Saturday, February 11, 2012

ကွန်ပြူတာမေးခွန်းများနှင့်အဖြေများ စုစည်းမှု

မေး ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာပါလဲဟင်
ဖြေ ကွန်ပျူတာအတွက်ရမ်ပုလင်းပါ

မေး တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ
ဖြေ ဂစ်လို့ အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ်

ဆက်ဖတ်ကြည့်ရအောင်

မေး email ပို့ နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင်အကောင်းဆုံးပါလဲ
ဖြေ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ


မေး ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ် ပြောနိုင်မလား
ဖြေ ဟုတ်ကဲ့ရပါတယ်

၁။ systemပုံးကိုအရင်ဖွင့်ပါ
၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ် အကုန်ဖြုတ်ပါ။
၃။ပြီးရင်တော့ဆပ်ပြာမှုန့် များများနဲ့ ဖျော်ထားတဲ့ ဇလုံထဲကိုထည့်ပြီး Decogen
နဲ့ တစ်ညစိမ်ပါ
၎ ။ နောက်တစ်နေ့ ကျပြန်ဆေးကြောပြီးနေပူပူမှာ လှမ်းပါ။
၅ ။ ခြောက်သွေ့ သွားသောအခါပစ္စည်းများကိုနေရာတကျ ပြန်တတ်ပါ
၆။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော် ရွှင်ဖွယ်တွေ ရပါလိမ့် မည်။
၇ ။ နောက်ပိုင်းသုံးရင်SYSTEM
ပုံးကိုဗိုင်းရပ်စ်ထပ်မ၀င်အောင် နေပူထဲထားကာအသုံးပြုပါဟု

မေး သမီးကွန်ပျူတာအရမ်းလေးနေလို့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး
ဖြေ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။ ဒါမှလေးနေရင်ပါဝါစပလိုင်းထပ်ပါဖြုတ်ထား
လိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ်

မေး ကျွှန်တော်တို့ ဘက်ကမီးမှန်ဘူး ။ UPS ကလဲသိပ်မကောင်းတော့ မီးပျက်ချိန်
ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ
ဖြေ UPS နဲ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။ ချက်ချင်းပိတ်သွားရစေမယ်

မေး ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ။
ဖြေ ဆိုင်ပို့ လိုက်ပါ

မေး ကျွှန်တော့်window ကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲ
window မှာပြသနာရှိလို့ လား
ဖြေ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲ ထိုးပေးပါ ။

ကဲဆက်ဖြေမယ်နော်

မေး အင်တာနက်သုံးဖို့ ဘာလိုအပ်ပါသလဲရှင်
ဖြေ ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား

မေး သမီးပို့ လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ
ဖြေ ဖုံးဆက်ပြီးမေးကြည့်ပါ။

မေး အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ
ဖြေ အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို့ ရှိရင်ဗိုင်းရပ်စ် ပါလို့ ပေါ့ကွယ်။


ဆိုဒ်မှာ ဟာသလေးတွေမတင်ရတာကြာပြီမို့တင်လိုက်တာပါ။ ကိုရွေဆည်သား ဆိုဒ်ကနေ မ လာတာပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ။

2 ဦးမှတ်ချက်ရေးသွားတယ်။:

သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။