Tuesday, September 20, 2011

အသက်ရှူခြင်း


ရန်ကုန်မန္တလေး ဘတ်စ်ကားကြီးနဲ့ စီးလာလိုက်ကြတာ မောင်းပြီး၃ နာရီလောက်ကြာတော့
လမ်းမှာ ဟိုင်းလတ် ကားလေးတစ်စီး ရပ်ထားတာတွေ့တ ယ် ။
စက်ဖုံးကြီးလဲဖွင့်လို့ပေါ့ ။
ငပွေးက တင်အောင်ကိုလှမ်းမေးတယ် ။ "ဟေ့ကောင်ဟိုကားဘာဖြစ်တာလဲ"
တင်အောင်လည်း ရွာမှာဆရာကြီးဆိုတော့ ...
"အ ပါ့ကွာ ..သူလဲဒီလောက်အဝေးကြီးပြေးလာရတာ မောလို့ ပါစပ်ဟပြီးအသက်ရှုနေတာပေါ့ကွ"
ငပွေး အူကြောင်ကြောင်ဖြစ်ပြီး ရပ်ထားတဲ့ကားကိုတအံ့တသြ ကြည့်နေရှာတယ်။
တစ်နေရာလည်း ရောက်ရော သူတို့စီးလာတဲ့ကားက ထိုးရပ်သွားတယ်။
"ခရီးသည်များအားလုံး ကျွန်တော်တို့ကားအင်ဂျင်ပူသွားလို့ ခဏနားပါမယ်။ အောက်ခဏဆင်းပြီး 
အပေါ့အပါးသွားနိုင်ပါတယ် " ဆိုတဲ့ စပါယ်ယာ အော်သံထွက်လာတယ်။
ငပွေးနဲ့တင်အောင်လည်း အောက်ကိုဆင်းကြတာပေါ့။
အောက်လည်းရောက်ရော ငပွေးက တင်အောင်ကို မျက်စပစ်ပြပြီး နှစ်ယောက်သား မျက်စိမျက်နှာပျက် 
သွားကြတယ်။ ကားပေါ်ကိုခပ်ကုပ်ကုပ်လေး ပြန်တက်ထိုင်နေလိုက်ကြတယ်။
တစ်ယောက်နဲ့တစ်ယောက်လည်း စကားတောင်မပြောနိုင်တော့ဘူး။
ရန်ကုန်ကားဂိတ်ရောက်တော့ သူတို့ဘကြီးက စောင့်နေနှင့်တာပေါ့။
"ငပွေးနဲ့တင်အောင် မင်းတို့ မျက်နှာလဲမကောင်းပါလား ဘာဖြစ်လာ…. "
ဘကြီးတောင် စကားမဆုံးသေးဘူး ... ဘကြီးလက်ကို နှစ်ယောက်သားဆွဲပြီး ပြေးလိုက်တာ
အ၀တ်အိတ်တွေ မနိုင်မနင်းနဲ့ ကားဂိတ်နဲ့ခပ်ဝေးဝေးလဲရောက်ရော …
"ဘကြီးရာ ပြောမနေပါနဲ့တော့...သူများကားတွေ မောလို့အသက်ရှုတာ
ပါးစပ်ဖွင့်ပြီးရှုပါတယ်... ကျွန်တော်တို့ကားကျမှ ဖင်လှန်ပြီးရှုရတယ်လို့ …
ရှက်လွန်းလို့ ကားနားတောင်မနေရဲတော့ဘူး " တဲ့ …။

0 ဦးမှတ်ချက်ရေးသွားတယ်။:

Post a Comment

သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။