Sunday, February 5, 2012

အထူးအစီအစဉ်

အားလုံးပဲ မင်္ဂလာပါ။ အခုကျွန်တော်ပြောချင်တာက ကျွန်တော့်ဆိုဒ်မှာ သင်တန်းလေးတွေပေးဖို့စီစဉ်ထားတယ်ဆိုတာလေးပါ။ သင်တန်းဆိုလို့ ကြီးကြီးမားမားကြီးတွေတော့မဟုတ်ပါဘူး။ Blogging, Ubuntu, စတာလေးတွေပါ။ ပထမဆုံးအနေနဲ့ ဒီပို့စ်ရဲ့နောက်ကနေစပြီး Blogging ကိုစသင်ပေးပါမယ်။ Blog တစ်ခုကိုဘယ်လိုစရေးရမလဲ၊ ကိုယ့် Blog ကိုလုံခြုံအောင်ဘယ်လိုလုပ်ရမလဲ၊ Blog လေးကိုလှလှပပလေးဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ ပြီးတော့ ကိုယ်ပိုင် blog လှလှလေးတစ်ခုတည်ဆောင်နိုင်အောင် တစ်ဆင့်ချင်းအခြေခံကစရေးပေးပါမယ်။ ဒီကောင်လေးကိုရေးပေးရတဲ့အကြောင်းက ကျွန်တော့်ဆီကိုမေးလာကြပါတယ်။ Blog တစ်ခုလုပ်ချင်တယ်၊ မလုပ်တတ်ဘူး။ လုပ်ရင်လည်း လှလှပပထွက်မလာဘူး၊ ဘယ်လိုလုပ်ရမလဲ ဆိုတာတွေအမြဲလိုလိုအမေးခံနေရလို့ပါ။ အဲ့တော့ ဒီ Blogging လေးကိုအရင်သင်တန်းပေးပါမယ်။ ပြီးရင် ခုနောက်ပိုင်းခေတ်စားနေတဲ့ Ubuntu သင်တန်းစပေးပါတော့မယ်။ အားလုံးပဲ စောင့်မျှော်၈ှုစားလိုက်ကြပါဦးနော်။
အားလုံးကိုချစ်တဲ့
သန့်သူရဦး

0 ဦးမှတ်ချက်ရေးသွားတယ်။:

Post a Comment

သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။