Wednesday, October 5, 2011

Advanced System Care


(ပုံကြီးချင်လျှင် ပုံများပေါ်တွက် ကလစ်ပါ။)ဒီကောင်လေးကတော့ Advanced System Care ပါ။ Register Winner လိုပါပဲ။ Register Winner က Advanced System Care ထက်ပိုကောင်းပါတယ်ပြောပြီး Advanced System Care ကိုကျတင်မပေးဘူး၊ Register Winner ပဲတင်ပေးတယ်ဖြစ်နေမှာ စိုးလို့ ဒီကောင်လေးကို တင်ဖြစ်သွားတာပါ။ Advanced System Care ကိုပထမဆုံး ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးရင် ရလာတဲ့ asc-setup ကိုဖွင့်ပြီး Run လိုက်ပါ။ အောက်ကပုံလေးအတိုင်းထွက်လာပါမယ်။ Next ကိုနှိပ်လိုက်ပါ။

ဒါဆိုရင်တော့ အောက်မှာပြထားတဲ့အတိုင်း လိုင်စင် သဘောတူညီမှု တောင်းလာပါမယ်။ Accept ကိုနှိပ်ပါ။

အဲဒါဆိုရင်တော့ နောက်ထပ် ပွင့်လာမယ့် Box က ဒီ Software ကို ဘယ်နေရာမှာ Install လုပ်မှာလဲဆိုတာပါ။ဒီမှာတော့ ကျွန်တော်က C:\Program Files\IObit\Advanced SystemCare 4 မှာ လုပ်လိုက်ပါ့မယ်။ ပြောင်းချင်တယ်ဆိုရင်တော့ ဘေးက Browse ကိုနှိပ်ပြီး ကြိုက်တဲ့နေရာမှာ ထားပေါ့။ ပြီးရင်တော့ Next ကိုနှိပ်ပါ။ အောက်မှာ ကြည့်ပါ။

ဒါဆိုရင် နောက်ထပ် Box တစ်ခုအနေနဲ့ Desktop ပေါ်မှာ Shortcut လုပ်ပေးရမလား ဆိုတာနဲ့ IObit ကို Favorite မှာထည့်ဦးမလားဆိုတဲ့ စာကြောင်းပါတဲ့ Box လေးကျလာပါမယ်။ဘာမှပြောင်းမနေပါနဲ့ Next ကိုပဲနှိပ်ပေးလိုက်ပါ။အောက်မှာ ကြည့်ပါ။


အဲဒါဆိုရင်တော့ Advanced System Care ကိုစတင် Install လုပ်ပါမယ်။ အောက်မှာ ကြည့်ပါ။

နောက်ပြီးတော့ Advanced System Care Toolbar ယူဦး မလားဆိုပြီးမေးပါလိမ့်မယ်။ Decline လုပ်လိုက်ပါ။ အောက်မှာ ပြထားသလိုပါ။


ဒါဆိုရင် နောက်ထပ် Box တစ်ခု ထပ်ကျလာပါမယ်။ ဘာမှပြင်မနေပါနဲ့ Install သာလုပ်လိုက်ပါ။ အောက်မှာ ကြည့်ပါ။

အဲဒါဆိုရင်တော့ Advanced System Care ကို Install လုပ်ပြီးကြောင်းအသိပေးတဲ့ Box လေးတစ်ခု ကျလာပါမယ်။ Finish ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ နောက်ထပ် Box ကျလာပါဦးမယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် Advanced System Care မှာပေါ်မယ့် ဘာသာစကား၊ နောက်ခံအရောင် ရွေးရမှာပါ။ အဲ့မှာ ပြောင်းချင်သပ ဆိုရင်လည်းပြောင်းကြပေါ့။ ပြီးရင်တော့ Start Now ကိုနှိပ်ပါ။ အောက်မှာ ပြထားသလိုပါ။

အဲဒါဆိုရင်တော့ Advanced System Care ကိုအောင်မြင်စွာ Install လုပ်နိုင်ပါပြီ။ ဖွင့်ပြီးသာ သုံးလိုက်ပါတော့ဗျာ။
အသုံးပြုပြီး ပျော်ရွှင်နိုင်ကြပါစေ။
ကြိုးစားလျှက်.....
သန့်သူရဦး

0 ဦးမှတ်ချက်ရေးသွားတယ်။:

Post a Comment

သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။