Sunday, October 9, 2011

စကားမစပ် ပြော ချင်ပါသေးသည်။

ဒီနေ့ စကားမစပ် တစ်ခုလောက်တော့ပြောချင်ပါတယ်။ နည်းပညာအကြောင်းတော့ မဟုတ်ပါဘူး။ ကျွန်တော့်အကြောင်းပါ။ 10 တန်းအောင်ပြီးလို့ ရတနာပုံဆိုက်ဘာစီးတီးမှာ ၀င်ခွင့်ဖြေတာ ဖော်တင်တုန်းကလည်း စိတ်မပါလက်မပါနဲ့ တင်လိုက်တော့ ဖောင်မှာ ရတနာပုံဆိုက်ဘာစီးတီး တစ်ခုပဲ ရှိတယ်။ မနေ့က အောင်စာရင်းထွက်တော့ သွားကြည့်တာ ကျတယ်ဗျာ။ စိတ်တော့မကောင်းဘူး။ ကျွန်တော့်အတွက် မဟုတ်ပါဘူး။ အမေ့အတွကိ စိတ်မကောင်းတာပါ။ ကျွန်တော်ကတော့ စိတ်မကောင်းဘူးပြောလဲရတယ်။ ၀မ်းနည်းတယ်ပြောလည်းရတယ်၊ ၀မ်းသာတယ်ပြောလည်းရတယ်။ စိတ်မကောင်းဘူးဆိုတာကတော့ အိမ်က မိသားစုအတွက်ပါ။ ၀မ်းသာတာကတော့ ကျွန်တော် အခု Physics မေဂျာနဲ့ပဲကျောင်းပြီးတော့မယ် ထင်ပါတယ်။ အဲ့တော့ ကျွန်တော့် website ကို အချိန်ပေးပြီး လုပ်ပေးလို့ရတာပါ့ဗျာ။ သူငယ်ချင်းတွေအတွက် ၀မ်းသာစရာပေါ့။ ကျွန်တော် အခုအချိန်အထိ Website ရေးနေတာ ကျွန်တော့ အကျိုး အမြတ်အတွက် တစ်ခုမှ မရှိပါဘူး။ အားလုံးအတွက် လုပ်ပေးနေတာပါ။ ကျွန်တော် ဒီ Website ရေးဖို့အတွက် ကျွန်တော် ပေးဆပ်ထားရတာ အများကြီးပါ။ ကျွန်တော် စိတ်ရော၊ လူရော၊ အချိန်ရော၊ ငွေရော နှစ်ပြီး လုပ်ပေးနေတာပါ။ ဒီအတွက် ကျွန်တော်ပြန်ရတာ မရှိပါဘူး။ ကျွန်တော်ပေးဆပ်ထားရတာတွေပါပဲ။ ရတနာပုံဆိုက်ဘာစီးတီး စာမေးပွဲကျလို့ ဘာလုပ်ရမယ်မှန်းမသိတာနဲ့ ပို့စ်ကောက်တင်လိုက်တာပါ။ ကျွန်တော် ကတိပေးပါတယ်။ ကျွန်တော့် website ကို အရင်ကထက် ပိုပြီးတော့ ကြိုးစားပေးပါ့မယ်။ စောင့်မျှော်ပေးကြပါဦးနော်။
အားလုံးကိုချစ်တဲ့
သန့်သူရဦး
thantthuraoo@blumail.org

2 ဦးမှတ်ချက်ရေးသွားတယ်။:

  1. ကြိုးစားစားကြတာပေါ့ဗျာ။

    အောင်မြင်ပါစေ။

    ReplyDelete

သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။