Tuesday, September 20, 2011

လူပျိုကြီးရဲ့ ရာဇ၀င် ။


အသက် (40) ရှိပြီဖြစ်သည့် လူပျိုကြီးသည် သူခေါ်ပြသည့် အမျိုးသမီးတိုင်းကို သူ့မိခင်မှ မနှစ်မြို့ကြောင်း ပြောနေသဖြင့် သူငယ်ချင်းကို ရင်ဖွင့်လိုက်နေလိုက်သည်။
“ဒါဆိုလည်း မင်းအမေနဲ့ တူတဲ့ မိန်းကလေးကို ရှာပြလိုက်ပေါ့ကွာ”
သူငယ်ချင်း၏ အကြံပေးချက်အတိုင်း ကြိုးစားဆောင်ရွက်လေတော့သည်။ ခြောက်လခန့်ကြာသောအခါ မူလ သူငယ်ချင်းနှင့် ပြန်ဆုံတွေ့ရလေသည်။
“ဘယ့်နှယ့်လဲ....... ငါပေးတဲ့ အကြံနဲ့ အိုကေသွားပြီလားကွ”
“ ဟင့်အင်း....... အမေနဲ့ တူတဲ့ မိန်းကလေးကို ရှာပြီး ခေါ်ပြပြန်တော့ အမေက သဘောကျပေမယ့် အဖေက အပြင်းအထန် ကန့်ကွက်တယ်ကွ”

0 ဦးမှတ်ချက်ရေးသွားတယ်။:

Post a Comment

သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။