မြန်မာ EBOOK များ

ဒီနေရာလေးမှာတော့ Photo Shop အကြောင်းမြန်မာလိုစာအုပ်များ၊ ကွန်ပြူတာနည်းပညာနှင့်ပတ်သတ်သောမြန်မာ EBOOK များနှင့် အခြားမြန်မာ EBOOK များတင်ပေးထားပါတယ်။

Software, Application များ

ဒီနေရာလေးမှာတော့ တောင်းဆိုထားသမျှနှင့် တွေ့ရှိထားသမျှ Software လေးများကို Serial Number, Key Gen:, Crack File များနှင့်တကွ Full Version ရအောင်တင်ပေးထားပါတယ်။

ကွန်ပြူတာမေးခွန်းများနှင့်အဖြေများ

ဒီနေရာလေးမှာတော့မေးမြန်းထားတဲ့ကွန်ပြူတာမေးခွန်းများကိုမေးခွန်းများနှင့်အဖြေများတွဲလျှက်ဖော်ပြပေးထားပါတယ်။ မေးမြန်းလိုသည်များရှိပါက thantthuraoo@mmcfamily.org သို့မေးလ်ပို့မေးမြန်းနိုင်ပါသည်။အဖြေများကို Website တွင်ဖော်ပြပေးပါမည်။

ရင်ထဲက ကဗျာလေးများ

ဒီကဗျာလေးတွေကတော့ ကျွန်တော့ချစ်သူအတွက်ကိုယ်တိုင်ရေးထားတဲ့ကဗျာလေးတွေဖြစ်ပါတယ်။ ကျွန်တော်တစ်ဦးတည်းမူပိုင်ဖြစ်တာကြောင့် ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါတယ်။

ဟာသလေးများ

ရယ်သောသူအသက်ရှည်၏လို့ စာကတော့ဆိုထားတယ်ဗျ။ ဘ၀အမောတွေပြေပျောက်စေဖို့ ပေါ့ပေါ့ပါးပါးရယ်မောလိုက်ကြရအောင်နော်။

Showing posts with label G - Mail And G - Talk. Show all posts
Showing posts with label G - Mail And G - Talk. Show all posts

Friday, October 21, 2011

G Mail တွင် Recovery Mail ဖျောက်နည်း။

ဒီနည်းလေးကတော့ မိမိတို့ G Mail မှာ Recovery Mail ဖျောက်နည်းလေးပါ။ ကျွန်တော်တော့ မသိခင်တုံးက တော်တော်ကြိုးစားလိုက်ရတယ်။ သိချင်လို့ ဟိုလူ့လိုက်မေး၊ ဒီလူ့လိုက်မေးနဲ့။ သိရတော့ တော်တော်ရီချင်သွားတယ်ဗျာ။ တော်တော်လွယ်ပါတယ်။ ပထမဆုံး G Mail ကိုဖွင့်လိုက်ပါ။ ပြီးရင် Settings ကိုသွားပါ။ ပြီးရင်တော့ Account ကိုသွားပါ။ Google account settings ကိုနှိပ်ပါ။ ဒါဆိုရင် နောက်ထပ် My account ဆိုပြီး Tab တစ်ခုပွင့်လာပါမယ်။ Recovering your password ကိုနှိပ်ပါ။ အဲ့မှာ Username ရိုက်ပြီးသား Page လေးကျလာပါမယ်။ အဲ့မှာ Password ရိုက်ပေးလိုက်ပါ။ အဲဒါဆိုရင်တော့ အဲဒီမှာ Secyrity Question, Recovery Mail, Phone Number ရိုက်တဲ့ နေရာလေးပေါ်လာပါလိမ့်မယ်။ အဲ့ထဲကနေ Add an e mail address အောက်မှာ ကိုယ်ပေးထားတဲ့ Recovery Mail ကိုဖျက်ပစ်လိုက်ပြီးတော့ Save Change လုပ်ပေးလိုက်ရုံပါပဲ။ သိသိချင်းပဲ ဆရာ ကိုညီနေမင်း ကိုအားရ၀မ်းသာပြေးပြောတာ အောက်မှာပေးထားတဲ့အတိုင်းပဲပြောလွှတ်လိုက်ပါတော့တယ်ဗျာ။

thant:
အစ်ကို
အကောင့်မှာ
Recovery mail
ဖျောက်တတ်ပြီဗျ


ကိုညီနေမင်း:
အင်း
လုပ်ပါဦး ဘယ်လိုဖျောက်လဲ
ဖျောက်လို့ရှိရင် မင်း recovery ပြန်ယူချင်ရင်ဘယ်လိုလုပ်မလဲ


thant:
ဆက်ကျူရတီကွက်ရှင်ကတော့
ကျန်သေးတယ်


ကိုညီနေမင်း:
ဟဟ တယ်ခက်တာကိုး
တစ်ကယ်တမ်း လုံခြုံတာက secondary email ကွ ။

ဒါပါပဲဗျာ။ :D
ကဲ အဲ့တော့ သူငယ်ချင်းများလည်း ဖျောက်ချင်တဲ့သူဖျောက်ကြပေါ့နော်။ ကျွန်တော်ကတော့ ဖျောက်ပါ၊ မဖျေက်ပါနဲ့လို့ မတိုက်တွန်းပါ။ ကိုယ့်သဘောနဲ့ကိုယ်လုပ်ကြပေါ့နော်။ အကောင့်တွေပျောက်ကုန်ရင်တော့ ကျွန်တော့်တာဝန်မပါပါနော်။ သိတာလေးကိုပဲဝေမျှပေးတာပါ။
အသုံးပြုပြီး ပျော်ရွှင်နိုင်ကြပါစေဗျာ။
အားလုံးကိုချစ်တဲ့
သန့်သူရဦး

Tuesday, September 20, 2011

မိမိနားထောင်နေသော သီချင်း Gtalk staus တွင်ပေါ်အောင်လုပ်နည်း ။


Gtalk staus တွင် မိမိနားထောင်နေသော သီချင်းပေါ်ချင်လျှင်
windows media ကိုဖွင့်ပါ

tools>plugin>option ကိုသွားပါ

plug ins အောက်တွင် background ကိုရွေးပါ

တဖက် box လေးထဲတွင် google talk music plugin ကို အမှတ်ပေးပါ

apply နှိပ်ပြီး ok ဖြင့်ပြန်ထွက်ပါ

မိမိ gtalk staus တွင် show carrent music track ကို အမှတ်ပေးပါ

ဒါဆို ရင် နားထောင်နေတဲ့ သီချင်းခေါင်းစဉ်လေးကို တဖက်မှ သူငယ်ချင်းများက မြင်တွေ့နိုင်မှာဖြစ်ပါတယ်

အထက်ဖေါ်ပြပါ နည်းလမ်းဖြင့်မရပါက gtalk ကို uninstall လုပ်ပါ

ပြီးလျှင် gtalk setup ကို run au administrator ဖြင့် install ပြန်လုပ်ပါ

ပြီးလျှင် အပေါ်ကတိုင်းပြန်လုပ်ကြည့်ပါ ဒါဆိုရင်တော့ရပါပြီ။

အသုံးပြုပြီးပျော်ရွှင်နိုင်ကြပါစေ။

မိမိတို့ G - Mail Account များကို လုံခြုံရေးအဆင့်မြှင့်လိုက်ကြရအောင် ။


အင်တာနက်ဆိုင်တွေမှာ အကောင့်ဖွင့်ခိုင်းတတ်ကြတဲ့ ညီတွေ၊ညီမတွေနဲ့ မသိသေးသူများအတွက်ရည်ရွယ်ပြီး ရေးသားရခြင်းဖြစ်ပါတယ်။တော်တော်များများကိုကျွန်တော်တွေ့ဖူးတာက account တစ်ခုကို သူများကိုဖွင့်ခိုင်းတယ်။ ပြီးတော့ အဲံဒီအကောင့်ကို သုံးတယ်။ ဒါပေမယ့် ကိုယ်တိုင်ဖွင့်ခဲ့တာ မဟုတ်တဲ့အတွက် security question နဲ့ secondary email ဒါတွေကိုမသိကြဘူး။ သုံးသာသုံးနေတာဒါတွေဟာကိုယ့်အတွက် အရေးကြီးမှန်းမသိကြဘူး။ ဘယ်မှာပဲaccount တစ်ခုကိုဖွင့်ခဲ့ဖွင့်ခဲ့ သူများဖွင့်ပေးတာဆိုရင် ဒါလေးတွေပြန်ပြောင်းဖို့ လိုအပ်ပါတယ်။ သိပ်လည်း အရေးကြီးပါတယ်။ ပြောင်းနည်းကတော့ gtalk account ကိုဖွင့်ပါ။ ပြီးရင် setting ထဲက accounts>> Google account settings ဆိုတာကိုရွေးပါ။ အဲ ပြီးရင်တော့ ပေါ်လာတဲ့ ထဲက personal settings ဆိုတဲ့အောက်က recovering your password ဆိုတာကို နှိပ်ပါ။ အဲလို နှိပ်လိုက်ပြီဆိုရင်ပဲ ကိုယ့်နာမည်အဆင်သင့်ပါပြီးသားဖြစ်တဲ့ gmail singin ၀င်သလိုမျိုးလေးတွေ့ရမှာဖြစ်ပါတယ်။ ကိုယ်က password ရိုက်ပေးပြီး verify လုပ်ပေးလိုက်ရုံပါပဲ။ ပြီးရင်ပြင်ဆင်လို့ရတာတွေပေါ်လာပါလိမ့်မယ်။ secondary email ကို ပြင်ချင်တယ်ဆိုရင် အဲဒီဘေးနားမှာ ပါတဲ့ edit ဆိုတာကို နှိပ်ပြီး ပြင်ဆင်လိုက်ရုံပါပဲ။ ကိုယ်ပြင်ပြီး ထည့်လိုက်တဲ့ email က ကိုယ့်မေးဖြစ်နေဖို့တော့လိုတာပေါ့။ ပြီးရင် security question ကလည်း ကိုယ်ကြိုက်တဲ့မေးခွန်းရွေးပြီး ကိုယ်ကြိုက်တဲ့ အဖြေပေးလိုက်ပေါ့။ ပြီးရင် save လုပ်ဖို့တော့မမေ့ခဲ့နဲ့နော်။ ဒါဆိုရင်တော့ အတိုင်းတာတစ်ခုထိလုံခြုံရသွားရပြီပေါ့။
အသုံးပြုပြီး ပျော်ရွှင်ကြပါစေခင်ဗျား......။