Friday, November 4, 2011

Photo Shop အကြောင်း မြန်မာလို

Photo Shop ကိုခုမှစလေ့လာမယ့်သူများအတွက် အသုံးဝင်ပါလိမ့်မယ်။ Tools အသုံးပြုပုံတွေကို စနစ်တကျ သေသေချာချာ အသေးစိတ်ရှင်းပြထားပုံက အားရစရာပါ။ နောက်ပိုင်းမှာ ဓာတ်ပုံကို Pro: ကျကျဖန်တီးနိုင်လောက်တဲ့အထိကို အထောက်အပံ့ဖြစ်စေပါတယ်။ ဒီမှာ ယူ...

Window XP တင်နည်း မြန်မာလို

တလောက ညီလေးတစ်ယောက်မေးတာပါ။ တလောကဆိုတာ တော်တော်ကိုကြာခဲ့ပါပြီ။ ကိုညီနေမင်းဖခင်ဆုံးတုံးကပါ။ အဲ့တုံးက ကျွန်တော်လည်း ကိုညီနေမင်းဖခင်ဆုံးတဲ့ကိစ္စနဲ့ အလုပ်များနေလို့ ပြန်မဖြေပေးခဲ့လိုက်ပါဘူး။ ခုတော့တင်ပေးလိုက်ပါပြီညီလေးရေ။ စာအုပ် (၂) အုပ် ပါပါတယ်။ သေသေချာချာ ရှင်းပြပေးထားပါတယ်။ ဒီမှာ ဒေါင်းလိုက်ပါ။ အဆင်ပြေပါစေဗ...

Website ရေးနည်း မြန်မာလို

ဒီကောင်လေးကတော့ HTML Code နဲ့ Website Design ရေးနည်းလေးပါ။ အသေးစိတ်ရှင်းပြထားပုံလေးက ကျေနပ်စရာကောင်းလှပါတယ်။ ဖိုင်သုံးဖိုင်ပါပါတယ်။ လိုချင်ရင်တော့ ဒီမှာ ယူပါ။ ကျွန်တော်လည်း တမ်းပလိတ်ပြင်နေတာ မပြီးသေးပေမယ့် ပို့စ်တင်စရာတွေက တော်တော်များနေလို့ တမ်းပလိတ်ပြင်တာ ခဏရပ်ထားလိုက်ပါတယ်။ တစ်ဖြည်းဖြည်းချင်းပဲပြင်ပါတော့မယ်။ အရေးထဲ ချစ်သူက ဆိုင်ကယ်မှောက်လို့ ကျွန်တော်လည်း ဘာလုပ်ရမယ်မှန်းမသိဖြစ်နေတာပါ။ ဒါကြောင့်ဆိုဒ်ကိုလှည့်မကြည့်ဖြစ်တာလည်းပါပါတယ်။ ခုတလောမှာ လူကတော်တော်ကိုပဲ စိတ်ဆင်းရဲနေရပါတယ်။အားလုံးပဲအဆင်ပြေနိုင်ကြပါစေဗ...

Tuesday, November 1, 2011

HTML အကြောင်းမြန်မာလိုရေးထားတဲ့စာအုပ်။

HTML အကြောင်းမြန်မာလိုရေးထားတဲ့စာအုပ်လေးပါ။ စတင်လေ့လာသူများအတွက်အသုံးဝင်မယ်ထင်ပါတယ်။ ရှာတွေ့လို့တင်ပေးလိုက်တာပါ။ လိုချင်ရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ။နောက်ပိုင်း Website ရေးနည်းတွေရေးထားတဲ့စာအုပ်တွေရော တင်ပေးပါဦးမယ်။ ခဏတော့စောင့်ပေးကြပါ။ အားလုံးကိုချစ်တဲ့ သန့်သူရ...

Friday, October 28, 2011

Thant Thura Oo On MMC Faminy.

ဒီနေ့တောါ တခြားဟာတွေ မတင်တော့ဘူး။ မြန်မာချစ်သူမိသားစုမှာ ကျွန်တော် နည်းပညာ တာဝန်ခံလုပ်ပေးနေပါပြီ။ မြန်မာချစ်သူဆိုဒ်မှာလည်း တင်ပြီးပါပြီ။ အောက်မှာဖတ်နိုင်ပါတယ်။ မူရင်းလင့်ခ်ကတော့ ဒီမှာ ပါ။ မင်္ဂလာပါ မြန်မာချစ်သူမိသားစုဝင်များ ခင်မျာ ဒီနေရာလေးမှာ တော့ မြန်မာချစ်သူမိသားစုအတွင်း က အဖွဲဝင်များ အတွက် Computer နည်းပညာ နှင့် ပတ်သတ်သော အမေး အဖြေ ကဏ္ဍလေးများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မိသားစုဝင် သူငယ်ချင်းများ အနေတဲ့ Computer နည်းပညာ နှင့် ပတ်သတ် တဲ့ သိလိုတာများကို မေးမြန်းနိုင်မှာ ဖြစ်ပြီး ကျနော် တို့ မြန်မာချစ်သူမိသားစု ရဲ့ IT Moderator ကိုသန့်သူရဦး...

I am not the admin of BHG.!

ဒီပို့စ်လေဒတင်လိုက်ရတာ အကြောင်းရှိပါတယ်။ တလောက ကျွန်တော့်ဆရာ ကျွန်တော့ကိုမေးပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို BHG က အက်မင်ပါဆိုပြီး မေးလ်တွေလိုက်ဖြန့်နေတာဟုတ်လားလို့မေးပါတယ်။ ကျွန်တော်လည်းအဲ့တုံးကတော့ ပေါ့ပေါ့တန်တန်ပဲ မဟုတ်ကြောင်းပြောလိုက်ပါတယ်။ နောက်တော့လည်း မေ့မေ့ပျောက်ပျောက်ပါပဲ။ နောက်ပိုင်း ကွန်နက်ရှင်မကောင်းတာကြောင့်ရယ်၊ အလုပ်များနေတာရယ်ကြောင့် အွန်လိုင်းမတက်ဖြစ်တော့တာ ကြာသွားပါပြီ။ ဟိုတစ်နေ့က အွန်လိုင်းတက်လိုက်တော့ rootcreator ကကျွန်တော့ကိုမေးပါတယ်။...

Sunday, October 23, 2011

PDF to Word doc

ဒီကောင်လေးကတော့ PDF ကနေ Word ကိုပြောင်းတာပါ။ အသုံးပြုရတာ တော်တော်ရိုးရှင်းပါတယ်။ ပထမဆုံး pdf2wordsetup ကို ဒီမှာ ယူလိုက်ပါ။ ရလာတဲ့ pdf2wordsetup ကိုဖွင့်ပြီး Run လိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်း ဒီ Application ကို Install လုပ်၊ မလုပ် တောင်းပါလိမ့်မယ်။ Yes ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။ ဒါဆိုရင်တော့ Welcome Box လေးကျလာပါမယ်။ စာတွေကိုတော့ စိတ်ရှည်ရင်လည်းဖတ်ပေါ့။ ပြီးရင်တော့ Next ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။ ပြီးရင်တော့ ဒီကောင်လေး Install လုပ်မယ့်နေရာရွေးပေးရပါမယ်။...

Saturday, October 22, 2011

Planet

ဒီကောင်လေးကတော့ ကမ္ဘာလုံးပုံလုပ်တာပါ။ သိပ်တော့ မလှဘူး။ နမူနာပုံနဲ့ စာအုပ် ဒီမှာ ယူ...

မုန်ဆိတ်ရိတ်မယ်။

ကိုယ်ဟာကိုယ် မုတ်ဆိတ်ရိတ်တာ ဆိုဒ်ပေါ်တင်နေစရာလိုလို့လားလို့ အတွေးမစောလိုက်ကြပါနဲ့။ ကျွန်တော်တို့ ဓာတ်ပုံရိုက်တဲ့အခါမှာ မုတ်ဆိတ်မရိတ်မိကြဘူးဆိုရင် ဓာတ်ပုံထွက်လာရင် ကြည့်ရတာ တော်တော်၈ုပ်ဆိုးစေမှာ အမှန်ပါပဲ။ အဲဒါတွေကို ကိုယ်တိုင်ပြင်နိုင်ပါတယ်။ ဓာတ်ပုံဆိုင်တွေအတွက်လည်း အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ နမူနာပုံနဲ့ စာအုပ် တင်ပေးထားပါတယ်။ ဒီမှာ ယူနိုင်ပါတ...