Sunday, October 23, 2011

PDF to Word doc


ဒီကောင်လေးကတော့ PDF ကနေ Word ကိုပြောင်းတာပါ။ အသုံးပြုရတာ တော်တော်ရိုးရှင်းပါတယ်။ ပထမဆုံး pdf2wordsetup ကို ဒီမှာ ယူလိုက်ပါ။ ရလာတဲ့ pdf2wordsetup ကိုဖွင့်ပြီး Run လိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်း ဒီ Application ကို Install လုပ်၊ မလုပ် တောင်းပါလိမ့်မယ်။ Yes ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ဒါဆိုရင်တော့ Welcome Box လေးကျလာပါမယ်။ စာတွေကိုတော့ စိတ်ရှည်ရင်လည်းဖတ်ပေါ့။ ပြီးရင်တော့ Next ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ ဒီကောင်လေး Install လုပ်မယ့်နေရာရွေးပေးရပါမယ်။ အောက်မှာပေးထားတဲ့အတိုင်းပါ။ သူပေးထားတဲ့နေရာ မကြိုက်ရင်တော့ ဘေးက Browse ကိုနှိပ်ပြီးကိုယ်ကြိုက်တာပြောင်းပေးလိုက်ပေါ့။ အောက်မှာကြည့်ပါ။
ဒါဆိုရင် နောက်ထပ်ကျလာမယ့် Box ကဒီကောင်လေး Start Menu Folder လုပ်မယ့် နာမည်ကိုရွေးပေးရပါမယ်။ သူကတော့ နဂိုကပေးထားပြီးသားပါပါတယ်။ မကြိုက်ရင်တော့ ကိုယ့်ဟာကိုယ်ရွေးပေါ့။ နောက်ပြီးတော့ Start Menu Folder မလုပ်ချင်ဘူးဆိုရင်လည်း အောက်မှာပေးထားတဲ့ Don't create start menu folder ဘေးမှာ အမှန်ခြစ်ပေးလိုက်ပေါ့။ ပြီးရင် Next ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။
နောက်ထပ်ကျလာမယ့် Box ကတော့ Install လုပ်မယ့် အချက်အလက်တွေနဲ့ ပက်သက်တာတွေကိုပြောပြပေးတဲ့ ကောင်လေးပါ။ မကြိုက်တာများရှိနေရင် Back ကိုနှိပ်ပြီးပြန်ပြင်နိုင်ပါတယ်။ ကြိုက်ပြီဆိုရင်တော့ Install ကိုပဲနှိပ်ပေးလိုက်ပါ။အောက်မှာကြည့်ပါ။
ဒါဆိုရင်တော့ အောက်မှာပြထားတဲ့အတိုင်း Install လုပ်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။
ပြီးသွားရင်တော့ Install လုပ်ပြီးကြောင်း အသိပေးတဲ့ Box လေးကျလာပါမယ်။ အောက်မှာပြထားတဲ့အတိုင်းပါ။ Finish ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်းပါ။
ဒါဆိုရင်တော့ PDF to Word Application ကိုအောင်မြင်စွာ Install လုပ်နိုင်ပြီဖြစ်လို့ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ပျော်ရွှင်စွာ အသုံးပြုနိုင်ကြပါစေ။
ဆန္ဒများစွာဖြင့်
သန့်သူရဦး

0 ဦးမှတ်ချက်ရေးသွားတယ်။:

Post a Comment

သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။