Monday, October 3, 2011

Register Winner


(ပုံကြီးချင်လျှင် ပုံပေါ်တွင် ကလစ်ပါ။)Regisiter Winner လေးပါ။ အရမ်းကောင်းပါတယ်။ မလေးက ဦးဇင်းပို့ပေးလိုက်တာပါ။ ကျွန်တော်လည်းအဲ့လို Regisiter ကောင်းကောင်းရှာနေတာနဲ့ အတော်ပဲဖြစ်သွားလို့ တင်ပေးလိုက်ပါတယ်။ Advance System Care ထက်အများကြီးသာပါတယ်။ ပထမဆုံး ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးရင် Registry Winner_Setup ဖိုင်ကိုဖွင့်ပြီး Install လုပ်ပါ။ Key Generation လည်းထည့်ပေးထားပါတယ်။ Install လုပ်လို့မရရင် ပြန်ပြောပါ။ ကျွန်တော် ပုံတွေနဲ့ ရှင်းပေးပါမယ်။ Photo Shop တွေတင်နေတုံး ဒီကောင်လေးကို တင်ချင်စိတ်က ထိန်းမရဖြစ်နေလို့ အရင်တင်ပေးလိုက်ပါတယ်။ ဖုန်းနဲ့ပက်သတ်တဲ့ Software တွေလည်းတင်ပေးဖို့ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်ပါတယ်။ ကွန်ပြူတာနဲ့ ပက်သတ်တဲ့ Software တွေတင်တဲ့နေရာမှာ ကျွန်တော် ကိုယ်တိုင် စမ်းကြည့်ပြီးမှ တင်ပေးပါတယ်။ အဆင်ပြေစေချင်လို့ပါ။ ပြီးတော့ ကျွန်တော်က အင်တာနက်ဆိုင်မှာ သုံးနေတာဆိုတော့ Software တွေ ကြိုက်သလိုစမ်း၊ ပြီးရင် Deep Freeze သုံးထားတော့ Restart ချလိုက်ရင် အားလုံး အိုကေဖြစ်သွားပါတယ်။ ဖုန်းနဲ့ပက်သတ်တာတွေကျတော့ ကျွန်တော် ဒီအတိုင်းရမ်းတင်ပေးလိုက်ရမှာပါ။ ကျွန်တော့မှာ စမ်းစရာ ဖုန်းလည်းမရှိပါဘူး။ ရှိလည်း မစမ်းရဲပါဘူး။ တွေ့တဲ့အတိုင်း တင်ပေးလိုက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနဲ့ပက်သတ်တဲ့ Software တွေကိုတော့ ကျွန်တော့ဘက်က အားနည်းကြောင်း ကြိုတင်ဝန်ခံအပ်ပါတယ်။

0 ဦးမှတ်ချက်ရေးသွားတယ်။:

Post a Comment

သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။