Friday, October 28, 2011

I am not the admin of BHG.!


ဒီပို့စ်လေဒတင်လိုက်ရတာ အကြောင်းရှိပါတယ်။ တလောက ကျွန်တော့်ဆရာ ကျွန်တော့ကိုမေးပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို BHG က အက်မင်ပါဆိုပြီး မေးလ်တွေလိုက်ဖြန့်နေတာဟုတ်လားလို့မေးပါတယ်။ ကျွန်တော်လည်းအဲ့တုံးကတော့ ပေါ့ပေါ့တန်တန်ပဲ မဟုတ်ကြောင်းပြောလိုက်ပါတယ်။ နောက်တော့လည်း မေ့မေ့ပျောက်ပျောက်ပါပဲ။ နောက်ပိုင်း ကွန်နက်ရှင်မကောင်းတာကြောင့်ရယ်၊ အလုပ်များနေတာရယ်ကြောင့် အွန်လိုင်းမတက်ဖြစ်တော့တာ ကြာသွားပါပြီ။ ဟိုတစ်နေ့က အွန်လိုင်းတက်လိုက်တော့ rootcreator ကကျွန်တော့ကိုမေးပါတယ်။ ကျွန်တော်လည်း အဲ့တော့မှ ခေါင်းနားပန်းကြီးသွားပါတော့တယ်။ ဒါဟာ ဘယ်သူဖြန့်နေတာလဲ၊ ဘာရည်ရွယ်ချက်နဲ့ဖြန့်တာလဲ ကျွန်တော် မသိသေးပါဘူး။ ကျွန်တော် တစ်ခါတည်းရှင်းပြလိုက်ပါ့မယ်။ အရင်က ကျွန်တော့်သူငယ်ချင်းအကောင့် zinwaiphyoe@gmail.com ကိုသုံးပါတယ်။ အဲ့အကောင့်မှာ Display Name က Ko Thant Thura Oo ပါ။ အဲ့ဒီအကောင့်မှာ BHG Face Book ဆိုပြီးတော့ လင့်ခ်တစ်ခုပေးလို့ ၀င်ကြည့်လိုက်ကတည်းက အကောင့်ပါသွားတာပါ။ အဲဒီအကောင့်နဲ့ ဖြန့်တာလားတော့ ကျွန်တော်မသိပါဘူး။ သူငယ်ချင်းတို့ Mail ထဲမှာလည်း အဲ့မေးလ်ရောက်နေရင် ကျွန်တော့်အကောင့် thantthuraoo@blumail.org ကို Forward လုပ်ပေးပါ။ ကျွန်တော် အဲ့မေးလ်ကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဒါကြောင့် ကျွန်တော် တရားဝင်ရှင်းတာပါ။ BHG - Blink Hacker Group Admin ကျွန်တော် မဟုတ်ပါ။ BHG ကအစ်ကိုများကိုလည်း တောင်းပန်ပါတယ်။ ကျွန်တော် BHG ကိုလေးစားပါတယ်။ BHG Website က Followers နေရာမှာ ကျွန်တော် Follow လုပ်ထားတာ တွေ့နိုင်ပါတယ်။ သန့်သူရဦး (နည်းပညာ) နာမည်နဲ့ Follow လုပ်ထားတာပါ။ BHG အဖွဲ့ ဖျက်သိမ်းမယ်ဆိုတုံးကလည်း ကျွန်တော် မဖျက်သိမ်းဖို့တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် နောက်ထပ် ထပ်ပြောချင်ပါသေးတယ်။ BHG - Blink Hacker Group Admin ကျွန်တော် မဟုတ်ပါ။
လေးစားစွာဖြင့်
သန့်သူရဦး

0 ဦးမှတ်ချက်ရေးသွားတယ်။:

Post a Comment

သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။