Tuesday, September 20, 2011

အင်တာနက်ဆိုင်များ အတွက်ပါ ။


ဟိုတလောက အင်တာနက်ဆိုင်ဖွင့်ထားတဲ့ အစ်မတစ်ယောက်က မေးထားတာပါ။ သူ့ ဆိုင်မှာ D-FREEZE သုံးထားပေမယ့် USER တွေက D-FREEZE ကိုပိတ်ပြီးတော့ SPYWARE တွေ RUN သွားတဲ့အတွက် အကောင့်ပျောက်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်တဲ့ဗျာ။ ဒါကြောင့်ကျွန်တော် ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။ သူ့ တစ်ယောက်တည်းကိုပဲ MAIN ပို့ ပေးလိုက်လို့ ရပေမယ့် MAIL ပို့ ရင် MAIL ရတဲ့သူပဲသိမှာလေ။ ဒါကြောင့် အားလုံးကို သိစေချင်တဲ့စိတ်နဲ့ ပို့ စ်တင်ဖြစ်တာပါ။
ပထမဆုံးအနေနဲ့  ကျွန်တော်တို့ က SPYWARE ဆိုတာ ဘာလဲ ဆိုတာကို သိထားဖို့ လိုပါတယ်။ အဲဒီတော့ ကျွန်တော် SPYWARE အကြောင်းကို အရင်ပြောပြပါ့မယ်။
SPYWARE ဆိုတာဘာလဲ?
          မည်သည့် SOFTWARE မဆို အသုံးပြုသူ(USER)  တစ်ဦး၏သတင်းအချက်အလက်များကို အခြား SOURCE တစ်ခုခုဆိသို့  ထိုအသုံးပြုသူ  (USER) မသိဘဲ လျှို့ ဝှက်စွာ ပို့ လွှတ်ပေးနိုင်သော SOFTWARE တွေကိုခေါ်ပါတယ်။ တချို့ သော ADWARE များဟာ MARKETING PURPOSE အတွက် မိမိရဲ့ ဌာနေ SITE  ဆီသို့  INFORMATION များဖြင့်ပြန်ပို့ တတ်ကြပါတယ်။ ဒါကြောင့်  ADWARE များဟာလည်း SPYWARE တစ်မျိုးပါလို့  ပြောချင်ရင်လည်း ရပါတယ်။
          အဲဒီ SPYWARE တွေမိမိစက်ထဲကို ဘယ်လိုရောက်လာသလဲ ဆိုတာကို အမျိုးအစားအလိုက် ခွဲခြား ကြည့်မယ်ဆိုရင် ပထမ အမျိုးအစားက SPYWARE ကို တစ်ဦးတစ်ယောက်အတွက် ရည်ရွယ်ပြီး (သို့ မဟုတ်)  သူ့ ရဲ့ ကွန်ပြူတာ တစ်လုံးအတွင့် လျှို့ ဝှက်စွာ တပ်ဆင်ထားပြီး ထို ကွန်ပြူတာ အသုံးပြုသူများ၏  INFORMATION များ၊ ဆိုရရင်  USER NAME, PASSWORD, FILES, CHAT ပြောဆိုမှုများ၊ E-MAIL ပို့လွှတ်မှုများ၊ စသည်တို့ ကို ခိုးကြောင်ခိုးဝှက် ရယူထောက်လှမ်း ခြင်းပဲဖြစ်ပါတယ်။ ဆိုရရင်တော့ GOLDEN-EYE  လို SOFTWARE မျိုးပေါ့ဗျာ။
          SPYWARE များဝင်ရောက်လာနိုင်တဲ့ နောက်တစ်နည်းကတော့ INTERNET ပေါ်မှ FREEWARE များနှင့် SHAREWARE များကို DOWNLOAD ရယူအသုံးပြုခြင်းနှင့် WEBSITE များကို BROWSE လုပ်ကြည့်ခြင်းတို့ မှလည်း ၀င်ရောက်နိုင်ပါတယ်။ အင်တာနက်ပေါ်မှ FREEWARE တစ်ခုခု၊ SHAREWARE တစ်ခုခုကို INSTALL လုပ်တဲ့အခါမှာ INSTALL လုပ်ချင်တဲ့ MAIN PROGRAM အပြင် နောက်ထပ် SECONDARY PROGRAM တစ်ခုကိုပါ အသုံးပြုသူ မသိစေဘဲ INSTALL လုပ်ရန်ထည့်ပေးတတ်ကြပါသည်။ ထို SECONDARY PROGRAM မှအသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များ၊ နှင့် သွားရောက်ကြည့်ရှုလေ့ရှိသော  WEBSITE များကိုဌာနေ SITE သို့လျှို့  ၀ှက်စွာပြန်ပို့ပါတယ်။ အဲဒီအချက်အလက်များကို သူတို့ ရဲ့  SERVER ပေါ်မှာ  PROFILE တစ်ခုဆောက်ပြီးတော့ သိမ်းထားလိုက်ပါတယ်။ ထို PROFILE များကိုကြည့်ပြီး သင်စိတ်ဝင်စားမယ့် POP-UP များကိုပို့ လွှတ်ပါလိမ့်မယ်။ဥပမာအားဖြင့် GATOR SOFTWARE ပဲဖြစ်ပါတယ်။
          နောက်တစ်မျိုးကတော့ BROWSER PROGRAM တစ်ခုခုကို HIJACK လုပ်ပြီးတော့  နည်းအမျိုးမျိုးနဲ့  စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်နေကြပါတယ်။
          HIJACK လုပ်တဲ့ ပထမတစ်မျိုးကတော့ BROWSER PROGRAM တစ်ခုကို ၀င်ရောက်စီးနင်းပြီးတော့ HOME PAGE နေရာမှာ မိမိထည့်သွင်းထားသော WEBSITE အစား အခြား WEBSITE များကိုပြောင်းလဲ ထည့်သွင်းထားလေ့ရှိပါတယ်။ ဒါကြောင့် BROWSER ဖွင့်လိုက်တဲ့အခါမှာ မိမိထည့်သွင်းထားတဲ့ HOME PAGE တက်မလာဘဲ ဘာမှန်းမသိသော အခြား  WEBPAGE တစ်ခုတက်လာတာမျိုး ကြုံတွေ့ လာနိုင်ပါတယ်။
          ဒုတိယ တစ်မျိုးကတော့ အင်တာနက်အသုံးပြုသူ တော်တော်များများက www. နှင့်စပြီး .com နှင့်ဆုံးလေ့ရှိသော URL များကို အစအဆုံးရိုက်ထည့်လေ့မရှိပါဘူး။ ဆိုရရင် www.yahoo.com ရယ်လို့  အစအဆုံးရိုက်ထည့်လေ့မရှိဘဲ yahoo ပဲရိုက်ပြီးတော့ ctrl+alt တွဲနှိပ်တာ များပါတယ်။ အဲဒီလိုအခါမျိုးမှာ YAHOO PAGE တက်မလာဘဲ အခြား PAGE တစ်ခုခုဆီသို့ ရောက်သွားတတ်ပါတယ်။ပြောရရင် လမ်းကြောင်းလွှဲခံရတာပေါ့ဗျာ။
          SPYWARE များမိမိကွန်ပြူတာအတွင်းမှာ ရှိမရှိဆိုတာကို အောက်ပါအချက်အလက်များအတိုင်း ယျေဘုယျ စစ်ဆေးကြည့်နိုင်ပါတယ်။
1)    မိမိရဲ့ MAIL BOX ထဲသို့  SPAM MAIL များဝင်ရောက်နေခြင်း
2)    အင်တာနက်ပေါ်မှ သီချင်းဖိုင်များကို DOWNLOAD ဆွဲခဲ့ဖူးခြင်း
3)    SHAREWARE (သို့ မဟုတ်) FREEWARE PROGRAM တစ်ခုခုကို INSTRALL လုပ်ထားခြင်း
4)    FILE SHARING PROGRAM (ဥပမာ kazz) ကိုအသုံးပြုထားခြင်း
5)    POP-UP တစ်ခုခုပေါ်သို့ ကလစ်နှိပ်မိခြင်း 
            အထက်ဖေါ်ပြပါ အချက်များမှ တစ်ခုခုကိုလုပ်ထားခဲ့ရင် SPYWARE တစ်ခု (သို့ မဟုတ်) များစွာသော SPYWARE များဝင်ရောက်ကပ်ငြိနေတတ်ပါတယ်။
           ကဲဒီလောက်ဆိုရင် SPYWARE အကြောင်းကိုတော်တော်များများ သိလောက်ပြီထင်ပါတယ်။ ဒီတော့ SPYWARE ကိုဘယ်လိုကာကွယ်မလဲဆိုတာကိုပြောပြပြီးတော့ ANTI-SPYWARE တွေအခမဲ့ရနိုင်တဲ့နေရာတွေကို ပြောပြပေးပါ့မယ်။
ကောင်းပြီ။ဒီတော့ အခု SPYWARE တွေကိုဘယ်လိုကာကွယ်ရမလဲဆိုတာကိုပြောပြပါ့မယ်။
                       SPYWARE များရန်မှီကာကွယ်ရန်အတွက် အကြံပေးလိုတာကတော့ E-MAIL MESSAGE များကိုသတိထားဖွင့်ဖတ်ဖို့ ပါပဲ။ မိမိမသိသော SENDER (ပေးပို့ သူ) များထဲမှ ATTACHMENT တွဲပါလာသော MESSAGE များကိုအထူးသတိပြုရန်လည်းလိုပါတယ်။  ထို ATTACHMENT များတွင် VIRUS များပါဝင်လာနိုင်သလို SPYWARE TROJAN များလညါး ပါဝင်လာနိုင်ပါတယ်။
                       အလားတူပဲ အင်တာနက်ပေါ်မှာ SHAREWARE (သို့ မဟုတ်) FREEWARE အားလုံးကိုသတိထားပြီး DOWNLOAD လုပ်ယူရန်လိုပါတယ်။ သိပ်ပြီးစိုးရိမ်စရာတော့ မဟုတ်ပါဘူး။ FREEWARE အားလုံး (သို့ မဟုတ်)  SHARE WARE အားလုံးတို့ ဟာ ADWARE, SPYWARE များမဟုတ်ကြပါဘူး။ DOWNLOAD မလုပ်ခင်မှာ ရယူရန်ကြံစည်ထားသော PROGRAM တစ်ခုဟာ SPYWARE ဟုတ်မဟုတ်ဆိုတာကို စစ်ဆေးပေးဖို့ လိုပါတယ်။ စစ်ဆေးတဲ့ TOOLS တွေလည်း အင်တာနက်မှာ တစ်ပုံတစ်ပင်ကြီးရှိပါတယ်။ အဲဒီအထဲကမှ လူသုံးအများဆုံးနဲ့အကျော်ကြားဆုံး ကတော့ www.spychecker.com ပဲဖြစ်ပါတယ်။အဲဒီမှာဝင်ရောက်စစ်ဆေးနိုင်ပါတယ်။ ဘယ်လိုစစ်ဆေးရသလဲဆိုတာကိုတော့ အသေးစိတ်ရေးမပြတော့ပါဘူး။ လိုရင်းကိုမရောက်မှာစိုးလို့ ပါ။ ကိုယ့်ဟာကိုယ်သာ ကြိုးစားကြည့်လိုက်ကြပါဦး။ မရရင်တော့ အောက်မှာရေးပေးခဲ့လိုက်ပါ။ ပြန်တင်ပေးပါ့မယ်။
                       ကဲနောက်ထပ်အနေနဲ့  USER NAME, PASSWORD တွေကိုခိုးယူနေတဲ့ SPYWARE တွေကိုဘယ်လိုရှင်းလင်းရမလဲ ဆိုတာရယ်။ ANTI-SPYWARE ရနိုင်တဲ့နေရာတွေကိုဖေါ်ပြပေးသွားပါ့မယ်။
                       ANTI-SPYWARE PROGRAM အားရယူရန် www.spysweeper.com သို့ သွားပါ။
အဲဒီမှာ DOWNLOAD ရယူလိုက်ပါ။ စတင်အသုံးပြုနိုင်အောင် အောက်မှာဖော်ပြပေးထားတဲ့အတိုင်း လုပ်ဆောင်သွားကြရအောင်ဗျာ။
1)    DOWNLOAD ရယူထားသော SPY SWEEPER SETUP FILE အား double click နှိပ်ဖွင့်ပါ။ SPY SWEEPER အား INSTALL လုပ်ရန် အတည်ပြုချက်တစ်ခုတောင်းသော CONFIRMATION BOX တစ်ခုကျလာပါလိမ့်မည်။
2)    YES button တွင်ကလစ်ပါ။ LICENDE AGREEMENT DIALOGUE BOX ကျလာပါလိမ့်မည်။ ညွှန်ကြားချက်များအတိုင်းလိုက်နာ INSTALL လုပ်နိုင်ပါတယ်။



SPY SWEEPER အားစတင်အသုံးပြုခြင်း။

1)    SPY SWEEPER အားစတင်အသုံးပြုနိုင်ရန်အတွက် start> program> spy sweeper> spy sweeper တွင်ကလစ်ပြီးဖွင့်ပါ။ SPY SWEEPER WINDOW ပွင့်လာပါလိမ့်မည်။ NEW INSTALLATION လုပ်ပြီးခြင်းဖြစ်သဖြင့် SPY DEFINATION ကို UPDATE လုပ်၊ မလုပ် စတင်မေးမြန်းပါလိမ့်မည်။
2)    YES တွင်ကလစ်ပြီး SPYWARE များနှင့်ပက်သက်သော နောက်ဆုံးရ အချက်အလက်များကို UPDATE လုပ်ပေးပါလိမ့်မည်။ ဘာနှင့်တူသလဲဆိုတော့ ANTI-VIRUS SOFTWARE များတွင် VIRUS DEFINITION UPDATE လုပ်ပုံနှင့်တူပါတယ်။ UPDATE လုပ်ပြီးပါက အမျိုးပေါင်းမည်မျှရှာဖွေနိုင်မည်ဆိုတာကို တွေ့ နိုင်ပါသည်။
3)    CONFIGURE လုပ်ဖို့ အတွက် OPTION တွင် ကလစ်ပါ။ OPTION WINDOW ရှိ CONFIGURE TAB အောက်သို့ ရောက်ရှိသွားပါလိမ့်မည်။ ထို CONFIGUER TAB ထဲတွင် စစ်ဆေးလိုသော DRIVE များကို SELECT DRIVE TO SWEEP ဘေးရှိ DOWN ARROW တွင်ကလစ်  ပြီး ရွေးချယ်နိုင်ပါတယ်။
4)    APPLY BUTTON တွင် ကလစ်ပါ။ စစ်ဆေးဖို့ ရန်မိမိရွေးချယ်ထားသော DRIVE များကို SELECT DRIVE TO SWEEP အောက်တွင်တွေ့ ရပါလိမ့်မည်။
5)    SWEEP NOW BUTTON တွင်ကလစ်ပါ။
6)    မိမိကွန်ပြူတာအတွင်း ၀င်ရောက်ခိုအောင်းနေသော SPYWARE/ ADWARE များကိုရှာဖွေရန် START BUTTON တွင် ကလစ်ပါက SPYWARE/ ADWARE တွေကိုရှာဖွေပေးပါလိမ့်မယ်။
7)    SPY SWEEPER ကသူ့ ရဲ့ ရှာဖွေတဲ့လုပ်ဆောင်ချက်ပြီးသွားတဲ့အခါမှာ သူရှာဖွေခဲ့တဲ့ နေရာများမှာ တွေ့ ရှိခဲ့ရတဲ့ SPYWARE/ ADWARE နှင့် COOKIES များရဲ့ အရေအတွက်ကို LIST ထုတ်ပေးပါလိမ့်မယ်။
8)    NEXT BUTTON တွင်ကလစ်ပါ။ (SPYWARE, ADWARE, COOKIES ) များ၏ LIST များနှင့် SPY SWEEPER မှရှာဖွေပေးထားသော LIST များကိုတွေ့ ရပါလိမ့်မည်။
9)    ထိုထဲမှ မိမိ ဖျက်စီးရှင်းလင်းလိုသော PROGRAM များ၊ COOKIES များကို SELECT ပေးရမှာဖြစ်ပါတယ်။ဒါပေမယ့် တစ်ခုသိထားရမှာက ဖျက်ဖို့ ရန်အတွက် SELECT မလုပ်ခင်မှာ မိမိဖျက်လိုတဲ့ PROGRAM အကြောင်းကိုသိဖို့ လိုပါတယ်။ သို့ မှသာ အဲဒီ PROGRAM ကိုဖျက်သင်၊ မဖျက်သင့် ဆုံးဖြတ်လို့ ရမှာပါ။ ဘယ်လိုဖတ်ရမလဲဆိုတာ ကြည့်ကြရအောင်ဗျာ။ LIST ထဲမှာရှိတဲ့ PROGRAM တစ်ခုပေါ်ကို ကလစ်ပြီးတော့ SELECT လိုက်ပါ။ ထို PROGRAM ၏အလုပ်လုပ်ပုံကို SPY SWEEPER WINDOW အောက်မှာ အသေးစိတ်ဖော်ပြထားတာကိုတွေ့ ရပါလိမ့်မယ်။
10) ထို DAP PROGRAM ကိုဆက်လက်အသုံးပြုလိုပါက DAP ဘေးရှိ  ^CHECK BOX ပေါ်တွင် ကလစ်ပြီး DESELECT လုပ်လိုက်ပါ။
11) မိမိ ကွန်ပြူတာထဲမှရှင်းထုတ်လိုတဲ့ PROGRAM များကို မှတ်သားပြီးတဲ့အခါမှာတော့ NEXT BUTTON တွင်ကလစ်လိုက်ပါ။ MEMORY (RAM) ထဲတွင် RUN နေသော SPYWARE များကိုရှင်းထုတ်ပစ်ရန် အခြားဖွင့်ထားသော PROGRAM များကိုပိတ်ခိုင်းသော သတိပေးချက် BOX တစ်ခု ကျလာပါလိမ့်မယ်။
12) အခြားဖွင့်ထားသော PROGRAM များကိုပိတ်ပြီးပါက OK BUTTON တွင်ကလစ်ပါ။ မိမိ မှတ်သားထားခဲ့သော PROGRAM များကိုရှင်းထုတ်ပေးပါလိမ့်မယ်။
ကဲဒီလောက်ဆိုရင် အင်တာနက်ဆိုင်တွေမှာ အကောင့်ပျောက်တဲ့ရန်ကို တစ်စိတ်တစ်ဒေသ အထိ ကာကွယ်ပေးပြီးသားဖြစ်သွားပါပြီ။ မိမိတို့ ဆိုင်ကိုဘာရောက်သုံးစွဲတဲ့ USER များလည်း စိတ်ချ လက်ချ သုံးစွဲလို့ ရတာပေါ့ဗျာ။ နောက်ဆုံးအနေနဲ့ ကတော့ မိမိတို့ သုံးစွဲနေတဲ့ D-FREEZE ကို SECURITY ကောင်းမွန်စေရန် အထူးဂရုစိုက်သင့်ပါတယ်။ D-FREEZE ကိုပိတ်ပြီးတော့ SOFTWARE တွေ RUN သွားတယ်ဆိုကတည်းက မိမိဆိုင်မှာ တပ်ဆင်ထားတဲ့ D-FREEZE ရဲ့ PASSWORD ကိုသိနေလို့ ပေါ့ဗျာ။ ခုခေတ်မှာက တစ်စုံတစ်ခုရဲ့  PASSWORD ကိုသိဖို့ ဆိုတာက အရမ်းခက်ခဲတဲ့ ကိစ္စမဟုတ်တော့ပါဘူး။ ဒီတော့ မိမိတို့ ရဲ့ ဆိုင်မှာသုံးထားတဲ့ D-FREEZE PASSWORD ကိုလုံခြုံအောင်ဆောင်ရွက်ကြပါလို့  အကြံပေးချင်ပါတယ်။ ဒါလေးကတော့ အခြေခံဖြစ်နိုင်တဲ့ သဘောတရားလေးကို ပြောပြ၊ ရေးပြထားတာပါ။ ကျွန်တော့်ကိုမေးတဲ့အစ်မဆိုင်မှာက ဘယ်လိုတွေဖြစ်နေတာလဲဆိုတာ ကျွန်တော်လည်းမသိတော့ သေသေချာချာ ရေးပေးလို့ တော့ မရဘူးခင်ဗျ။ ဒီကောင်လေးနဲ့ စမ်းသုံးကြည့်ပါ။ အဆင်မပြေဘူးဆိုရင် အောက်မှာ အော်ထားခဲ့ပါ။ နောက်တစ်ခု ထပ်တင်ပေးပါ့မယ်။ အဆင်ပြေတယ်ဆိုရင်လည်း အော်ခဲ့ပါဦး။ ကျွန်တော် ၀မ်းသာရအောင်ပေါ့ဗျာ။ ကျွန်တော့်မှာလည်း ဒီပို့ စ်လေးဖြစ်လာနိုင်ဖို့ ကို SOFTWARE တွေ တင်လိုက်၊ ပြန်ဖြုတ်လိုက်၊ ဖိုင်တွေ ပြန်စီလိုက်နဲ့ တော်တော်ကို အလုပ်၈ှုပ်ရပါတယ်။ သုံးတဲ့သူတွေ အဆင်ပြေစေချင်လို့ ပါ။
                       ကဲကဲ သူငယ်ချင်းများအားလုံးအသုံးပြုပြီး ပျော်ရွှင်နိုင်ကြပါစေ ခင်ဗျာ။

0 ဦးမှတ်ချက်ရေးသွားတယ်။:

Post a Comment

သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။