မြန်မာ EBOOK များ

ဒီနေရာလေးမှာတော့ Photo Shop အကြောင်းမြန်မာလိုစာအုပ်များ၊ ကွန်ပြူတာနည်းပညာနှင့်ပတ်သတ်သောမြန်မာ EBOOK များနှင့် အခြားမြန်မာ EBOOK များတင်ပေးထားပါတယ်။

Saturday, February 18, 2012

USB FORMATTERS

ခိုင်မင်း: အစ်ကိုရေ...ကျွန်တော့် မမ်မိုရီစတစ်ထဲက ဖိုင်တွေ ဖျက်လို့မရလို့... ဖောမက်ရိုက်လို့လည်း မရဘူးဖြစ်နေတယ် USB Formatter နှစ်ခုတင်ပေးလိုက်ပါတယ်ညီရေ။ Zip File နော်။ အထဲမှာ တစ်ခုက Installer၊ နောက်တစ်ခုက Portable ။ အဆင်ပြေရာနဲ့ရိုက်ပါ။ ဒီနှစ်ခုနဲ့မှအဆင်မပြေသေးဘူးဆိုရင်ပြန်ပြောပါ။ ထပ်ရှာပြီးတင်ပေးမယ်။ Hosting သုံးခုကနေတင်ပေးထားတယ်နော်။ အဆင်ပြေရာကနေသာဒေါင်းလိုက်။ ဖိုင်ဆိုဒ်လည်း မကြီးဘူး။ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ Download -- Media Fire, Ifile, Zi...

Thursday, February 16, 2012

17-Feb-2012 မှာကျွန်တော့်အသက် 17 နှစ်ပြည့်ပါပြီ။

ဒီပို့စ်လေးကိုရေးတဲ့နေ့က 17-2-2012 သောကြာနေ့ပါ။ ကျွန်တော့်ရဲ့အသက် 17 နှစ်ပြည့်တဲ့နေ့ပေါ့။ ကျွန်တော့်ရဲ့ဖေဖေ ဦးသော်တာဦးနဲ့ ကျွန်တော့်ရဲ့မေမေ ဒေါ်သိန်းစန်းမြင့်တို့ကနေ ကျွန်တော့်ကိုမွေးဖွားပေးခဲ့တာ ဒီနေ့ဆိုရင် 17 နှစ်တောင်ရှိခဲ့ပြီ။ ဒီနေ့ ဒီအချိန်အထိ မိဘတွေအပေါ်မှာ ကျွန်တော်ကောင်းခဲ့တာ မရှိသလောက်ပါပဲ။ ဒါပေမယ့် ဖေဖေနဲ့မေမေကတော့ ဘယ်တော့မှ မပြစ်မယူခွင့်လွှတ်နေမြဲပါ။ အသက်တစ်နှစ်ပိုကြီးလာသလို အတွေးအခေါ်၊ စိတ်ဓာတ်တွေလည်းပြောင်းလဲဖို့တော့လိုနေပါပြီ။ အရင်ကလို ကလေးဆန်ဆန် ဆိုးခဲ့တာတွေအတွက် မိဘနှစ်ပါးကို ဒီနေရာလေးကနေ ဦးခိုက်တောင်းပန်ပါတယ်။ ဒီနေ့ကစလို့ သားကောင်းတစ်ယောက်ဖြစ်အောင်နေပါတော့မယ်လို့...

Tuesday, February 14, 2012

Blogging အပိုင်း (၃)

Blog တည်ဆောက်ပြီးပြီဆိုတော့ ပို့စ်တစ်ခုလောက်စတင်ကြည့်ရအောင်။ ပို့စ်တင်တဲ့နေရာမှာ နှစ်နေရာရှိတယ်။ တစ်ခုက Compose၊ နောက်တစ်ခုက Edit HTML။ ကျွန်တော်တို့တင်တဲ့နေရာမှာ Edit HTML ကနေပဲတင်ရမယ်။ ဘာလို့လဲဆိုတော့ Compose ကစာတွေကိုအစီအစဉ်ချပေးဖို့သာဖြစ်တယ်။ စာရေးဖို့မဟုတ်ဘူး။ အစီအစဉ်ချတယ်ဆိုတာက စာတွေကို ဘေး၊ ဘယ်ညာ၊ အလယ် ဘယ်မှာထားမလဲဆိုတာ၊ ပုံတွေကို ဘေး၊ဘယ်ညာ ညှိတာ၊ စာသားအရောင်ထည့်တာ၊စာလုံးပုံစံပြောင်းတာ၊ နံပါတ်စဉ်တပ်တာ၊ Movie တွေတင်တာ စတဲ့အလုပ်တွေကိုလုပ်ပေးဖို့ပဲဖြစ်တယ်။...

ရတနာပုံတက္ကသိုလ်အတွက် ဆိုဒ်

ရတနာပုံတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ကြသော အစ်ကိုအစ်မများ၊ တက်ရောက်နေဆဲ သူငယ်ချင်းများ၊ နောက်တက်ရောက်မည့် ညီ၊ ညီမ များအတွက် ရတနာပုံတက္ကသိုလ်ဆိုရှယ်ဆိုဒ်တစ်ခုရေးဆွဲပြီးကြောင်း ကြေငြာလိုပါတယ်။ လင့်ခ်ကတော့ http://www.yadanarbonuniversity.wall.fm ဖြစ်ပါတယ်။ နောက်ပြီးတော့ တစ်ခုပြောချင်တာက ကျွန်တော်အခု Hosting တစ်ခုဝယ်ပါတော့မယ်။ ပြီးတာနဲ့ Free domain ပေးပါမယ်။ နောက်ပြီးတော့ ဒီဆိုဒ်ထဲမှာရှိတဲ့ဒေါင်းလော့လင့်ခ်တွေကိုလည်း ဘယ်တော့မှမသေအောင်တင်ပေးနိုင်ပါတော့မယ်။ နောက်ပြီးတော့ Free Mail လည်းပေးပါမယ်။ ဒါကတော့ နောက်အစီအစဉ်ပေါ့နော်။ မလေးမှာရောက်နေတဲ့အစ်ကိုတစ်ယောက်က...

Saturday, February 11, 2012

ကျွန်တော်ဖျားနေလို့ ပို့စ်တွေမတင်ဖြစ်တာတောင်းပန်ပါတယ်။

အားလုံးကို ကျွန်တော်တော်တောင်းပန်ပါတယ်။ ကျွန်တော်ဖျားနေလို့ ပို့စ်တွေမတင်ဖြစ်တာပါ။ အဖျား 102 ရှိပါတယ်။ ခုတော့ကောင်းသွားပါပြီ။ ပို့စ်တွေလည်းဆက်တင်ပေးပါတော့မယ်။ အရင်ကဆို တစ်ခါဖျားရင် နှစ်ပတ်လောက် လူကို ကော့နေအောင်ခံရတာ။ ခုတော့ သုံးရက်ပဲဗျ။ ဘာလို့လဲဆိုတော့ အကြောင်းရှိတယ်လေ။ ဘာအကြောင်းလဲဆိုတော့ ချစ်သူက ဖုန်းထဲကနေ အားတွေပေး၊ ဆေးတွေတိုက်လုပ်ပေးတော့ ခုလိုမြန်မြန်နေကောင်းလာနိုင်တာပေါ့နော်။ မေးခွန်းတွေကိုတော့ Blogging ကိုကြားဖြတ်ဖြတ်ပြီးတင်ပေးမှဖြစ်တော့မယ်ဗျ။ Blogging ပြီးမှတင်ပေးမလို့လုပ်နေတာ အဆင်မပြေနိုင်လို့ပါ။ အဲ့တော့ နဲနဲချင်း နဲနဲချင်း ဖြတ်ဖြတ်တင...

ကွန်ပြူတာမေးခွန်းများနှင့်အဖြေများ စုစည်းမှု

မေး ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာပါလဲဟင် ဖြေ ကွန်ပျူတာအတွက်ရမ်ပုလင်းပါ မေး တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ ဖြေ ဂစ်လို့ အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ် ဆက်ဖတ်ကြည့်ရအောင် မေး email ပို့ နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင်အကောင်းဆုံးပါလဲ ဖြေ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ မေး ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ် ပြောနိုင်မလား ဖြေ ဟုတ်ကဲ့ရပါတယ် ...

Tuesday, February 7, 2012

Blogging အပိုင်း (၂)

အခု Blog စရေးရအောင်။Blog တစ်ခုစတင်တည်ဆောက်ဖို့အတွက် www.blogger.com ကိုသွားပါမယ်။ အောက်မှာမြင်ရတဲ့အတိုင်း Gmail Login ၀င်သလိုစာမျက်နှာမျိုးလေးကျလာတာကိုတွေ့ရပါမယ်။ အဲဒီမှာ မနေ့ကဖွင့်ခဲ့တဲ့အကောင့်အသစ်ရဲ့ Username နဲ့ Password ရိုက်ထည့်လိုက်ပါ။အောက်မှာကြည့်ပါ။ Username, Password ရိုက်ထည့်လိုက်တာနဲ့ အောက်မှာပြထားသလို Blog တစ်ခုစလုပ်ရပါတော့မယ်။ အောက်မှာကြည့်လိုက်ပါ။ သင်ဖော်ပြချင်တဲ့အမည်ဆိုတာကတော့ ဘလော့ဂ်မှာ ပို့စ်ကိုဘယ်သူရေးတယ်ဆိုပြီးပြပါမယ်။ ဘာလို့တောင်းရသလဲဆိုတာကို...

Monday, February 6, 2012

Blogging အပိုင်း (၁) (OR) Gmail Account အသစ်ဖွင့်နည်း

အခု Blog တစ်ခုကို ကိုယ်တိုင်လုပ်ကိုင်ဖန်တီးကြရအောင်။ ပထမဆုံးအနေနဲ့ Blog တစ်ခုလုပ်ဖို့အတွက် Google Mail ( G-Mail ) တစ်ခုရှိဖို့လိုပါတယ်။ ဒီ G-Mail ကိုအကောင့်အသစ်ဖွင့်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ မိမိ Blog လုံခြုံရေးအတွက်ပါ။ Username မသိတဲ့အကောင့်တစ်ခုကိုဘယ်လိုမှ Hack ဖို့မဖြစ်နိုင်ပါဘူး။ မိမိ Blog ရေးသားတဲ့အကောင့်ကိုဘယ်သူ့ကိုမှပေးမသိပါနဲ့၊ Blog ရေးတဲ့အကောင့်နဲ့ Chatting, Mail လုံးဝမသုံးပါနဲ့၊ ပြီးတော့ အကောင့်စဖွင့်ရက်၊ Blogger စသုံးရက်၊ တကယ်လို့ကိုယ်က...

Sunday, February 5, 2012

အထူးအစီအစဉ်

အားလုံးပဲ မင်္ဂလာပါ။ အခုကျွန်တော်ပြောချင်တာက ကျွန်တော့်ဆိုဒ်မှာ သင်တန်းလေးတွေပေးဖို့စီစဉ်ထားတယ်ဆိုတာလေးပါ။ သင်တန်းဆိုလို့ ကြီးကြီးမားမားကြီးတွေတော့မဟုတ်ပါဘူး။ Blogging, Ubuntu, စတာလေးတွေပါ။ ပထမဆုံးအနေနဲ့ ဒီပို့စ်ရဲ့နောက်ကနေစပြီး Blogging ကိုစသင်ပေးပါမယ်။ Blog တစ်ခုကိုဘယ်လိုစရေးရမလဲ၊ ကိုယ့် Blog ကိုလုံခြုံအောင်ဘယ်လိုလုပ်ရမလဲ၊ Blog လေးကိုလှလှပပလေးဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ ပြီးတော့ ကိုယ်ပိုင် blog လှလှလေးတစ်ခုတည်ဆောင်နိုင်အောင် တစ်ဆင့်ချင်းအခြေခံကစရေးပေးပါမယ်။ ဒီကောင်လေးကိုရေးပေးရတဲ့အကြောင်းက ကျွန်တော့်ဆီကိုမေးလာကြပါတယ်။ Blog တစ်ခုလုပ်ချင်တယ်၊ မလုပ်တတ်ဘူး။...

Free USB Disk Security 2012

ဒီကောင်လေးကတော့ Free USB Disk Security 2012 ပါ။ အောက်မှာဒေါင်းလိုက်ပါ။ ကိုယ်တိုင် Install လုပ်ကြည့်လိုက်ကြပါဦး။ မရရင်ပြောပါ။ ကျွန်တော်ပြန်ရှင်းပြပါ့မယ်။ ဒေါင်းဖို့ Hosting သုံးခုကနေတင်ပေးထားပါတယ်။ အဆင်ပြေတဲ့ Hosting ကနေဒေါင်းလိုက်ကြပါ။ Download -- Ifile, Media Fire, Zi...