မြန်မာ EBOOK များ

ဒီနေရာလေးမှာတော့ Photo Shop အကြောင်းမြန်မာလိုစာအုပ်များ၊ ကွန်ပြူတာနည်းပညာနှင့်ပတ်သတ်သောမြန်မာ EBOOK များနှင့် အခြားမြန်မာ EBOOK များတင်ပေးထားပါတယ်။

Software, Application များ

ဒီနေရာလေးမှာတော့ တောင်းဆိုထားသမျှနှင့် တွေ့ရှိထားသမျှ Software လေးများကို Serial Number, Key Gen:, Crack File များနှင့်တကွ Full Version ရအောင်တင်ပေးထားပါတယ်။

ကွန်ပြူတာမေးခွန်းများနှင့်အဖြေများ

ဒီနေရာလေးမှာတော့မေးမြန်းထားတဲ့ကွန်ပြူတာမေးခွန်းများကိုမေးခွန်းများနှင့်အဖြေများတွဲလျှက်ဖော်ပြပေးထားပါတယ်။ မေးမြန်းလိုသည်များရှိပါက thantthuraoo@mmcfamily.org သို့မေးလ်ပို့မေးမြန်းနိုင်ပါသည်။အဖြေများကို Website တွင်ဖော်ပြပေးပါမည်။

ရင်ထဲက ကဗျာလေးများ

ဒီကဗျာလေးတွေကတော့ ကျွန်တော့ချစ်သူအတွက်ကိုယ်တိုင်ရေးထားတဲ့ကဗျာလေးတွေဖြစ်ပါတယ်။ ကျွန်တော်တစ်ဦးတည်းမူပိုင်ဖြစ်တာကြောင့် ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါတယ်။

ဟာသလေးများ

ရယ်သောသူအသက်ရှည်၏လို့ စာကတော့ဆိုထားတယ်ဗျ။ ဘ၀အမောတွေပြေပျောက်စေဖို့ ပေါ့ပေါ့ပါးပါးရယ်မောလိုက်ကြရအောင်နော်။

Friday, October 28, 2011

Thant Thura Oo On MMC Faminy.

ဒီနေ့တောါ တခြားဟာတွေ မတင်တော့ဘူး။ မြန်မာချစ်သူမိသားစုမှာ ကျွန်တော် နည်းပညာ တာဝန်ခံလုပ်ပေးနေပါပြီ။ မြန်မာချစ်သူဆိုဒ်မှာလည်း တင်ပြီးပါပြီ။ အောက်မှာဖတ်နိုင်ပါတယ်။ မူရင်းလင့်ခ်ကတော့ ဒီမှာ ပါ။

မင်္ဂလာပါ မြန်မာချစ်သူမိသားစုဝင်များ ခင်မျာ ဒီနေရာလေးမှာ တော့ မြန်မာချစ်သူမိသားစုအတွင်း က အဖွဲဝင်များ အတွက် Computer နည်းပညာ နှင့် ပတ်သတ်သော အမေး အဖြေ ကဏ္ဍလေးများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
မိသားစုဝင် သူငယ်ချင်းများ အနေတဲ့ Computer နည်းပညာ နှင့် ပတ်သတ် တဲ့ သိလိုတာများကို မေးမြန်းနိုင်မှာ ဖြစ်ပြီး
ကျနော် တို့ မြန်မာချစ်သူမိသားစု ရဲ့ IT Moderator ကိုသန့်သူရဦး မှ သိသလောက် တတ်သလောက် မှတ်သလောက် ပြန်လည်ဖြေကြားပေးသွားမှာ ဖြစ်ပါတယ် ။ လိုအပ်တဲ့ Software တောင်းဆိုမှုတွေကိုလည်း တောင်းဆိုနိုင်မှာဖြစ်ပါတယ်။ တခု ကြိုတင်တောင်းပန်ချင်တာက တော့ ကျနော်တို့ မြန်မာချစ်သူမိသားစု အတွင်းမှ Admin များ နှင့် ဆိုဒ်ထိန်းသိမ်းစောင့်ရှောက်သူ သူငယ်ချင်းများဟာ နည်းပညာနဲ့ပတ်သတ်လို့ လေ့လာသင်ယူများ၊ ၀ါသနာပါသူများ သာ ဖြစ်တာကြောင့် တစ်စုံတစ်ရာ အမှားအယွင်းများပါရှိပါက ခွင့်လွှတ်ပေးပါရန် ကြိုတင် မေတ္တာရပ်ခံ အပ်ပါတယ်။ မိမိ တတ်သလောက် ပညာကို သူငယ်ချင်းများအားပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ ထို့အတွက်ကြောင့် အမှားအယွင်းများရှိပါက နားလည်ပေးပါရန် ကြိုတင်တောင်းပန်အပ်ပါတယ်....။
နည်းပညာ အမေးအဖြေ ကဏ္ဍတာဝန်ခံ။ ကိုသန့်သူရဦး
လေးစားစွာဖြင့်
မြန်မာချစ်သူမိသားစု

I am not the admin of BHG.!


ဒီပို့စ်လေဒတင်လိုက်ရတာ အကြောင်းရှိပါတယ်။ တလောက ကျွန်တော့်ဆရာ ကျွန်တော့ကိုမေးပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို BHG က အက်မင်ပါဆိုပြီး မေးလ်တွေလိုက်ဖြန့်နေတာဟုတ်လားလို့မေးပါတယ်။ ကျွန်တော်လည်းအဲ့တုံးကတော့ ပေါ့ပေါ့တန်တန်ပဲ မဟုတ်ကြောင်းပြောလိုက်ပါတယ်။ နောက်တော့လည်း မေ့မေ့ပျောက်ပျောက်ပါပဲ။ နောက်ပိုင်း ကွန်နက်ရှင်မကောင်းတာကြောင့်ရယ်၊ အလုပ်များနေတာရယ်ကြောင့် အွန်လိုင်းမတက်ဖြစ်တော့တာ ကြာသွားပါပြီ။ ဟိုတစ်နေ့က အွန်လိုင်းတက်လိုက်တော့ rootcreator ကကျွန်တော့ကိုမေးပါတယ်။ ကျွန်တော်လည်း အဲ့တော့မှ ခေါင်းနားပန်းကြီးသွားပါတော့တယ်။ ဒါဟာ ဘယ်သူဖြန့်နေတာလဲ၊ ဘာရည်ရွယ်ချက်နဲ့ဖြန့်တာလဲ ကျွန်တော် မသိသေးပါဘူး။ ကျွန်တော် တစ်ခါတည်းရှင်းပြလိုက်ပါ့မယ်။ အရင်က ကျွန်တော့်သူငယ်ချင်းအကောင့် zinwaiphyoe@gmail.com ကိုသုံးပါတယ်။ အဲ့အကောင့်မှာ Display Name က Ko Thant Thura Oo ပါ။ အဲ့ဒီအကောင့်မှာ BHG Face Book ဆိုပြီးတော့ လင့်ခ်တစ်ခုပေးလို့ ၀င်ကြည့်လိုက်ကတည်းက အကောင့်ပါသွားတာပါ။ အဲဒီအကောင့်နဲ့ ဖြန့်တာလားတော့ ကျွန်တော်မသိပါဘူး။ သူငယ်ချင်းတို့ Mail ထဲမှာလည်း အဲ့မေးလ်ရောက်နေရင် ကျွန်တော့်အကောင့် thantthuraoo@blumail.org ကို Forward လုပ်ပေးပါ။ ကျွန်တော် အဲ့မေးလ်ကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဒါကြောင့် ကျွန်တော် တရားဝင်ရှင်းတာပါ။ BHG - Blink Hacker Group Admin ကျွန်တော် မဟုတ်ပါ။ BHG ကအစ်ကိုများကိုလည်း တောင်းပန်ပါတယ်။ ကျွန်တော် BHG ကိုလေးစားပါတယ်။ BHG Website က Followers နေရာမှာ ကျွန်တော် Follow လုပ်ထားတာ တွေ့နိုင်ပါတယ်။ သန့်သူရဦး (နည်းပညာ) နာမည်နဲ့ Follow လုပ်ထားတာပါ။ BHG အဖွဲ့ ဖျက်သိမ်းမယ်ဆိုတုံးကလည်း ကျွန်တော် မဖျက်သိမ်းဖို့တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် နောက်ထပ် ထပ်ပြောချင်ပါသေးတယ်။ BHG - Blink Hacker Group Admin ကျွန်တော် မဟုတ်ပါ။
လေးစားစွာဖြင့်
သန့်သူရဦး

Sunday, October 23, 2011

PDF to Word doc


ဒီကောင်လေးကတော့ PDF ကနေ Word ကိုပြောင်းတာပါ။ အသုံးပြုရတာ တော်တော်ရိုးရှင်းပါတယ်။ ပထမဆုံး pdf2wordsetup ကို ဒီမှာ ယူလိုက်ပါ။ ရလာတဲ့ pdf2wordsetup ကိုဖွင့်ပြီး Run လိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်း ဒီ Application ကို Install လုပ်၊ မလုပ် တောင်းပါလိမ့်မယ်။ Yes ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ဒါဆိုရင်တော့ Welcome Box လေးကျလာပါမယ်။ စာတွေကိုတော့ စိတ်ရှည်ရင်လည်းဖတ်ပေါ့။ ပြီးရင်တော့ Next ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ ဒီကောင်လေး Install လုပ်မယ့်နေရာရွေးပေးရပါမယ်။ အောက်မှာပေးထားတဲ့အတိုင်းပါ။ သူပေးထားတဲ့နေရာ မကြိုက်ရင်တော့ ဘေးက Browse ကိုနှိပ်ပြီးကိုယ်ကြိုက်တာပြောင်းပေးလိုက်ပေါ့။ အောက်မှာကြည့်ပါ။
ဒါဆိုရင် နောက်ထပ်ကျလာမယ့် Box ကဒီကောင်လေး Start Menu Folder လုပ်မယ့် နာမည်ကိုရွေးပေးရပါမယ်။ သူကတော့ နဂိုကပေးထားပြီးသားပါပါတယ်။ မကြိုက်ရင်တော့ ကိုယ့်ဟာကိုယ်ရွေးပေါ့။ နောက်ပြီးတော့ Start Menu Folder မလုပ်ချင်ဘူးဆိုရင်လည်း အောက်မှာပေးထားတဲ့ Don't create start menu folder ဘေးမှာ အမှန်ခြစ်ပေးလိုက်ပေါ့။ ပြီးရင် Next ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။
နောက်ထပ်ကျလာမယ့် Box ကတော့ Install လုပ်မယ့် အချက်အလက်တွေနဲ့ ပက်သက်တာတွေကိုပြောပြပေးတဲ့ ကောင်လေးပါ။ မကြိုက်တာများရှိနေရင် Back ကိုနှိပ်ပြီးပြန်ပြင်နိုင်ပါတယ်။ ကြိုက်ပြီဆိုရင်တော့ Install ကိုပဲနှိပ်ပေးလိုက်ပါ။အောက်မှာကြည့်ပါ။
ဒါဆိုရင်တော့ အောက်မှာပြထားတဲ့အတိုင်း Install လုပ်ပါလိမ့်မယ်။ အောက်မှာကြည့်ပါ။
ပြီးသွားရင်တော့ Install လုပ်ပြီးကြောင်း အသိပေးတဲ့ Box လေးကျလာပါမယ်။ အောက်မှာပြထားတဲ့အတိုင်းပါ။ Finish ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်းပါ။
ဒါဆိုရင်တော့ PDF to Word Application ကိုအောင်မြင်စွာ Install လုပ်နိုင်ပြီဖြစ်လို့ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ပျော်ရွှင်စွာ အသုံးပြုနိုင်ကြပါစေ။
ဆန္ဒများစွာဖြင့်
သန့်သူရဦး

Saturday, October 22, 2011

Planet


ဒီကောင်လေးကတော့ ကမ္ဘာလုံးပုံလုပ်တာပါ။ သိပ်တော့ မလှဘူး။ နမူနာပုံနဲ့ စာအုပ် ဒီမှာ ယူပါ။

မုန်ဆိတ်ရိတ်မယ်။


ကိုယ်ဟာကိုယ် မုတ်ဆိတ်ရိတ်တာ ဆိုဒ်ပေါ်တင်နေစရာလိုလို့လားလို့ အတွေးမစောလိုက်ကြပါနဲ့။ ကျွန်တော်တို့ ဓာတ်ပုံရိုက်တဲ့အခါမှာ မုတ်ဆိတ်မရိတ်မိကြဘူးဆိုရင် ဓာတ်ပုံထွက်လာရင် ကြည့်ရတာ တော်တော်၈ုပ်ဆိုးစေမှာ အမှန်ပါပဲ။ အဲဒါတွေကို ကိုယ်တိုင်ပြင်နိုင်ပါတယ်။ ဓာတ်ပုံဆိုင်တွေအတွက်လည်း အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ နမူနာပုံနဲ့ စာအုပ် တင်ပေးထားပါတယ်။ ဒီမှာ ယူနိုင်ပါတယ်။

မိုးကြိုးပစ်မယ်။


ခေါင်းစဉ်ကြည့်ပြီးလန့်မသွားပါနဲ့။ Photo Shop တွေမတင်တာကြာလို့ Photo Shop ဖက်ပြန်လှည့်မလို့ပါ။ အခုတလောမှာ ပို့စ်တွေ မတင်ဖြစ်နေတာက ကျွန်တော် တမ်းပလိတ် ကုဒ်တွေပြင်နေတာကြောင့် ပို့စ်တင်တဲ့ဖက်ကို မလှည့်ဖြစ်နေတာပါ။ အခုတော့ ကျွန်တော် တစ်နေ့တစ်နေ့ ကုဒ်တွေနဲ့ နပန်းလုံးနေရတာလည်း ငြီးငွေ့လာပြီ။ Software တင်စရာလည်း ရှိတော့ရှိတယ်။ ဒါပေမယ့် Photo Shop ကမတင်တာ တော်တော်ကြာနေပြီဖြစ်လို့ Photo Shop အရင်တင်လိုက်တာပါ။ ဒီကောင်လေးကတော့ ပုံမှာပြထားတဲ့အတိုင်း မိုးကြိုးပစ်တဲ့ပုံလေး လုပ်တာပါ။ နမူနာပုံနဲ့ စာအုပ်တင်ပေးထားပါတယ်။ လိုချင်ကြသူများ ဒီမှာ ယူပါ။

ဟစ်တလာပြောတဲ့မြန်မာ့အင်တာနက်


နည်းပညာနဲ့တော့ မဆိုင်ပါဘူး။ ဒါပေမယ့် အခုတလောမှာ အင်တာနက်ကွန်နက်ရှင်ကလည်း သိကြတဲ့အတိုင်းပေမို့ ကျွန်တော့ Face Book ကနေရတဲ့ မူဗီလေးကိုတင်ပေးလိုက်တာပါ။ ဘယ်လိုရည်ရွယ်ချက်နဲ့မှ မဟုတ်ပါဘူး။ တော်တော်ရီစရာကောင်းပါတယ်။ တီထွင်တဲ့သူကိုလည်း တော်တော်လေးစားပါတယ်။ အရမ်းပီပြင်ပါတယ်။ ကျွန်တော်ကြိုပြောပါတယ်နော်။ ဘယ်လိုရည်ရွယ်ချက်နဲ့မှတင်တာ မဟုတ်ပါဘူး။ သဘောကျလို့တင်လိုက်တာပါ။ မကြိုက်ကြရင်ပြန်ပြောပါ။ သဘောမတူသူများရှိရင်ပြောကြပါ။ ပြန်ဖြုတ်ပေးပါ့မယ်။ မြန်မာ့အင်တာနက်က တာဝန်ရှိသူများကိုလည်း ဒီပို့စ်အတွက် စိတ်အနှောက်အယှက်ဖြစ်ကြရမယ်ဆိုရင်တောင်းပန်ပါတယ်။ ဒေါင်းချင်ရင်တော့ ဒီမှာ ပါ။

Friday, October 21, 2011

G Mail တွင် Recovery Mail ဖျောက်နည်း။

ဒီနည်းလေးကတော့ မိမိတို့ G Mail မှာ Recovery Mail ဖျောက်နည်းလေးပါ။ ကျွန်တော်တော့ မသိခင်တုံးက တော်တော်ကြိုးစားလိုက်ရတယ်။ သိချင်လို့ ဟိုလူ့လိုက်မေး၊ ဒီလူ့လိုက်မေးနဲ့။ သိရတော့ တော်တော်ရီချင်သွားတယ်ဗျာ။ တော်တော်လွယ်ပါတယ်။ ပထမဆုံး G Mail ကိုဖွင့်လိုက်ပါ။ ပြီးရင် Settings ကိုသွားပါ။ ပြီးရင်တော့ Account ကိုသွားပါ။ Google account settings ကိုနှိပ်ပါ။ ဒါဆိုရင် နောက်ထပ် My account ဆိုပြီး Tab တစ်ခုပွင့်လာပါမယ်။ Recovering your password ကိုနှိပ်ပါ။ အဲ့မှာ Username ရိုက်ပြီးသား Page လေးကျလာပါမယ်။ အဲ့မှာ Password ရိုက်ပေးလိုက်ပါ။ အဲဒါဆိုရင်တော့ အဲဒီမှာ Secyrity Question, Recovery Mail, Phone Number ရိုက်တဲ့ နေရာလေးပေါ်လာပါလိမ့်မယ်။ အဲ့ထဲကနေ Add an e mail address အောက်မှာ ကိုယ်ပေးထားတဲ့ Recovery Mail ကိုဖျက်ပစ်လိုက်ပြီးတော့ Save Change လုပ်ပေးလိုက်ရုံပါပဲ။ သိသိချင်းပဲ ဆရာ ကိုညီနေမင်း ကိုအားရ၀မ်းသာပြေးပြောတာ အောက်မှာပေးထားတဲ့အတိုင်းပဲပြောလွှတ်လိုက်ပါတော့တယ်ဗျာ။

thant:
အစ်ကို
အကောင့်မှာ
Recovery mail
ဖျောက်တတ်ပြီဗျ


ကိုညီနေမင်း:
အင်း
လုပ်ပါဦး ဘယ်လိုဖျောက်လဲ
ဖျောက်လို့ရှိရင် မင်း recovery ပြန်ယူချင်ရင်ဘယ်လိုလုပ်မလဲ


thant:
ဆက်ကျူရတီကွက်ရှင်ကတော့
ကျန်သေးတယ်


ကိုညီနေမင်း:
ဟဟ တယ်ခက်တာကိုး
တစ်ကယ်တမ်း လုံခြုံတာက secondary email ကွ ။

ဒါပါပဲဗျာ။ :D
ကဲ အဲ့တော့ သူငယ်ချင်းများလည်း ဖျောက်ချင်တဲ့သူဖျောက်ကြပေါ့နော်။ ကျွန်တော်ကတော့ ဖျောက်ပါ၊ မဖျေက်ပါနဲ့လို့ မတိုက်တွန်းပါ။ ကိုယ့်သဘောနဲ့ကိုယ်လုပ်ကြပေါ့နော်။ အကောင့်တွေပျောက်ကုန်ရင်တော့ ကျွန်တော့်တာဝန်မပါပါနော်။ သိတာလေးကိုပဲဝေမျှပေးတာပါ။
အသုံးပြုပြီး ပျော်ရွှင်နိုင်ကြပါစေဗျာ။
အားလုံးကိုချစ်တဲ့
သန့်သူရဦး

Wednesday, October 19, 2011

Face Book ကသူငယ်ချင်းများ သည်းခံပေးကြပါ။

Face Book ကို Request လုပ်ထားကြတဲ့ သူငယ်ချင်းများ ခဏလောက်သည်းခံပေးကြပါ။ ကျွန်တော် လျှာရှည်ပြီး Verify တွေလျှောက်ခံလိုက်တာ အခု အကောင့်က ဖုန်းနံပါတ်တောင်းနေပါတယ်။ နိုင်ငံခြားက သူငယ်ချင်းတွေဖုန်းနဲ့လုပ်တာလည်း အဆင်မပြေပါဘူး။ ဘာဖြစ်နေလဲတော့ မသိတော့ဘူးဗျာ။ သူငယ်ချင်းများထဲက သိတဲ့သူများရှိရင် ကူညီပေးကြပါဦးနော်။
အားလုံးကိုချစ်တဲ့
သန့်သူရဦး
thantthuraoo@blumail.org

Sunday, October 16, 2011

You Tube Downloader


ဒီကောင်လေးကတော့ You Tube ကနေ မူဗီတွေ ဒေါင်းချင်တဲ့ ကိုကို၊ မမ များအတွက်ပါ။ You Tube က မူဗီတွေက Down loader မရှိရင် ဒေါင်းလို့မရပါဘူး။ ကျွန်တော့် သူငယ်ချင်းတွေကြားထဲမှာလည်း ဒီပြဿနာလေးက နဲနဲရှိနေပါတယ်။ တစ်နေ့က လည်း သူငယ်ချင်းတစ်ယောက် ကျွန်တော့်ကိုလာပြောလို့ ရှာပေးလိုက်တယ်။ ဒီနေ့ညတော့ ကွန်နက်ရှင်ကလည်း တော်တော်ကောင်းနေတာမို့ ဆိုဒ်မှာပါ ပြန်တင်ပေးလိုက်ပါတယ်။ လိုအပ်တဲ့သူငယ်ချင်းများ ယူနိုင်ပါတယ်။ ဒီနေ့တော့ မိုးတော်တော် ချုပ်နေပြီ။ ဒါပေမယ့် သေချာရှင်းပြလိုက်ပါဦးမယ်။ ပထမဆုံး YouTubeDownloaderSetup34 ကို ဒီမှာ ဒေါင်းလိုက်ပါ။ ရလာတဲ့ YouTubeDownloaderSetup34 ကိုဖွင့်ပြီး Run လိုက်ပါ။ ပထမဆုံး ကိုယ်သုံးမယ့် ဘာသာစကားကိုရွေးရမယ့် Box လေးကျလာပါမယ်။ English ကိုပဲရွေးပေးလိုက်ပါ။ အောက်မှာ ကြည့်ပါ။

ပြီးရင်တော့ Welcome Box လေးကျလာပါမယ်။ စာတွေဖတ်ချင်လည်းဖတ်။ ပြီးရင်တော့ Next ပေါ့ဗျာ။ အောက်မှာ ကြည့်ပါ။

နောက်တစ်ခုကတော့ လိုင်စင် သဘောတူညီချက်တောင်းတာပါ။ I Agree သာပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

နောက်တစ်ခုကတော့ Flash Player ယူရမှာပါ။ Next ကိုပဲနှိပ်ပါ။ ဒါဆိုရင် Browser ပွင့်လာပြီး Flash Player ကိုဒေါင်းရပါမယ်။ အောက်မှာကြည့်ပါ။
နောက်တစ်ခုကတော့ ဒီကောင်လေး Install လုပ်မယ့်နေရာရွေးပေးရပါမယ်။ ကိုယ်ကြိုက်တဲ့နေရာရွေးပေးလိုက်ပါ။ ပြီးရင်တော့ Next ပေါ့။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ နောက်ထပ်တစ်ခုက Home Page ကို Yahoo ထားမလား၊ မထားဘူးလား မေးပါလိမ့်မယ်။ မထားချင်ရင်တော့ စာကြောင်းဘေးက အမှန်ခြစ်ကိုဖြုတ်ပေးလိုက်ပေါ့။ ပြီးရင်တော့ Accept ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ နောက်ထပ် Install လုပ်ဖို့ Box တစ်ခုကျလာပါမယ်။ ခဏစောင့်ပြီးတော့ Install ကိုနှိပ်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ You Tube Down loader ကို Install လုပ်ပြီးကြောင်း အသိပေးတဲ့ Box လေးကျလာပါမယ်။ You Tube Downloader ကိုသုံးတော့မယ်ဆိုရင်တော့ Finish ကိုနှိပ်ပါ။ မသုံးသေးဘူးဆိုရင်တော့ စာကြောင်းလေးဘေးက အမှန်ခြစ်လေးဖြုတ်ခဲ့ပါ။ အောက်မှာကြည့်ပါ။

ဒါဆိုရင်တော့ You Tube Downloader ကိုအောင်မြင်စွာ Install လုပ်နိုင်ပါပြီ။ ပြီးတာနဲ့ Browser ပွင့်လာပြီး You Tube Downloader ကို Update လုပ်ရပါမယ်။ မလုပ်ချင်ဘူးဆိုရင်တော့ ပိတ်လိုက်ပေါ့။ အရင်ဆုံး ကိုယ်တိုင်သုံးကြည့်ပါဦး။ အသုံးမပြုတတ်ရင်ပြောပါ။ နောက်တော့ထပ်ရှင်းပြပါမယ်။ လောလောဆယ်တော့ ကျွန်တော်လည်း တော်တော်ပင်ပန်းနေပြီ။ မိုးလည်းတော်တော်ချုပ်နေပါပြီ။ အသုံးပြုပြီး ပျော်ရွှင်နိုင်ကြပါစေ။
အားလုံးကိုချစ်တဲ့
သန့်သူရဦး

Friday, October 14, 2011

Avira Antivirus 2012

ဒီကောင်လေးကတော့ Avira Antivirus 2012 လေးပါ။ တော်တော်ကောင်းပါတယ်။ ပို့စ်တင်တာတွေရပ်ထားမယ်လုပ်ပြီးမှ မနေနိုင်ဘူးဗျာ။ စိတ်က။ ဒီနေ့ လူက နေသိပ်ကောင်းတာ မဟုတ်ဘူးရယ်။ မနေ့က ဘုရားပွဲမှာ မူးနေတဲ့ ညီငယ်လေးနှစ်ယောက် အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ဆိုင်ကယ်က လီဗာကြိုးပြတ်ပြီး အရှိန်မထိန်းနိုင်တော့ပဲ ကျွန်တော့်ဝင်တိုက်တာ တော်တော်ခံလိုက်ရတယ်။ ဘေးမှာ သူငယ်ချင်းပါတော့ ကျွန်တော်သာ အေးအေးဆေးဆေး မဖြေရှင်းလိုက်ဘူးဆိုရင် သူငယ်ချင်းက လုပ်မယ် တကဲကဲဖြစ်နေတာ။ ဒါနဲ့ ကျွန်တော်လည်း ဘာမှမဖြစ်ပါဘူး၊ အေးဆေးပါလို့ ပြောလိုက်ရတယ်။ လူကတော့ တော်တော်အီသွားတာဗျ။ ခုတောင်မှ မနဲထလာရတာ အင်တာနက်ဆိုင်ကို။
ဒီကောင်လေးကတော့ Avira Antivirus 1012 ပါပဲ။ ကျွန်တော် ဒေါင်းလုပ်ဆွဲတာ ၂ နာရီလောက်ကြာတယ် Upload တင်တာ တင်လို့မရလို့ မူရင်းလင့်ခ်ကနေပဲ တင်ပေးလိုက်ပါတယ်။ လိုချင်ရင်တော့ ဒီမှာ ယူပါ။ ကွန်ပြူတာ ဗိုင်းရပ်စ် အန္ဒရာယ်မှ ကင်းဝေးကြပါစေ။
ဆန္ဒများစွာဖြင့်
သန့်သူရဦး

Sunday, October 9, 2011

စကားမစပ် ပြော ချင်ပါသေးသည်။

ဒီနေ့ စကားမစပ် တစ်ခုလောက်တော့ပြောချင်ပါတယ်။ နည်းပညာအကြောင်းတော့ မဟုတ်ပါဘူး။ ကျွန်တော့်အကြောင်းပါ။ 10 တန်းအောင်ပြီးလို့ ရတနာပုံဆိုက်ဘာစီးတီးမှာ ၀င်ခွင့်ဖြေတာ ဖော်တင်တုန်းကလည်း စိတ်မပါလက်မပါနဲ့ တင်လိုက်တော့ ဖောင်မှာ ရတနာပုံဆိုက်ဘာစီးတီး တစ်ခုပဲ ရှိတယ်။ မနေ့က အောင်စာရင်းထွက်တော့ သွားကြည့်တာ ကျတယ်ဗျာ။ စိတ်တော့မကောင်းဘူး။ ကျွန်တော့်အတွက် မဟုတ်ပါဘူး။ အမေ့အတွကိ စိတ်မကောင်းတာပါ။ ကျွန်တော်ကတော့ စိတ်မကောင်းဘူးပြောလဲရတယ်။ ၀မ်းနည်းတယ်ပြောလည်းရတယ်၊ ၀မ်းသာတယ်ပြောလည်းရတယ်။ စိတ်မကောင်းဘူးဆိုတာကတော့ အိမ်က မိသားစုအတွက်ပါ။ ၀မ်းသာတာကတော့ ကျွန်တော် အခု Physics မေဂျာနဲ့ပဲကျောင်းပြီးတော့မယ် ထင်ပါတယ်။ အဲ့တော့ ကျွန်တော့် website ကို အချိန်ပေးပြီး လုပ်ပေးလို့ရတာပါ့ဗျာ။ သူငယ်ချင်းတွေအတွက် ၀မ်းသာစရာပေါ့။ ကျွန်တော် အခုအချိန်အထိ Website ရေးနေတာ ကျွန်တော့ အကျိုး အမြတ်အတွက် တစ်ခုမှ မရှိပါဘူး။ အားလုံးအတွက် လုပ်ပေးနေတာပါ။ ကျွန်တော် ဒီ Website ရေးဖို့အတွက် ကျွန်တော် ပေးဆပ်ထားရတာ အများကြီးပါ။ ကျွန်တော် စိတ်ရော၊ လူရော၊ အချိန်ရော၊ ငွေရော နှစ်ပြီး လုပ်ပေးနေတာပါ။ ဒီအတွက် ကျွန်တော်ပြန်ရတာ မရှိပါဘူး။ ကျွန်တော်ပေးဆပ်ထားရတာတွေပါပဲ။ ရတနာပုံဆိုက်ဘာစီးတီး စာမေးပွဲကျလို့ ဘာလုပ်ရမယ်မှန်းမသိတာနဲ့ ပို့စ်ကောက်တင်လိုက်တာပါ။ ကျွန်တော် ကတိပေးပါတယ်။ ကျွန်တော့် website ကို အရင်ကထက် ပိုပြီးတော့ ကြိုးစားပေးပါ့မယ်။ စောင့်မျှော်ပေးကြပါဦးနော်။
အားလုံးကိုချစ်တဲ့
သန့်သူရဦး
thantthuraoo@blumail.org

Saturday, October 8, 2011

Word To PDF


ဒီ Software လေးတင်ပေးဖြစ်ပုံလေးကိုအရင်ပြောပြချင်ပါတယ်။ တစ်နေ့က အိမ်ကို စင်ကာပူက အလည်ရောက်လာတဲ့ အဒေါ် လာပါတယ်။ သူနဲ့ ကျွန်တော်နဲ့ စကားတွေပြောနေကြရင်းကနေ Word ကနေ PDF ကိုပြောင်းတဲ့ Software FullVersion ရှိတယ်၊ မရှိဘူး။ ကျွန်တော်နဲ့ ငြင်းကြပါတယ်။ နောက်တော့ ကျွန်တော် ရအောင်ရှာပေးမယ်ဆိုပြီးပြောလိုက်တယ်။ ကျွန်တော်ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အဒေါ့်ကို အပြင်မှာ မပေးလိုက်ပါဘူး။ Website မှာတင်ပေးလိုက်ပါတယ်။ လိုအပ်နေတဲ့ သူငယ်ချင်းများလည်း ယူရအောင်၊ ကျွန်တော့် Website ကိုလည်းကြေငြာပြီးသားဖြစ်သွားအောင်ဆိုပြီးတော့ပေါ့။ ကျွန်တော့်မှာ နည်းပညာ Website ရှိမှန်း သူမသိဘူးဗျ။ခိခိ။ ဒီကောင်လေးကတော့ Word နဲ့ရေးထားတာတွေကို PDF အနေနဲ့ပြောင်းတဲ့ Software လေးပါ။ Install လုပ်နည်းပါ ရေးပေးလိုက်ပါမယ်။ ပထမဆုံး ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးတော့ ရလာတဲ့ verypdf-free-txt2pdf ကို Run လိုက်ပါ။ အောက်ကလို Welcome Box လေးကျလာပါမယ်။ Next ကိုနှိပ်လိုက်ပါ။
ဒါဆိုရင်တော့ အောက်မှာ မြင်ရတဲ့အတိုင်း Install လုပ်မယ့်နေရာရွေးရမယ့် Box လေးကျလာပါမယ်။ ကြိုက်တဲ့နေရာကို Install လုပ်ဖို့ရွေးလိုက်ပါ။ ပြီးရင်တော့ Next ပေါ့။ အောက်မှာ ပြထားပါတယ်။ ကြည့်လိုက်ပါ။
ပြီးရင်တော့ နောက်ထပ်ကျလာမယ့် Box ကတော့ Start Menu Folder လုပ်မယ့် ကောင်လေးပါ။ မလုပ်ချင်ရင်တော့ အောက်မှာပါတဲ့ စာတန်းလေးဘေးမှာ Uncheck ပေးလိုက်ပါ။ပြီးရင်တော့ Next ပေါ့။ အောက်မှာ ကြည့်ပါ။

နောက်တစ်ခုကတော့ Desktop Icon လုပ်ပေးရမလားဆိုတာနဲ့ Quick Launch Icon လုပ်ပေးရမလားဆိုတာပဲဖြစ်ပါတယ်။ မလုပ်ချင်ရင်တော့ ကိုယ်မလုပ်ချင်တဲ့ဟာဘေးမှာ Uncheck လုပ်ပေးလိုက်ပေါ့။ ပြီးရင်တော့ Next ကိုနှိပ်ပါ။ အောက်မှာပြထားတာ ကြည့်ပါ။

ပြီးရင်တော့ နောက်ထပ် ဒီကောင်ကို Install လုပ်မယ့်နေရာ၊ အချက်အလက်တွေကို ပြောပြပေးတဲ့ Box ကျလာပါမယ်။ အဲ့ထဲမှာကိုယ့်စိတ်ကြိုက်မဖြစ်တာရှိရင် Back ကိုနှိပ်ပြီး ပြန်ပြင်နိုင်ပါတယ်။ မပြင်တော့ဘူး၊ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Install ပေါ့။ အောက်မှာကြည့်ပါ။

အဲဒါဆိုရင်တော့ ဒီကောင်လေးကို စတင် Install လုပ်ပါလိမ့်မယ်။ ပြီးသွားရင်တော့ အောင်မှာပြထားသလို Box လေးတက်လာပါလိမ့်မယ်။ Finish ကိုနှိပ်လိုက်တော့ပေါ့။ ဒါပါပဲ။ ဒါဆိုရင်တော့ Word To PDF ပြောင်းတဲ့ Software လေးကိုရပါလိမ့်မယ်။
အသုံးပြုနည်းကို ဆက်ပြောပြပါ့မယ်။ စောစောက Install လုပ်စဉ်က Desktop Icon လုပ်ဖို့ အမှန်ခြစ်ပေးထားခဲ့မယ်ဆိုရင် Desktop ပေါ်မှာ တွေ့နေရပါလိမ့်မယ်။ အဲ့ကောင်လေးကိုဖွင့်လိုက်ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်။

Menu နေရာမှာတော့ ဒီကောင်လေးရဲ့ Shortcut Key လေးတွေကိုလေ့လာနိုင်ပါတယ်။ Open ကနေပြီးတော့ ကိုယ်ပြောင်းချင်တဲ့ဖိုင်တွေကိုဖွင့်ပါ။ ရွေးပြီးတာနဲ့ နောက်ထပ်ပြောင်းပြီးတဲ့ ဖိုင်ကို ဘယ်နေရာမှာ သိမ်းမယ်ဆိုတာကိုရွေးပေးရမှာပါ။ ရွေးပြီးရင်တော့ Save ကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ ကိုယ်ရွေးပေးထားတဲ့နေရာမှာ သွားကြည့်လိုက်ပါ။ စောစောက Word ဖြစ်နေတဲ့စာတွေ PDF ကိုပြောင်းနေတာ တွေ့ရပါလိမ့်မယ်။
အသုံးပြုပြီး ပျော်ရွှင်နိုင်ကြပါစေ။
အားလုံးကိုချစ်တဲ့
သန့်သူရဦး

Friday, October 7, 2011

ပရော်ဆီ ကျော်ခွနည်း ။

ကျော်တဲ့ PROXY အသုံးပြုပုံလေးကို ပြောပြချင်ပါတယ်။ MOZILLA FIREFOX ကိုဖွင့်ပါ။ အပေါ်ဆုံးမှာ TOOLS ဆိုတာရှိပါတယ် ၀င်လိုက်ပါ။ OPTION ကိုနှိပ်ပါ။ ADVANCED ကိုနှိပ်ပါ။ NETWORK ကိုနှိပ်ပါ။ SETTING ကိုနှိပ်ပါ။ MANUAL PROXY CONFIGURATION ကိုနှိပ်ပါ။ HTTP PROXY နေရာမှာ ရှေ့ က IP 184.95.32.186 ကိုရေးပါ။ ရှေ့ ဆုံးက IP ကိုထည့်ရေးဖို့ မလိုပါဘူး။ ဘေးက အကွက်မှာ Port 443 ကိုရေးလိုက်ပါ။ ရှေ့ ဆုံးက PROT ကိုထည့်ရေးစရာ မလိုပါဘူး။ ပြီးရင်တော့ အောက်က Use this proxy server for all protocols ဘေးမှာ အမှတ်ခြစ်လေး ပေးထားခဲ့ပါ။ ပြီးရင်တော့ OK တွေနဲ့ ချည်းပဲ ထွက်ခဲ့လိုက်ပါ။ ဒါဆိုရင်တော့ User Name နဲ့ Password ရိုက်ပေးရမယ့် Box လေးကျလာပါမယ်။ ပုံ (၄) ကိုကြည့်ပါ။ အဲဒီနေရာမှာတော့ ကျွန်တော်ပေးထားတဲ့အတိုင်း User Name နဲ့ Password ကိုရိုက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
Tools >> Option >> Advanced >> Network >> Setting >> MANUAL PROXY CONFIGURATION >> HTTP PROXY .
အောက်မှာ ပုံတွေကိုကြည့်လိုက်ပါ။
ပုံ (၁)

ပုံ (၂)
ပုံ (၃)
ပုံ (၄)

Wednesday, October 5, 2011

Advanced System Care


(ပုံကြီးချင်လျှင် ပုံများပေါ်တွက် ကလစ်ပါ။)ဒီကောင်လေးကတော့ Advanced System Care ပါ။ Register Winner လိုပါပဲ။ Register Winner က Advanced System Care ထက်ပိုကောင်းပါတယ်ပြောပြီး Advanced System Care ကိုကျတင်မပေးဘူး၊ Register Winner ပဲတင်ပေးတယ်ဖြစ်နေမှာ စိုးလို့ ဒီကောင်လေးကို တင်ဖြစ်သွားတာပါ။ Advanced System Care ကိုပထမဆုံး ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးရင် ရလာတဲ့ asc-setup ကိုဖွင့်ပြီး Run လိုက်ပါ။ အောက်ကပုံလေးအတိုင်းထွက်လာပါမယ်။ Next ကိုနှိပ်လိုက်ပါ။

ဒါဆိုရင်တော့ အောက်မှာပြထားတဲ့အတိုင်း လိုင်စင် သဘောတူညီမှု တောင်းလာပါမယ်။ Accept ကိုနှိပ်ပါ။

အဲဒါဆိုရင်တော့ နောက်ထပ် ပွင့်လာမယ့် Box က ဒီ Software ကို ဘယ်နေရာမှာ Install လုပ်မှာလဲဆိုတာပါ။ဒီမှာတော့ ကျွန်တော်က C:\Program Files\IObit\Advanced SystemCare 4 မှာ လုပ်လိုက်ပါ့မယ်။ ပြောင်းချင်တယ်ဆိုရင်တော့ ဘေးက Browse ကိုနှိပ်ပြီး ကြိုက်တဲ့နေရာမှာ ထားပေါ့။ ပြီးရင်တော့ Next ကိုနှိပ်ပါ။ အောက်မှာ ကြည့်ပါ။

ဒါဆိုရင် နောက်ထပ် Box တစ်ခုအနေနဲ့ Desktop ပေါ်မှာ Shortcut လုပ်ပေးရမလား ဆိုတာနဲ့ IObit ကို Favorite မှာထည့်ဦးမလားဆိုတဲ့ စာကြောင်းပါတဲ့ Box လေးကျလာပါမယ်။ဘာမှပြောင်းမနေပါနဲ့ Next ကိုပဲနှိပ်ပေးလိုက်ပါ။အောက်မှာ ကြည့်ပါ။


အဲဒါဆိုရင်တော့ Advanced System Care ကိုစတင် Install လုပ်ပါမယ်။ အောက်မှာ ကြည့်ပါ။

နောက်ပြီးတော့ Advanced System Care Toolbar ယူဦး မလားဆိုပြီးမေးပါလိမ့်မယ်။ Decline လုပ်လိုက်ပါ။ အောက်မှာ ပြထားသလိုပါ။


ဒါဆိုရင် နောက်ထပ် Box တစ်ခု ထပ်ကျလာပါမယ်။ ဘာမှပြင်မနေပါနဲ့ Install သာလုပ်လိုက်ပါ။ အောက်မှာ ကြည့်ပါ။

အဲဒါဆိုရင်တော့ Advanced System Care ကို Install လုပ်ပြီးကြောင်းအသိပေးတဲ့ Box လေးတစ်ခု ကျလာပါမယ်။ Finish ကိုနှိပ်ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။

ပြီးရင်တော့ နောက်ထပ် Box ကျလာပါဦးမယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် Advanced System Care မှာပေါ်မယ့် ဘာသာစကား၊ နောက်ခံအရောင် ရွေးရမှာပါ။ အဲ့မှာ ပြောင်းချင်သပ ဆိုရင်လည်းပြောင်းကြပေါ့။ ပြီးရင်တော့ Start Now ကိုနှိပ်ပါ။ အောက်မှာ ပြထားသလိုပါ။

အဲဒါဆိုရင်တော့ Advanced System Care ကိုအောင်မြင်စွာ Install လုပ်နိုင်ပါပြီ။ ဖွင့်ပြီးသာ သုံးလိုက်ပါတော့ဗျာ။
အသုံးပြုပြီး ပျော်ရွှင်နိုင်ကြပါစေ။
ကြိုးစားလျှက်.....
သန့်သူရဦး

Tuesday, October 4, 2011

CC Cleaner


ဒီကောင်လေးကတော့ CC Cleaner နောက်ဆုံးထွက် Version လေးပါ။ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ CC Cleaner အကြောင်းကတော့ ရှင်းပြနေစရာမလိုတော့ဘူးထင်ပါတယ်။ Install လုပ်နည်းပါ ပြောပြပေးလိုက်ပါမယ်။ ပထမဆုံး CC Cleaner ကို ဒီမှာ Download လုပ်ယူလိုက်ပါ။ ပြီးရင်တော့ ccsetup311 ကို Run လိုက်ပါ။ အဲဒါဆိုရင် ပထမဆုံး ကိုယ်သုံးမယ့် ဘာသာစကားကိုရွေးချယ်ဖို့ Box တစ်ခုကျလာပါမယ်။ English ကိုပဲရွေးပေးလိုက်ပါ။ ပြီးရင်တော့ OK ကိုနှိပ်ပါ။ အောက်က ပုံလေးလိုပါ။

အဲဒါဆိုရင်တော့ နောက်ထပ် Box တစ်ခု ထပ်ကျလာပါမယ်။ Next ကိုပဲနှိပ်ပါ။ အောက်ကပုံလေးလိုပါ။

ပြီးရင်တော့ သူတို့ သတ်မှတ်ထားတဲ့ လိုင်စင်ကို သဘောတူ၊ မတူ မေးပါမယ်။ I Agree လို့သာ ပေးလိုက်ပါ။ အောက်ကပုံလေးလိုပါ။

ပြီးရင် နောက်ထပ် Box တစ်ခု ထပ်ကျလာပါမယ်။ သူက မေးထားတာတွေကတော့ Desktop ပေါ်မှာ Shortcut လုပ်ပေးရမလား? နောက် Start Menu မှာ Shortcut ထည့်ပေးရမလား? အစရှိသဖြင့် မေးလာပါလိမ့်မယ်။ ကိုယ်မလုပ်ချင်တဲ့ စာကြောင်းဘေးမှာရှိတဲ့ အမှတ်ခြစ်လေး ဖြုတ်ပေးလိုက်ရုံပါပဲ။ ပြီးရင်တော့ Install ကိုနှိပ်လိုက်ပါတော့။ အောက်မှာ ကြည့်ပါ။


အဲဒါဆိုရင်တော့ CC Cleaner ကိုစတင် Install လုပ်ပါလိမ့်မယ်။ အောက်ကပုံလေးအတိုင်းပါပဲ။

Install လုပ်ပြီးသွားရင်တော့ CC Cleaner ကို Install လုပ်ပြီးကြောင်း အသိပေးတဲ့ Box လေးကျလာပါမယ်။ အောက်မှာ ကြည့်ပါ။ ဒီနေရာမှာတော့ တစ်ခုပြောစရာရှိပါတယ်။ Box မှာ စာကြောင်းလေး နှစ်ကြောင်းပါပါတယ်။ အဲဒါတွေကတော့ CC Cleaner ကို သုံးတော့မှာလား ဆိုတဲ့ စာကြောင်းရယ်၊ CC Cleaner ကို Internet မှာ ကြည့်ဦး မလားဆိုတဲ့ Box လေးရယ်ပါ။ အဲဒီနေရာမှာတော့ အောက်က စာကြောင်းဘေးက အမှတ်ခြစ်ကို ဖြုတ်ပေးခဲ့လိုက်ပါ။
ပြီးရင်တော့ Finish ပေါ့။ အောက်မှာကြည့်ပါ။


ဒါဆိုရင်တော့ CC Cleaner ကို အောင်မြင်စွာ Install လုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ။ ကျွန်တော်လည်း တော်တော် ပန်းသွားပါပြီ။ အသုံးပြုပြီး ပျော်ရွှင်နိုင်ကြပါစေ။
အားလုံးကိုချစ်တဲ့
သန့်သူရဦး