တနေ့သောအခါ .. အလုပ်သင် ဆရာဝန်မလေးနှင့် သူ၏ သူငယ်ချင်းများသည် ဆေးရုံနှင့်ဝေးသော ကျေးလက်ဒေသ
သို့သွားရန် (၂) ပတ်ကြာမျှ ကျမ်းမာရေး ကွင်းဆင်းလေ့လာရန်သွား ရောက်ကြရသည် ။ ထိုဒေသတွင်နေထိုင်ကြသော
လူများသည် ကျမ်းမာရေး ဗဟုသုတနည်းပါး၍ ရိုးသားကြသည်။ လုပ်သင်ဆရာဝန်မလေး သည် လယ်ထဲတွင်
အလုပ်လုပ်ရင်း ခြေထောက်တွင် ဒဏ်ရာရ၍ အနာရင်းကာ ပြည်တည် နေသော လူနာအား စမ်းသပ်ပြီး ပဋိဇေ၀ဆေး
(Antibiotic) ဆေးသောက်၇န် လိုကြောင်း၊ ဆေးကို တနေ့ သုံးကြိမ်၊ (၈)နာရီခြား၊ အစားအစာ နှင့်ဝေးဝေး
သောက်ရမည် (၇) ရက်ဆက် တိုက်သောက်ရ မည်ဆိုသည်ကို သေချာစွာ ရှင်းပြပါသည်။ လူနာက
အလုပ်လုပ်ရမည် ဖြစ်သဖြင့် ဆေးသောက်ရန် အဆင်မပြေသည့် အကြာင်း၊
မမှတ်တတ်ကြောင်း၊ဆေးသောက်ရန်လည်း ပျင်းသည့်အကြောင်း ပြန်ပြောပါသည်။ ထိုအခါ အလုပ်သင်
ဆရာဝန်မလေး လူနာသေချာ နားမလည်ပုံပေါက်သဖြင့် ထပ်၍ မနက် (၈) နာရီ၊ နေ့ လည် (၂)နာရီ၊ ည(၁၀) နာ၇ီ
သောက်ရန်ပြော၍ ဆေး (၂၁) လုံးကိုပေးလိုက်ပါသည်။ နောက် (၂) ရက်အကြာတွင်ပြန်ပြ၇န်မှာလိုက်ပါသည်။
နောက် (၂) ရက်အကြာ - အလုပ်သင်ဆရာဝန်မလေး ကစိတ်မချ၍ ဆေးဘယ်နှလုံး ကျန်ပါသေးသလဲ
ဟုမေးလိုက်ရာ လူနာပြန်ပြော လိုက်သည်မှာ - အိမ်ရောက်တာနှင့်(ရ) ရက်သောက်ရမည့် အတူတူ
ဆေးအားလုံးတခါထဲ သောက်လိုက်သည်ဟူ၏။
0 ဦးမှတ်ချက်ရေးသွားတယ်။:
Post a Comment
သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။