Tuesday, September 20, 2011

ဥာဏ်ကြီးရှင် ဖေဖေ


ရုံးမှာ အချိန်ပိုလုပ်ရသောကြောင့် နောက်ကျမှ ပြန်ရောက်လာသည့် အဖေ ဖြစ်သူကို သားငယ်က မေးသည်။
“လမင်းဟာ ဘာဖြစ်လို့ အကြီးကြီး ဖြစ်နေတာလဲဟင်”
“လမင်း ဟုတ်လား ၊ မသိပါဘူး သားရယ်”
“ကြယ်တွေကျတော့ သေးသေးလေးနော်…. ဘာဖြစ်လို့လဲ ဖေဖေ”
“ကြယ်တွေ ဟုတ်လား၊ အင်း မပြောတတ်ပါဘူးကွာ”
“ဖေဖေ၊ ဘာဖြစ်လို့ ..”
အမေက ၀င်ပြောသည်။
“ဟဲ့သား၊ ဖေဖေ ပင်ပန်းလာတယ်လေကွယ်။ နားပါစေ။ မေးခွန်းတွေ ထုတ်မနေစမ်းနဲ့”
“မေးစမ်းပါစေကွာ၊ ကလေးကို အဖေကမှ မရှင်းပြရင် ဘယ်သူရှင်းပြမလဲ။ မဟုတ်ဘူးလား ။”

0 ဦးမှတ်ချက်ရေးသွားတယ်။:

Post a Comment

သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။