မြန်မာ EBOOK များ

ဒီနေရာလေးမှာတော့ Photo Shop အကြောင်းမြန်မာလိုစာအုပ်များ၊ ကွန်ပြူတာနည်းပညာနှင့်ပတ်သတ်သောမြန်မာ EBOOK များနှင့် အခြားမြန်မာ EBOOK များတင်ပေးထားပါတယ်။

Software, Application များ

ဒီနေရာလေးမှာတော့ တောင်းဆိုထားသမျှနှင့် တွေ့ရှိထားသမျှ Software လေးများကို Serial Number, Key Gen:, Crack File များနှင့်တကွ Full Version ရအောင်တင်ပေးထားပါတယ်။

ကွန်ပြူတာမေးခွန်းများနှင့်အဖြေများ

ဒီနေရာလေးမှာတော့မေးမြန်းထားတဲ့ကွန်ပြူတာမေးခွန်းများကိုမေးခွန်းများနှင့်အဖြေများတွဲလျှက်ဖော်ပြပေးထားပါတယ်။ မေးမြန်းလိုသည်များရှိပါက thantthuraoo@mmcfamily.org သို့မေးလ်ပို့မေးမြန်းနိုင်ပါသည်။အဖြေများကို Website တွင်ဖော်ပြပေးပါမည်။

ရင်ထဲက ကဗျာလေးများ

ဒီကဗျာလေးတွေကတော့ ကျွန်တော့ချစ်သူအတွက်ကိုယ်တိုင်ရေးထားတဲ့ကဗျာလေးတွေဖြစ်ပါတယ်။ ကျွန်တော်တစ်ဦးတည်းမူပိုင်ဖြစ်တာကြောင့် ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါတယ်။

ဟာသလေးများ

ရယ်သောသူအသက်ရှည်၏လို့ စာကတော့ဆိုထားတယ်ဗျ။ ဘ၀အမောတွေပြေပျောက်စေဖို့ ပေါ့ပေါ့ပါးပါးရယ်မောလိုက်ကြရအောင်နော်။

Showing posts with label Applications. Show all posts
Showing posts with label Applications. Show all posts

Thursday, March 1, 2012

Folder Lock ချချင်သူများအတွက် Folder Lock 6.5.2 ( Portable )

သူငယ်ချင်းတစ်ယောက် နားပူတိုက်နေလို့ မအားတဲ့ကြားကနေ ရှာပေးလိုက်ရပါတယ်။ Folder တွေကို Lock ချချင်လို့ပါတဲ့။ အောက်မှာ ဒေါင်းလိုက်ပါ။ ခုတလော စာမေးပွဲကလည်းနီးနေပါပြီ။ ဖြေရပါတော့မယ်။ ကျွန်တော်လည်းကျူရှင်တက်ရ ကျောင်းတက်ရနဲ့ အချိန်ဆင်းရဲနေပါတယ်။ ဒါကြောင့် ခဏလောက်သည်းခံပေးကြပါ။ 19.3.2012 မှာစာမေးပွဲစဖြေရပါမယ်။ ဒီကြားထဲ 7.3.2012 မှာ အလှူကလည်းရှိနေပြန်တော့ အလုပ်ကတော့ အတော်ကိုပဲ များနေပါတယ်။ ဒါကြောင့် ခဏဆိုဒ်ကိုလည်း လှည့်မကြည့်နိုင်သေးပါဘူး။ အင်တာနက်ဆိုင်ကို မရောက်ဖြစ်တာပါ။ ပြီးတော့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးကလည်း တစ်ခုရှိနေပြန်တော့ ဒီဘက်ကိုလုံးဝမလှည့်နိုင်တာပါ။ လိုချင်သူများ အောက်မှာဒေါင်းလိုက်ကြပါ။
Download -- Ifile, Ziddu, Media Fire

Saturday, February 18, 2012

USB FORMATTERS

ခိုင်မင်း: အစ်ကိုရေ...ကျွန်တော့် မမ်မိုရီစတစ်ထဲက ဖိုင်တွေ ဖျက်လို့မရလို့... ဖောမက်ရိုက်လို့လည်း မရဘူးဖြစ်နေတယ်

USB Formatter နှစ်ခုတင်ပေးလိုက်ပါတယ်ညီရေ။ Zip File နော်။ အထဲမှာ တစ်ခုက Installer၊ နောက်တစ်ခုက Portable ။ အဆင်ပြေရာနဲ့ရိုက်ပါ။ ဒီနှစ်ခုနဲ့မှအဆင်မပြေသေးဘူးဆိုရင်ပြန်ပြောပါ။ ထပ်ရှာပြီးတင်ပေးမယ်။ Hosting သုံးခုကနေတင်ပေးထားတယ်နော်။ အဆင်ပြေရာကနေသာဒေါင်းလိုက်။ ဖိုင်ဆိုဒ်လည်း မကြီးဘူး။ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
Download -- Media Fire, Ifile, Ziddu

Tuesday, January 31, 2012

Format Factory 2.90 ( Latest Version )


အားလုံးစောင့်မျှော်နေတဲ့ Format Factory 2.90 ပရိသတ်ကြီးရှေ့မှောက်ရောက်ရှိလို့လာပါပြီ။ တမ်းပလိတ်ပျက်တာ သိပ်မပြင်လိုက်ရလို့ကံကောင်းသွားတယ်မှတ်။ ယုတ်မာပတ်စက် စကောလောက်မှစောက်မနက်တဲ့ BTemplate လုပ်ပုံက ပုံတွေကို သူတို့ တင်ထားတဲ့ Hosting ကနေဖျက်ချပစ်တယ်လေ။ အဲ့တော့ ဒီမှာသေရော။ အကုန်လုံး Error Messages တွေတက်လာတယ်။ ကျွန်တော့်အရင် တမ်းပလိတ် Android လေးတုံးကလည်း Slider ပြေးတဲ့၊ Menu Bar အောက်ကကျတဲ့ကောင်လေးတွေလုပ်တဲ့ Java Stript File ကို ဖျက်ချပစ်တယ်လေ။ ဒီမှာ အကုန်လုံးကသေကုန်ရော။ ကဲပါ။ သူများကိုမေတ္တာတွေပို့နေတယ်။ စောစောစီးစီး မကောင်းတော့လည်းမကောင်းပါဘူး။ ကဲကဲ ဒီကောင်လေးကတော့ Format Factory 2.90 ပါ။ အောက်မှာဒေါင်းထားပါ။ Zip File ပါ။ ဒေါင်းဖို့ Hosting သုံးခုကနေတင်ပေးထားပါတယ်။ ဒေါင်းပြီးတော့ Zip File ကိုဖြေချလိုက်။ အောက်မှပေးထားတဲ့အတိုင်း Install လုပ်ဖို့မေးလာလိမ့်မယ်။ အဲဒီမှာ ကိုယ် Install လုပ်မယ့်နေရာလေးရွေးပေးလိုက်။ပြီးရင်တော့ Install ကိုနှိပ်လိုက်ပါ။
ပြီးရင် အောက်မှာပေးထားတဲ့အတိုင်း Install လုပ်လိမ့်မယ်။ ခဏစောင့်ပေးလိုက်။
ပြီးတာနဲ့ အောက်မှာပြထားတဲ့အတိုင်း Tool Bar တွေကိုပါ Install လုပ်ဖို့ပေးလာလိမ့်မယ်။ ဘာမှလုပ်မနေနဲ့။ အကုန်လုံး အမှန်ခြစ်တွေဖြူတ်ခဲ့လိုက်ပါ။ ပြီးရင်တော့ Next ပေါ့။

ပြီးရင်တော့ အောက်မှာပြထားတဲ့အတိုင်း Install လုပ်ပြီးကြောင်းအသိပေးပါလိမ့်မယ်။ ဘာအမှန်ခြစ်မှ မဖြုတ်ဘဲနဲ့ Finish နဲ့သာထွက်ခဲ့ပါ။

Download -- I File, Ziddu, Media Fire

Monday, January 30, 2012

GOM Player


ဒီကောင်လေးကတော့ GOM Player လေးပါ။ ကွန်ပြူတာတိုင်းဆောင်ထားသင့်ပါတယ်။ အောက်မှာယူလိုက်ပါ။ ခုတလောမှာ ပို့စ်တင်တာတွေနှေးနေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းသိပါတယ်။ ဘာလို့လည်းဆိုတော့ တစ်နေ့က မန္တလေးက ထိုက်ကြော်ငြာလုပ်ငန်းက ကွန်ပြူတာ ၀င်းဒိုးတင်ပေးရပါတယ်။ အဲ့မှာ ၀င်းဒိုးတင်ရင်းက DATA Backup လုပ်တာများပြီး ဟက်ဒစ် လစ်ရော။ အဲဒါနဲ့ကျွန်တော်လည်း DATA တွေပြန်ယူဖို့လုပ်နေရတာနဲ့ ဆိုဒ်ဘက်ကိုမလှည့်နိုင်သေးတာပါ။ ခုလည်းမရသေးပါဘူး။ ဟက်ဒစ်က လစ်တာတော့လစ်သွားပြီ။ မတတ်နိုင်ဘူးလေ။ မန္တလေးတစ်မြို့လုံးက မဂ္ဂဇင်းတိုက်တွေက ပို့သမျှ ပုံတွေ။ DATA တွေဆိုတော့ တော်တော်များတာ။ အဲ့တော့ လောလောဆယ်တော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ Memory Stick တစ်ချောင်းဝယ်လုပ်နေရတယ်။ လေကြောရှည်သလိုဖြစ်နေပြီထင်တယ်။ ကဲကဲ အောက်မှာ ဒေါင်းလိုက်ကြပါနော်။ နောက် ကောင်းကင်ဆိုတဲ့ညီလေး ဘယ်စာအုပ်တွေဒေါင်းမရတာလဲပြောပါ။ ကို ပြန်တင်ပေးမယ်ညီ။
အဆင်ပြေကြပါစေဗျာ။
အားလုံးကိုချစ်တဲ့
သန့်သူရဦး
DOWNLOAD -- Ifile, Ziddu, Media Fire

Monday, January 23, 2012

Format Factory 2.70


ဒီကောင်လေးကတော့ Format Factory 2.70 ပါ။ တင်ပေးချင်နေတာကြာပါပြီ။ ကွန်နက်ရှင်ကအခြေအနေမပေးလို့ပါ။ ခုတော့ Media Fire ကနေတင်တာရသွားပါပြီ။ အောက်မှာဒေါင်းပါ။ နောက်ထပ် ဒေါင်းလော့လင့်ခ်တွေကို ဒီပို့စ်မှာပဲထပ်ဖြည့်ပေးသွားပါမယ်။ လတ်တလော Media Fire ကနေဒေါင်းကြည့်ပါ။ အဆင်မပြေရင်ခဏစောင့်ပါ။ နောက်ထပ် တခြား Hosting တွေကနေထပ်တင်ပေးပါမယ်။
Download :: Media Fire

Wednesday, January 4, 2012

Sonic Bat Virus Creator

ဒီကောင်လေးကတော့ Batch File Virus Creator လေးပါ။ ဒီကောင်လုပ်တာ ကျွန်တော့် Lap Top တစ်စစီကိုဖြစ်ရောပဲ။ ဘယ်လိုဖြစ်သွားလဲဆိုတော့ ပထမဒီကောင်လေးကိုရေးလိုက်တယ်။ပြီးတော့ Kasper Sky နဲ့စစ်တာ ထွက်မလာတာနဲ့ ဟုတ်ပါ့မလားဆိုပြီး ကောက် Run လိုက်တာ Windows ပြုတ်ကျသွားရော။ ဒါနဲ့ Windows ပြန်တင်တာ တင်မရလို့ HDD ဖြုတ်တာ Monitor ကြိုးပြတ်သွားရော။ ဆိုင်သွားမေးတော့ အသစ်လဲရင်ရတယ်တဲ့။ ၄၀၀၀၀ လောက်ကျမယ်လို့ပြောတယ်။ အေးရော။ အဲ့တော့ တစ်ခုကြိုပြောချင်တာက သူများကိုဒုက္ခပေးဖို့တော့မကြံစည်ကြပါနဲ့။ သူများကို တစ်ခုခုလုပ်တော့မယ်ဆိုရင် ခံရမယ့်သူနေရာမှာ ကိုယ့်ညီ၊ ညီမလေးတွေကို မြင်ယောင်ကြည့်ပြီး ကိုယ်ချင်းစာတတ်ပါစေနော်။ ဒေါင်းဖို့က ဒီမှာ ပါ။

Saturday, December 17, 2011

DDOS တိုက်တဲ့ Softeare ဆိုပဲ။

မနေ့က အင်တာနက်ပေါ်လျှောက်မွှေလိုက်တာ DDOS တိုက်တဲ့ Software တစ်ခုကောက်ရလာတယ်ဗျာ။ ဘယ်လိုသုံးရလဲတော့ ကျွန်တော်လဲ မသိပါဘူး။ ကိုယ်ဟာကိုယ်သာ စမ်းကြည့်လိုက်ကြပါ။ သုံးတတ်ရင်လည်း သုံးပါ။ မသုံးတတ်ရင်လဲ မသုံးပါနဲ့။ ဘယ်လိုသုံးရသလဲဆိုတာ ကျွန်တော့်ကိုပြန်မမေးကြဖို့တော့ ကြိုပြောထားချင်ပါတယ်။ ဒီကောင်တွေကို ကျွန်တော် မသုံးတတ်သလို သုံးလဲ မသုံးပါဘူး။ ကျွန်တော်ဟာ နည်းပညာလိုက်စားသူတစ်ဦးသာဖြစ်ပါတယ်။ ကျွန်တော် Hacker တစ်ယောက်မဟုတ်ပါဘူး။ ကြိုးစားလေ့လာရတဲ့ အကျိုးရလဒ်က အမြဲတမ်းအဖြူရောင်မဖြစ်နိုင်ပေမယ့် အတတ်နိုင်ဆုံး အဖြူရောင်ဖြစ်အောင်တော့ ကြိုးစားစေချင်ပါတယ်။အောက်မှာ ဒေါင်းလိုက်ပါ။
ဆန္ဒများစွာဖြင့်
သန့်သူရဦး
Download :: ifile.it

Thursday, November 24, 2011

Virtual DJ လိုချင်သူများအတွက်။

ဒီကောင်လေးကတော့ Virtual DJ ပါ။ ဘယ်လိုသုံးရလဲတော့ ကျွန်တော်လည်း မသိပါဘူး။ တောင်းလို့တင်ပေးလိုက်တာပါ။ လိုချင်ရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ။ Install မလုပ်တတ်ရင်ပြောပါ။ နောက်တော့မှ ကျွန်တော် ပြန်တင်ပေးပါမယ်။ လောလောဆယ်တော့ တင်ရမယ့် ပို့စ်တွေနဲ့ ဖြေပေးရမယ့် မေးခွန်း အကြွေးတွေ တော်တော်များနေလို့ ခဏတော့ သည်းခံပေးပါ။

Thursday, November 17, 2011

Galary Utilities

ဒီကောင်လေးကတော့ Glary Utilities ဖြစ်ပါတယ်။ သုံးရတာ တော်တော်လွယ်ပါတယ်။ လွယ်သလောက်လည်း ကောင်းပါတယ်။ စပြီးတော့ Install လုပ်လိုက်ကြရအောင်ဗျာ။ ပထမဆုံး Glary Utilities Setup ကို ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ Glary Utilities Setup ကိုဖွင့်ပြီး Run လိုက်ပါ။ စစချင်း အသုံးပြုမယ့် ဘာသာစကား ကိုရွေးချယ်ပေးရပါမယ်။ English ကိုပဲရွေးပေးပြီးတော့ Ok ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ Welcome Box ကျလာပါမယ်။ Next ကိုပဲနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ လိုင်စင် သဘောတူညီမှု တောင်းပါလိမ့်မယ်။ ကိုယ်ဟာကိုယ် သဘောတူချင်ချင်၊ မတူချင်ချင် တူချင်ယောင်ဆောင်ပေးလိုက်ပြီးတော့ I Accept The Agreement ဘေးမှာနှိပ်ပေးလိုက်ပါ။ အဲ့လိုနှိပ်မှလည်း Next ကိုနှိပ်ပြီး နောက်တစ်ဆင့်သွားလို့ရမှာကိုးဗျ။ ပြီးရင်တော့ Next ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ နောက်ထပ် ဒီကောင်လေး Install လုပ်မယ့်နေရာရွေးပေးရပါမယ်။ ကျွန်တော်ကတော့ C/Program Files မှာပဲလုပ်ပါတော့မယ်။သူက ရွေးပေးပြီးသားပါ။ မကြိုက်ရင်လည်း ကိုယ့်စိတ်ကြိုက်နေရာကို ဘေးက Browse ကိုနှိပ်ပြီးတော့ ရွေးနိုင်ပါတယ်။ ပြီးရင်တော့ Next ပေါ့။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ နောက်ထပ် Start Menu Folder မှာပေးမယ့် နာမည်ကိုရွေးပေးရပါမယ်။ ကျွန်တော်ကတော့ သူပေးထားတဲ့အတိုင်း Glary Utilities လို့ပဲပေးလိုက်ပါမယ်။ မကြိုက်ရင်တော့ ကိုယ်ဟာကိုယ် ပြန်ပြောင်းလိုက်ပေါ့ဗျာ။ ပြီးရင်တော့ ထုံးစံအတိုင်း Next ပေါ့။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ Desktop Icon လုပ်ဦးမလား၊ Quick Launch Icon လုပ်ဦးမလား ဆိုပြီး မေးပါမယ်။ လုပ်ချင်တဲ့စာကြောင်းဘေးမှာ အမှန်ခြစ်ခဲ့ပြီးတော့ မလုပ်ချင်တဲ့စာကြောင်းဘေးက အမှန်ခြစ်လေးကို ဖြုတ်ခဲ့လိုက်ပါ။ ပြီးရင်တော့ Next ပေါ့။ အောက်မှာကြည့်ပါ။


ဒါဆိုရင်တော့ Ready To Install ဆိုပြီးတော့ စောစောက လုပ်ခဲ့တဲ့ အချက်အလက်တွေကို ဖော်ပြပေးပါလိမ့်မယ်။ စိတ်ကြိုက်မဖြစ်တာတွေ့ရင်တော့ Back ကနေသွားပြီးပြင်လိုက်ပါ။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Install ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ဒါဆိုရင်တော့ Glary Utilities Setup ကိုစတင် Install လုပ်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။

Install လုပ်ပြီးသွားရင်တော့ Install လုပ်ပြီးကြောင်း အသိပေးတဲ့ Box လေးကျလာပါမယ်။ Finish ကိုနှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ Glary Utilities Setup ကိုအောင်မြင်စွာ Install လုပ်ပြီး အသုံးပြုနိုင်ပါပြီ။ အဆင်ပြေကြပါစေဗျာ။

Wednesday, November 16, 2011

မေးထားတဲ့ Kaspersky Key ထည့်နည်း

thurazawkoko@gmail.com :: တခုလောက်မေးပါရစေ kespersky ကို activation လုပ်တာမှာ code no ကိုရိုက်သော်လည်း မရတာ ဘာတွေလိုအပ်နေသေးလို.ပါလဲ ဆိုတာဖြေကြားပေးစေချင်ပါတယ်။

ဒီကောင်လေးကို ကိုညီနေမင်းလည်းရေးပေးဖူးပါတယ်။ ကိုညီနေမင်းရေးပေးတာက ကီးရှိပြီးသားကို Update လုပ်တာပါ။ ကျွန်တော်ကတော့ ကီးမရှိတာကို ကီးထည့်ပါမယ်။ ပထမဆုံး Kaspersky 2012 နဲ့ ကီးတွေကို ဒီမှာ ယူပါ။ ပြီးရင် ရလာတဲ့ ဇစ်ဖိုင်ကိုဖြည်လိုက်ပါ။ အထဲမှာတွေ့ရတဲ့ Kaspersky 2012 ကိုကလစ်နှစ်ချက်နှိပ်ပြီး Run လိုက်ပါ။ အောက်မှတွေ့ရတဲ့အတိုင်း ဖိုင်ကိုဖြန့်ပါလိမ့်မယ်။ အောက်မှာပုံတွေကိုကြည့်ပါ။

ဖိုင်တွေကိုဖြည်ပြီးရင်တော့ Welcome Box ကျလာပါမယ်။ Next ကိုနှိပါပါ။ အောက်မှာကြည့်ပါ။
ပြီးရင်တော့ လိုင်စင်သဘောတူညီမှုတောင်းပါလိမ့်မယ်။ I Agree ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။
ပြီးရင်တော့ Install လုပ်ဖို့ အတည်ပြုချက်တောင်းပါမယ်။ Install ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။
ဒါဆိုရင်တော့ Kaspersky 2012 ကိုစတင် Install လုပ်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။
Install လုပ်ပြီးရင်တော့ အသိပေးချက် Box လေးကျလာပါမယ်။ Finish ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ Kaspersky 2012 ကိုတစ်အလုပ်လုပ်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။
Loading ပြီးရင်တော့ အောက်မှာပြထားတဲ့အတိုင်း ကုဒ်တွေရိုက်ထည့်ဖို့ ကျလာပါမယ်။ ဒီနေရာမှာ အရေးကြီးတာက အင်တာနက်ပိတ်ထားဖို့ပါ။ အင်တာနက်ပိတ်ထားမှသာ ကုဒ်ထည့်လို့ရမှာဖြစ်ပါတယ်။


အဲဒါဆိုရင်တော့အောက်မှာပေးထားတဲ့ကုဒ်တွေထဲက တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။ ပြီးရင် Next ကိုနှိပ်ပါ။ ကျွန်တော်ကတော့ ဒုတိယကောင်ရိုက်ထည့်တာ အိုကေသွားပါတယ်။

44UEA-CYRAJ-NMAV3-YXX4V
K5PXQ-X1SW6-2RAMR-ZBM2X
25N2Z-QH4Y4-YHNTN-N2U4T
YS8UP-KD46D-JX4YD-ENHF6
33NA4-J34SG-MUV13-JRU6P
7N1UZ-DSXDN-R9XFC-PDQEF
3PRNP-TQXWT-GNR33-PMPTR
E4J6N-1644V-B7KAW-6J6M3
44UE9-UZKTA-AHUF2-VB8ZH
7PEJP-Q2KCG-NPT56-SNZAX
YG5CD-SXU41-JESDZ-6AWA6
3SU15-S4AES-P5XRQ-87AKV
3T6XS-GY8U1-W1JTR-9XAE1
3TK3J-6T1TN-X3XGP-HUZRN

အဲဒါဆိုရင်တော့ Activation Failed ဆိုပြီးတော့ Box ကျလာပါလိမ့်မယ်။အောက်မှာကြည့်ပါ။ အလယ်မှာ ကီးထည့်ဖို့ Browse လုပ်ရမယ့်နေရာပါပါတယ်။ အဲ့နေရာမှာ စောစောက ဒီကောင်လေးကို ဒေါင်းလုပ်ဆွဲခဲ့စဉ်က ကျွန်တော် ကီးဖိုင်တွေထည့်ပေးထားတာရှိပါတယ်။ အဲ့နေရာလေးရောက်အောင် Browse လုပ်လိုက်ပါ။ အောက်မှာကြည့်ပါ။
ပြီးရင်တော့ Next ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ kaspersky Antivirus 2012 Key ထည့်တာ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ လိုအပ်နေသေးတယ်ဆိုရင်ပြောပါ။ ကျွန်တော် ဒီထက်ပိုပြီးတော့ အသေးစိတ်ရှင်းပြပါဦးမယ်။ လောလောဆယ်တော့ တင်ပေးရမယ့်ပို့စ်တွေ အကြွေးတော်တော်များနေလို့ ဒီလောက်ပါပဲဗျာ။
အဆင်ပြေကြပါစေ။

Sunday, November 6, 2011

Product Key Finder လာပြီ။

ဒီကောင်လေးကတော့ Product Key Finder ပါပဲ။ ကျွန်တော်တို့ Software တွေကိုစက်ထဲ ထည့်တဲ့အခါမှာ တစ်ခါတစ်လေ၊ တစ်ချို့တစ်လေက Product Key တောင်းတတ်ပါတယ်။ ပိုက်ဆံပေးပြီးဝယ်ရင်တော့ တစ်ပါတည်းပါလာပေမယ့် ကျွန်တော်တို့နိုင်ငံမှာက ခွေတွေကို ကော်ပီရိုက်ပြီးရောင်းတာကြောင့်တစ်ချို့မှာ Product Key မပါပါဘူး။ တစ်ချို့ကောင်တွေက ရှာရတာလွယ်ပေမယ့် တစ်ချို့ကျတော့ အတော်ခက်ပါတယ်။ ဒီကောင်လေးတော့ အဲဒါတွေအတွက် အသုံးဝင်ပါလိမ့်မယ်။ နေမကောင်းလို့ ဒီတိုင်းပဲတင်လိုက်တော့မယ်လို့လုပ်နေတာ သေချာရှင်းပြပေးလိုက်ပါတော့မယ်။ ပထမဆုံး productkeyfinder.exe ဖိုင်ကို ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးတာနဲ့ ရလာတဲ့ productkeyfinder.exe ဖိုင်ကို Run လိုက်ပါ။ အောက်ကပုံလေးအတိုင်းပွင့်လာပါလိမ့်မယ်။ Next ကိုနှိပ်ပါ။ အောက်မှာပြထားပါတယ်။

ပြီးရင်တော့ နောက်ထပ်ကျလာမယ့် Box ကိုအောက်မှာပြထားပါတယ်။ Install CNET ...... ဘာညာသာရကာ ဆိုတဲ့စာကြောင်းလေးရှေ့မှာ အမှန်ခြစ်လေးပေးခဲ့ပါ။ ပြီးရင်တောာ့ Next ကိုနှိပ်ပါ။ အောက်မှာကြည့်ပါ။
ဒါဆိုရင်တော့ Product Key Finder ကိုစတင် Download လုပ်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။

ပြီးသွားရင်တော့ Install လုပ်ဖို့ Box ကျလာပါမယ်။ Install မလုပ်ချင်သေးဘူးဆိုရင်တော့ Later ကိုကလစ်ပြီး Install လုပ်မယ်ဆိုရင်တော့ Install Now ကိုကလစ်လိုက်ပါ။ အောက်မှာကြည့်ပါ။
ဒါဆိုရင်တော့ Product Key Finder ကိုအောင်မြင်စွာ Install လုပ်ပြီးပါပြီ။ ပထမဆုံး အနေနဲ့ သူကရှာပေးပါလိမ့်မယ်။ ဥပမာအနေနဲ့ အောက်မှာကြည့်ပါ။
အသုံးပြုပြီး ပျော်ရွှင်နိုင်ကြပါစေ။
အားလုံးကိုချစ်တဲ့
သန့်သူရဦး

English-Myanmar Dictionary

ညီမလေးတစ်ယောက်တောင်းထားတာပါ။ အင်္ဂလိပ် ~ မြန်မာ အဘိဓာန် လိုချင်လို့ပါတဲ့။ တင်ပေးလိုက်ပါပြီဗျာ။ အဆင်ပြေပါစေ။ Install မလုပ်တတ်ရင် နောက်တော့ ကျွန်တော် ပြန်ရှင်းပြပေးပါ့မယ်။ လောလောဆယ်တော့ အလုပ်များနေလို့ပါ။ နေမကောင်းတာလည်း ပါပါတယ်။ ဆေးသွင်းနေရတာ သုံးရက်လောက်ရှိပါပြီ။ နေပြန်ကောင်းရင်တော့ ပို့စ်တွေတင်ပေးပါ့မယ်။ သေချာရှင်းပြပေးပါဦးမယ်။ အခုတော့ ခဏစောင့်ပေးပါဦးနော်။ ဒေါင်းဖို့က ဒီမှာ ပါ။

Sunday, October 23, 2011

PDF to Word doc


ဒီကောင်လေးကတော့ PDF ကနေ Word ကိုပြောင်းတာပါ။ အသုံးပြုရတာ တော်တော်ရိုးရှင်းပါတယ်။ ပထမဆုံး pdf2wordsetup ကို ဒီမှာ ယူလိုက်ပါ။ ရလာတဲ့ pdf2wordsetup ကိုဖွင့်ပြီး Run လိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်း ဒီ Application ကို Install လုပ်၊ မလုပ် တောင်းပါလိမ့်မယ်။ Yes ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ဒါဆိုရင်တော့ Welcome Box လေးကျလာပါမယ်။ စာတွေကိုတော့ စိတ်ရှည်ရင်လည်းဖတ်ပေါ့။ ပြီးရင်တော့ Next ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ ဒီကောင်လေး Install လုပ်မယ့်နေရာရွေးပေးရပါမယ်။ အောက်မှာပေးထားတဲ့အတိုင်းပါ။ သူပေးထားတဲ့နေရာ မကြိုက်ရင်တော့ ဘေးက Browse ကိုနှိပ်ပြီးကိုယ်ကြိုက်တာပြောင်းပေးလိုက်ပေါ့။ အောက်မှာကြည့်ပါ။
ဒါဆိုရင် နောက်ထပ်ကျလာမယ့် Box ကဒီကောင်လေး Start Menu Folder လုပ်မယ့် နာမည်ကိုရွေးပေးရပါမယ်။ သူကတော့ နဂိုကပေးထားပြီးသားပါပါတယ်။ မကြိုက်ရင်တော့ ကိုယ့်ဟာကိုယ်ရွေးပေါ့။ နောက်ပြီးတော့ Start Menu Folder မလုပ်ချင်ဘူးဆိုရင်လည်း အောက်မှာပေးထားတဲ့ Don't create start menu folder ဘေးမှာ အမှန်ခြစ်ပေးလိုက်ပေါ့။ ပြီးရင် Next ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။
နောက်ထပ်ကျလာမယ့် Box ကတော့ Install လုပ်မယ့် အချက်အလက်တွေနဲ့ ပက်သက်တာတွေကိုပြောပြပေးတဲ့ ကောင်လေးပါ။ မကြိုက်တာများရှိနေရင် Back ကိုနှိပ်ပြီးပြန်ပြင်နိုင်ပါတယ်။ ကြိုက်ပြီဆိုရင်တော့ Install ကိုပဲနှိပ်ပေးလိုက်ပါ။အောက်မှာကြည့်ပါ။
ဒါဆိုရင်တော့ အောက်မှာပြထားတဲ့အတိုင်း Install လုပ်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။
ပြီးသွားရင်တော့ Install လုပ်ပြီးကြောင်း အသိပေးတဲ့ Box လေးကျလာပါမယ်။ အောက်မှာပြထားတဲ့အတိုင်းပါ။ Finish ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်းပါ။
ဒါဆိုရင်တော့ PDF to Word Application ကိုအောင်မြင်စွာ Install လုပ်နိုင်ပြီဖြစ်လို့ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ပျော်ရွှင်စွာ အသုံးပြုနိုင်ကြပါစေ။
ဆန္ဒများစွာဖြင့်
သန့်သူရဦး

Sunday, October 16, 2011

You Tube Downloader


ဒီကောင်လေးကတော့ You Tube ကနေ မူဗီတွေ ဒေါင်းချင်တဲ့ ကိုကို၊ မမ များအတွက်ပါ။ You Tube က မူဗီတွေက Down loader မရှိရင် ဒေါင်းလို့မရပါဘူး။ ကျွန်တော့် သူငယ်ချင်းတွေကြားထဲမှာလည်း ဒီပြဿနာလေးက နဲနဲရှိနေပါတယ်။ တစ်နေ့က လည်း သူငယ်ချင်းတစ်ယောက် ကျွန်တော့်ကိုလာပြောလို့ ရှာပေးလိုက်တယ်။ ဒီနေ့ညတော့ ကွန်နက်ရှင်ကလည်း တော်တော်ကောင်းနေတာမို့ ဆိုဒ်မှာပါ ပြန်တင်ပေးလိုက်ပါတယ်။ လိုအပ်တဲ့သူငယ်ချင်းများ ယူနိုင်ပါတယ်။ ဒီနေ့တော့ မိုးတော်တော် ချုပ်နေပြီ။ ဒါပေမယ့် သေချာရှင်းပြလိုက်ပါဦးမယ်။ ပထမဆုံး YouTubeDownloaderSetup34 ကို ဒီမှာ ဒေါင်းလိုက်ပါ။ ရလာတဲ့ YouTubeDownloaderSetup34 ကိုဖွင့်ပြီး Run လိုက်ပါ။ ပထမဆုံး ကိုယ်သုံးမယ့် ဘာသာစကားကိုရွေးရမယ့် Box လေးကျလာပါမယ်။ English ကိုပဲရွေးပေးလိုက်ပါ။ အောက်မှာ ကြည့်ပါ။

ပြီးရင်တော့ Welcome Box လေးကျလာပါမယ်။ စာတွေဖတ်ချင်လည်းဖတ်။ ပြီးရင်တော့ Next ပေါ့ဗျာ။ အောက်မှာ ကြည့်ပါ။

နောက်တစ်ခုကတော့ လိုင်စင် သဘောတူညီချက်တောင်းတာပါ။ I Agree သာပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

နောက်တစ်ခုကတော့ Flash Player ယူရမှာပါ။ Next ကိုပဲနှိပ်ပါ။ ဒါဆိုရင် Browser ပွင့်လာပြီး Flash Player ကိုဒေါင်းရပါမယ်။ အောက်မှာကြည့်ပါ။
နောက်တစ်ခုကတော့ ဒီကောင်လေး Install လုပ်မယ့်နေရာရွေးပေးရပါမယ်။ ကိုယ်ကြိုက်တဲ့နေရာရွေးပေးလိုက်ပါ။ ပြီးရင်တော့ Next ပေါ့။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ နောက်ထပ်တစ်ခုက Home Page ကို Yahoo ထားမလား၊ မထားဘူးလား မေးပါလိမ့်မယ်။ မထားချင်ရင်တော့ စာကြောင်းဘေးက အမှန်ခြစ်ကိုဖြုတ်ပေးလိုက်ပေါ့။ ပြီးရင်တော့ Accept ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ နောက်ထပ် Install လုပ်ဖို့ Box တစ်ခုကျလာပါမယ်။ ခဏစောင့်ပြီးတော့ Install ကိုနှိပ်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ You Tube Down loader ကို Install လုပ်ပြီးကြောင်း အသိပေးတဲ့ Box လေးကျလာပါမယ်။ You Tube Downloader ကိုသုံးတော့မယ်ဆိုရင်တော့ Finish ကိုနှိပ်ပါ။ မသုံးသေးဘူးဆိုရင်တော့ စာကြောင်းလေးဘေးက အမှန်ခြစ်လေးဖြုတ်ခဲ့ပါ။ အောက်မှာကြည့်ပါ။

ဒါဆိုရင်တော့ You Tube Downloader ကိုအောင်မြင်စွာ Install လုပ်နိုင်ပါပြီ။ ပြီးတာနဲ့ Browser ပွင့်လာပြီး You Tube Downloader ကို Update လုပ်ရပါမယ်။ မလုပ်ချင်ဘူးဆိုရင်တော့ ပိတ်လိုက်ပေါ့။ အရင်ဆုံး ကိုယ်တိုင်သုံးကြည့်ပါဦး။ အသုံးမပြုတတ်ရင်ပြောပါ။ နောက်တော့ထပ်ရှင်းပြပါမယ်။ လောလောဆယ်တော့ ကျွန်တော်လည်း တော်တော်ပင်ပန်းနေပြီ။ မိုးလည်းတော်တော်ချုပ်နေပါပြီ။ အသုံးပြုပြီး ပျော်ရွှင်နိုင်ကြပါစေ။
အားလုံးကိုချစ်တဲ့
သန့်သူရဦး