မြန်မာ EBOOK များ

ဒီနေရာလေးမှာတော့ Photo Shop အကြောင်းမြန်မာလိုစာအုပ်များ၊ ကွန်ပြူတာနည်းပညာနှင့်ပတ်သတ်သောမြန်မာ EBOOK များနှင့် အခြားမြန်မာ EBOOK များတင်ပေးထားပါတယ်။

Software, Application များ

ဒီနေရာလေးမှာတော့ တောင်းဆိုထားသမျှနှင့် တွေ့ရှိထားသမျှ Software လေးများကို Serial Number, Key Gen:, Crack File များနှင့်တကွ Full Version ရအောင်တင်ပေးထားပါတယ်။

ကွန်ပြူတာမေးခွန်းများနှင့်အဖြေများ

ဒီနေရာလေးမှာတော့မေးမြန်းထားတဲ့ကွန်ပြူတာမေးခွန်းများကိုမေးခွန်းများနှင့်အဖြေများတွဲလျှက်ဖော်ပြပေးထားပါတယ်။ မေးမြန်းလိုသည်များရှိပါက thantthuraoo@mmcfamily.org သို့မေးလ်ပို့မေးမြန်းနိုင်ပါသည်။အဖြေများကို Website တွင်ဖော်ပြပေးပါမည်။

ရင်ထဲက ကဗျာလေးများ

ဒီကဗျာလေးတွေကတော့ ကျွန်တော့ချစ်သူအတွက်ကိုယ်တိုင်ရေးထားတဲ့ကဗျာလေးတွေဖြစ်ပါတယ်။ ကျွန်တော်တစ်ဦးတည်းမူပိုင်ဖြစ်တာကြောင့် ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါတယ်။

ဟာသလေးများ

ရယ်သောသူအသက်ရှည်၏လို့ စာကတော့ဆိုထားတယ်ဗျ။ ဘ၀အမောတွေပြေပျောက်စေဖို့ ပေါ့ပေါ့ပါးပါးရယ်မောလိုက်ကြရအောင်နော်။

Showing posts with label Home. Show all posts
Showing posts with label Home. Show all posts

Sunday, September 18, 2011

အကောင့်များ အခမဲ့ လျှောက်ပေးမည် ။

သူငယ်ချင်းများအားလုံး လက်ရှိဖြစ်ပေါ်နေတဲ့အကောင့်လျှောက်မရတဲ့ပြဿနာကို ကျွန်တော် တတ်နိုင်သလောက် ကူညီဖြေရှင်းပေးချင်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာပြည်ကနေပြီးတော့ အကောင့်တွေ အထူးသဖြင့် G-Mail Account တွေဖွင့်မရ ဖြစ်နေပါတယ်။ အဲဒါကြောင့် ကျွန်တော်အကောင့်တွေတတ်နိုင်သေလာက်ဖွင့်ပေးပါ့မယ်။ အကောင့်ဖွင့်ချင်သူများ thantthuraoo@yahoo.com သို့ဖြစ်စေ၊ thantthuraoo@blumail.org သို့ဖြစ်စေ မိမိတို့ဖွင့်လိုသော Mail အမျိုးအစား ( မှတ်ချက်။     ။ Google mail, Yahoo Mail, Blumail, VZO Account , Face Book  Account များသာ ) အခြား Free Mail များဖွင့်လိုပါက အကောင့်ဖွင့်လို့ ရနိုင်သော ဆိုဒ်လိပ်စာကိုပါ တစ်ပါတည်း ပို့ပေးစေချင်ပါတယ်  ၊ ဖွင့်လိုသော Username ( မှတ်ချက်။     ။ မိမိပေးထားသောနံမည်ဖြင့်မရပါက အနီးစပ်ဆုံးဖွင့်ပေးပါမည် ) ကို ပေးပို့ နိုင်ပါသည်။ ကျွန်တော့်အနေနဲ့ ကျွန်တော့်အကောင့်ထဲကိုဝင်လာတဲ့ Mail ကနေသာ Reply ပြန်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် Mail ပို့ရန်ပင်အကောင့်မရှိသူများ ကိုသန့်သူရဦး ဖုန်းနံပါတ် 092038491 သို့ဆက်သွယ်နိုင်ပါသည်။ Mail ကို Reply ပြန်ရာတွင် အကောင့်ဖွင့်စဉ်ကပေးထားသော Security Question And Answer, Recovery Mail, Password, ကိုအပြည့်အစုံဖော်ပြပေးမှာ ဖြစ်ပါတယ်။ တစ်ခုတော့ပြောထားပါရစေ ကျွန်တော်က အခမဲ့ကူညီတာကို အခြားနည်းလမ်းတွေနဲ့ အကောင့်ကို ပြန်လည်ရောင်းမစားဖို့တော့ သတိပေးထားပါရစေ။