Thursday, February 16, 2012

17-Feb-2012 မှာကျွန်တော့်အသက် 17 နှစ်ပြည့်ပါပြီ။

ဒီပို့စ်လေးကိုရေးတဲ့နေ့က 17-2-2012 သောကြာနေ့ပါ။ ကျွန်တော့်ရဲ့အသက် 17 နှစ်ပြည့်တဲ့နေ့ပေါ့။ ကျွန်တော့်ရဲ့ဖေဖေ ဦးသော်တာဦးနဲ့ ကျွန်တော့်ရဲ့မေမေ ဒေါ်သိန်းစန်းမြင့်တို့ကနေ ကျွန်တော့်ကိုမွေးဖွားပေးခဲ့တာ ဒီနေ့ဆိုရင် 17 နှစ်တောင်ရှိခဲ့ပြီ။ ဒီနေ့ ဒီအချိန်အထိ မိဘတွေအပေါ်မှာ ကျွန်တော်ကောင်းခဲ့တာ မရှိသလောက်ပါပဲ။ ဒါပေမယ့် ဖေဖေနဲ့မေမေကတော့ ဘယ်တော့မှ မပြစ်မယူခွင့်လွှတ်နေမြဲပါ။ အသက်တစ်နှစ်ပိုကြီးလာသလို အတွေးအခေါ်၊ စိတ်ဓာတ်တွေလည်းပြောင်းလဲဖို့တော့လိုနေပါပြီ။ အရင်ကလို ကလေးဆန်ဆန် ဆိုးခဲ့တာတွေအတွက် မိဘနှစ်ပါးကို ဒီနေရာလေးကနေ ဦးခိုက်တောင်းပန်ပါတယ်။ ဒီနေ့ကစလို့ သားကောင်းတစ်ယောက်ဖြစ်အောင်နေပါတော့မယ်လို့ ကတိပေးပါတယ်။ ဖေဖေနဲ့မေမေကို ဘယ်တော့မှစိတ်မဆင်းရဲစေရတော့ပါဘူး။ အရင်မွေးနေ့တွေတုံးကဆိုရင် ဖေဖေနဲ့ မေမေနဲ့ မွေးနေ့ကိုအတူတူဖြတ်သန်းခဲ့ကြပါတယ်။ ဒီနှစ်တော့ ကျွန်တော့်ဘေးမှာ ဖေဖေမရှိခဲ့ပါဘူး။ ဒါပေမယ့် ဖေဖေ သားစိတ်ထဲမှာ ဖေဖေကအမြဲတမ်းရှိနေပါတယ်။ သားရဲ့စံပြပုဂ္ဂိုလ် တစ်ဦးဟာ ဖေဖေပါပဲ။ သားဖေဖေ့ကိုအမြဲလေးစားပါတယ်။ အမြဲလည်းသတိရနေပါတယ်။ ဒီဆိုဒ်ကိုရေးခဲ့တဲ့အတွက်ကြောင့် သားကိုခွဲခွာခဲ့တဲ့ဖေဖေ၊ ဖေဖေ့သားက ဖေဖေထင်ထားတဲ့ သာမန်သားလေးတစ်ယောက် မဟုတ်ခဲ့ပါဘူးဖေဖေ။ အများအတွက်၊ တိုင်းပြည်နဲ့လူမျိုးအတွက် အမြဲကြိုးစားနေတဲ့ သားကောင်းတစ်ယောက်ဆိုတာ ဒီဆိုဒ်လေးကိုမြင်ရင် ဖေဖေသားကိုခွင့်လွှတ်နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဖေဖေသားကိုနာလည်မပေးနိုင်လို့ ခွဲခွာခဲ့တာကို သားနားလည်ပါတယ်။ သားကိုချစ်လွန်းလို့ စိုးရိမ်ပြီး တာခဲ့တာကို သားဆက်လုပ်ခဲ့တဲ့အတွက် ဖေဖေသားကိုခွဲခွာခဲ့တာ သားနားလည်ပါတယ် ဖေဖေ။ သားမွေးနေ့မှာ ဖေဖေနဲ့မေမေကိုရည်မှန်းပြီး ဒီပို့စ်လေးနဲ့အတူ ကန်တော့လိုက်ပါတယ်။
ဖေဖေနဲ့မေမေ ကိုအရမ်းချစ်တဲ့
သားကြီး
သန့်သူရဦး

မိသားစုဆိုတာ-----
F-ather
A-nd
M-other
I
L-ove
Y-ou

2 ဦးမှတ်ချက်ရေးသွားတယ်။:

  1. To me, you are more mature than your age.....
    Your Dad will understand you and love you forever ...
    Wish you to have a good time with your family .....

    ReplyDelete
  2. နောင်ဘ၀ဆိုတာရှိခဲ့ရင် အမြဲတမ်းအတူနေခွင့်ရပါစေလို့ဆုတောင်းပါတယ်။ မရည်ရွယ်ထားတဲ့အမှားတစ်ခုကို ကျူးလွန်ခဲ့မိတဲ့အတွက်စိတ်မကောင်းပါဘူး။ အဲဒီ့နေ့က ဘယ်သူနဲ့မှမသွားခဲ့ပါဘူး။ ဖုန်းပြောနေတဲ့အချိန်အနားမှာရှိနေပါတယ်။ ခွင့်လွှတ်ပါလို့မတောင်းဆိုပါဘူး။ ခံစားနေရတယ်ဆိုတာတော့ယုံပေးပါ။ 14ရက်နေ့တုန်းကပြောခဲ့တဲ့စကားတွေကြောင့်အဲဒီ့နေ့ကဖုန်းကို ကိုကိုကြီးကိုပြောခိုင်းလိုက်တာပါ။ သူငယ်ချင်းလိုသဘောထားသေးရင်ဆက်သွယ်နိုင်ပါတယ်။ အမြဲတမ်းမျှော်နေမှာပါ။

    ReplyDelete

သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။