မြန်မာ EBOOK များ

ဒီနေရာလေးမှာတော့ Photo Shop အကြောင်းမြန်မာလိုစာအုပ်များ၊ ကွန်ပြူတာနည်းပညာနှင့်ပတ်သတ်သောမြန်မာ EBOOK များနှင့် အခြားမြန်မာ EBOOK များတင်ပေးထားပါတယ်။

Software, Application များ

ဒီနေရာလေးမှာတော့ တောင်းဆိုထားသမျှနှင့် တွေ့ရှိထားသမျှ Software လေးများကို Serial Number, Key Gen:, Crack File များနှင့်တကွ Full Version ရအောင်တင်ပေးထားပါတယ်။

ကွန်ပြူတာမေးခွန်းများနှင့်အဖြေများ

ဒီနေရာလေးမှာတော့မေးမြန်းထားတဲ့ကွန်ပြူတာမေးခွန်းများကိုမေးခွန်းများနှင့်အဖြေများတွဲလျှက်ဖော်ပြပေးထားပါတယ်။ မေးမြန်းလိုသည်များရှိပါက thantthuraoo@mmcfamily.org သို့မေးလ်ပို့မေးမြန်းနိုင်ပါသည်။အဖြေများကို Website တွင်ဖော်ပြပေးပါမည်။

ရင်ထဲက ကဗျာလေးများ

ဒီကဗျာလေးတွေကတော့ ကျွန်တော့ချစ်သူအတွက်ကိုယ်တိုင်ရေးထားတဲ့ကဗျာလေးတွေဖြစ်ပါတယ်။ ကျွန်တော်တစ်ဦးတည်းမူပိုင်ဖြစ်တာကြောင့် ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါတယ်။

ဟာသလေးများ

ရယ်သောသူအသက်ရှည်၏လို့ စာကတော့ဆိုထားတယ်ဗျ။ ဘ၀အမောတွေပြေပျောက်စေဖို့ ပေါ့ပေါ့ပါးပါးရယ်မောလိုက်ကြရအောင်နော်။

Showing posts with label Converter. Show all posts
Showing posts with label Converter. Show all posts

Tuesday, January 31, 2012

Format Factory 2.90 ( Latest Version )


အားလုံးစောင့်မျှော်နေတဲ့ Format Factory 2.90 ပရိသတ်ကြီးရှေ့မှောက်ရောက်ရှိလို့လာပါပြီ။ တမ်းပလိတ်ပျက်တာ သိပ်မပြင်လိုက်ရလို့ကံကောင်းသွားတယ်မှတ်။ ယုတ်မာပတ်စက် စကောလောက်မှစောက်မနက်တဲ့ BTemplate လုပ်ပုံက ပုံတွေကို သူတို့ တင်ထားတဲ့ Hosting ကနေဖျက်ချပစ်တယ်လေ။ အဲ့တော့ ဒီမှာသေရော။ အကုန်လုံး Error Messages တွေတက်လာတယ်။ ကျွန်တော့်အရင် တမ်းပလိတ် Android လေးတုံးကလည်း Slider ပြေးတဲ့၊ Menu Bar အောက်ကကျတဲ့ကောင်လေးတွေလုပ်တဲ့ Java Stript File ကို ဖျက်ချပစ်တယ်လေ။ ဒီမှာ အကုန်လုံးကသေကုန်ရော။ ကဲပါ။ သူများကိုမေတ္တာတွေပို့နေတယ်။ စောစောစီးစီး မကောင်းတော့လည်းမကောင်းပါဘူး။ ကဲကဲ ဒီကောင်လေးကတော့ Format Factory 2.90 ပါ။ အောက်မှာဒေါင်းထားပါ။ Zip File ပါ။ ဒေါင်းဖို့ Hosting သုံးခုကနေတင်ပေးထားပါတယ်။ ဒေါင်းပြီးတော့ Zip File ကိုဖြေချလိုက်။ အောက်မှပေးထားတဲ့အတိုင်း Install လုပ်ဖို့မေးလာလိမ့်မယ်။ အဲဒီမှာ ကိုယ် Install လုပ်မယ့်နေရာလေးရွေးပေးလိုက်။ပြီးရင်တော့ Install ကိုနှိပ်လိုက်ပါ။
ပြီးရင် အောက်မှာပေးထားတဲ့အတိုင်း Install လုပ်လိမ့်မယ်။ ခဏစောင့်ပေးလိုက်။
ပြီးတာနဲ့ အောက်မှာပြထားတဲ့အတိုင်း Tool Bar တွေကိုပါ Install လုပ်ဖို့ပေးလာလိမ့်မယ်။ ဘာမှလုပ်မနေနဲ့။ အကုန်လုံး အမှန်ခြစ်တွေဖြူတ်ခဲ့လိုက်ပါ။ ပြီးရင်တော့ Next ပေါ့။

ပြီးရင်တော့ အောက်မှာပြထားတဲ့အတိုင်း Install လုပ်ပြီးကြောင်းအသိပေးပါလိမ့်မယ်။ ဘာအမှန်ခြစ်မှ မဖြုတ်ဘဲနဲ့ Finish နဲ့သာထွက်ခဲ့ပါ။

Download -- I File, Ziddu, Media Fire

Monday, January 23, 2012

Format Factory 2.70


ဒီကောင်လေးကတော့ Format Factory 2.70 ပါ။ တင်ပေးချင်နေတာကြာပါပြီ။ ကွန်နက်ရှင်ကအခြေအနေမပေးလို့ပါ။ ခုတော့ Media Fire ကနေတင်တာရသွားပါပြီ။ အောက်မှာဒေါင်းပါ။ နောက်ထပ် ဒေါင်းလော့လင့်ခ်တွေကို ဒီပို့စ်မှာပဲထပ်ဖြည့်ပေးသွားပါမယ်။ လတ်တလော Media Fire ကနေဒေါင်းကြည့်ပါ။ အဆင်မပြေရင်ခဏစောင့်ပါ။ နောက်ထပ် တခြား Hosting တွေကနေထပ်တင်ပေးပါမယ်။
Download :: Media Fire

Sunday, October 23, 2011

PDF to Word doc


ဒီကောင်လေးကတော့ PDF ကနေ Word ကိုပြောင်းတာပါ။ အသုံးပြုရတာ တော်တော်ရိုးရှင်းပါတယ်။ ပထမဆုံး pdf2wordsetup ကို ဒီမှာ ယူလိုက်ပါ။ ရလာတဲ့ pdf2wordsetup ကိုဖွင့်ပြီး Run လိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်း ဒီ Application ကို Install လုပ်၊ မလုပ် တောင်းပါလိမ့်မယ်။ Yes ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ဒါဆိုရင်တော့ Welcome Box လေးကျလာပါမယ်။ စာတွေကိုတော့ စိတ်ရှည်ရင်လည်းဖတ်ပေါ့။ ပြီးရင်တော့ Next ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ ဒီကောင်လေး Install လုပ်မယ့်နေရာရွေးပေးရပါမယ်။ အောက်မှာပေးထားတဲ့အတိုင်းပါ။ သူပေးထားတဲ့နေရာ မကြိုက်ရင်တော့ ဘေးက Browse ကိုနှိပ်ပြီးကိုယ်ကြိုက်တာပြောင်းပေးလိုက်ပေါ့။ အောက်မှာကြည့်ပါ။
ဒါဆိုရင် နောက်ထပ်ကျလာမယ့် Box ကဒီကောင်လေး Start Menu Folder လုပ်မယ့် နာမည်ကိုရွေးပေးရပါမယ်။ သူကတော့ နဂိုကပေးထားပြီးသားပါပါတယ်။ မကြိုက်ရင်တော့ ကိုယ့်ဟာကိုယ်ရွေးပေါ့။ နောက်ပြီးတော့ Start Menu Folder မလုပ်ချင်ဘူးဆိုရင်လည်း အောက်မှာပေးထားတဲ့ Don't create start menu folder ဘေးမှာ အမှန်ခြစ်ပေးလိုက်ပေါ့။ ပြီးရင် Next ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။
နောက်ထပ်ကျလာမယ့် Box ကတော့ Install လုပ်မယ့် အချက်အလက်တွေနဲ့ ပက်သက်တာတွေကိုပြောပြပေးတဲ့ ကောင်လေးပါ။ မကြိုက်တာများရှိနေရင် Back ကိုနှိပ်ပြီးပြန်ပြင်နိုင်ပါတယ်။ ကြိုက်ပြီဆိုရင်တော့ Install ကိုပဲနှိပ်ပေးလိုက်ပါ။အောက်မှာကြည့်ပါ။
ဒါဆိုရင်တော့ အောက်မှာပြထားတဲ့အတိုင်း Install လုပ်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။
ပြီးသွားရင်တော့ Install လုပ်ပြီးကြောင်း အသိပေးတဲ့ Box လေးကျလာပါမယ်။ အောက်မှာပြထားတဲ့အတိုင်းပါ။ Finish ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်းပါ။
ဒါဆိုရင်တော့ PDF to Word Application ကိုအောင်မြင်စွာ Install လုပ်နိုင်ပြီဖြစ်လို့ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ပျော်ရွှင်စွာ အသုံးပြုနိုင်ကြပါစေ။
ဆန္ဒများစွာဖြင့်
သန့်သူရဦး

Saturday, October 8, 2011

Word To PDF


ဒီ Software လေးတင်ပေးဖြစ်ပုံလေးကိုအရင်ပြောပြချင်ပါတယ်။ တစ်နေ့က အိမ်ကို စင်ကာပူက အလည်ရောက်လာတဲ့ အဒေါ် လာပါတယ်။ သူနဲ့ ကျွန်တော်နဲ့ စကားတွေပြောနေကြရင်းကနေ Word ကနေ PDF ကိုပြောင်းတဲ့ Software FullVersion ရှိတယ်၊ မရှိဘူး။ ကျွန်တော်နဲ့ ငြင်းကြပါတယ်။ နောက်တော့ ကျွန်တော် ရအောင်ရှာပေးမယ်ဆိုပြီးပြောလိုက်တယ်။ ကျွန်တော်ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အဒေါ့်ကို အပြင်မှာ မပေးလိုက်ပါဘူး။ Website မှာတင်ပေးလိုက်ပါတယ်။ လိုအပ်နေတဲ့ သူငယ်ချင်းများလည်း ယူရအောင်၊ ကျွန်တော့် Website ကိုလည်းကြေငြာပြီးသားဖြစ်သွားအောင်ဆိုပြီးတော့ပေါ့။ ကျွန်တော့်မှာ နည်းပညာ Website ရှိမှန်း သူမသိဘူးဗျ။ခိခိ။ ဒီကောင်လေးကတော့ Word နဲ့ရေးထားတာတွေကို PDF အနေနဲ့ပြောင်းတဲ့ Software လေးပါ။ Install လုပ်နည်းပါ ရေးပေးလိုက်ပါမယ်။ ပထမဆုံး ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးတော့ ရလာတဲ့ verypdf-free-txt2pdf ကို Run လိုက်ပါ။ အောက်ကလို Welcome Box လေးကျလာပါမယ်။ Next ကိုနှိပ်လိုက်ပါ။
ဒါဆိုရင်တော့ အောက်မှာ မြင်ရတဲ့အတိုင်း Install လုပ်မယ့်နေရာရွေးရမယ့် Box လေးကျလာပါမယ်။ ကြိုက်တဲ့နေရာကို Install လုပ်ဖို့ရွေးလိုက်ပါ။ ပြီးရင်တော့ Next ပေါ့။ အောက်မှာ ပြထားပါတယ်။ ကြည့်လိုက်ပါ။
ပြီးရင်တော့ နောက်ထပ်ကျလာမယ့် Box ကတော့ Start Menu Folder လုပ်မယ့် ကောင်လေးပါ။ မလုပ်ချင်ရင်တော့ အောက်မှာပါတဲ့ စာတန်းလေးဘေးမှာ Uncheck ပေးလိုက်ပါ။ပြီးရင်တော့ Next ပေါ့။ အောက်မှာ ကြည့်ပါ။

နောက်တစ်ခုကတော့ Desktop Icon လုပ်ပေးရမလားဆိုတာနဲ့ Quick Launch Icon လုပ်ပေးရမလားဆိုတာပဲဖြစ်ပါတယ်။ မလုပ်ချင်ရင်တော့ ကိုယ်မလုပ်ချင်တဲ့ဟာဘေးမှာ Uncheck လုပ်ပေးလိုက်ပေါ့။ ပြီးရင်တော့ Next ကိုနှိပ်ပါ။ အောက်မှာပြထားတာ ကြည့်ပါ။

ပြီးရင်တော့ နောက်ထပ် ဒီကောင်ကို Install လုပ်မယ့်နေရာ၊ အချက်အလက်တွေကို ပြောပြပေးတဲ့ Box ကျလာပါမယ်။ အဲ့ထဲမှာကိုယ့်စိတ်ကြိုက်မဖြစ်တာရှိရင် Back ကိုနှိပ်ပြီး ပြန်ပြင်နိုင်ပါတယ်။ မပြင်တော့ဘူး၊ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Install ပေါ့။ အောက်မှာကြည့်ပါ။

အဲဒါဆိုရင်တော့ ဒီကောင်လေးကို စတင် Install လုပ်ပါလိမ့်မယ်။ ပြီးသွားရင်တော့ အောင်မှာပြထားသလို Box လေးတက်လာပါလိမ့်မယ်။ Finish ကိုနှိပ်လိုက်တော့ပေါ့။ ဒါပါပဲ။ ဒါဆိုရင်တော့ Word To PDF ပြောင်းတဲ့ Software လေးကိုရပါလိမ့်မယ်။
အသုံးပြုနည်းကို ဆက်ပြောပြပါ့မယ်။ စောစောက Install လုပ်စဉ်က Desktop Icon လုပ်ဖို့ အမှန်ခြစ်ပေးထားခဲ့မယ်ဆိုရင် Desktop ပေါ်မှာ တွေ့နေရပါလိမ့်မယ်။ အဲ့ကောင်လေးကိုဖွင့်လိုက်ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်။

Menu နေရာမှာတော့ ဒီကောင်လေးရဲ့ Shortcut Key လေးတွေကိုလေ့လာနိုင်ပါတယ်။ Open ကနေပြီးတော့ ကိုယ်ပြောင်းချင်တဲ့ဖိုင်တွေကိုဖွင့်ပါ။ ရွေးပြီးတာနဲ့ နောက်ထပ်ပြောင်းပြီးတဲ့ ဖိုင်ကို ဘယ်နေရာမှာ သိမ်းမယ်ဆိုတာကိုရွေးပေးရမှာပါ။ ရွေးပြီးရင်တော့ Save ကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ ကိုယ်ရွေးပေးထားတဲ့နေရာမှာ သွားကြည့်လိုက်ပါ။ စောစောက Word ဖြစ်နေတဲ့စာတွေ PDF ကိုပြောင်းနေတာ တွေ့ရပါလိမ့်မယ်။
အသုံးပြုပြီး ပျော်ရွှင်နိုင်ကြပါစေ။
အားလုံးကိုချစ်တဲ့
သန့်သူရဦး